-->
×

Warning

JUser: :_load: Unable to load user with ID: 29


Ads agency တွေမှာ ရင်ဆိုင်နေရတဲ့ Designer နဲ့ Client ကြားက အတွေးမျဉ်းပြိုင်ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ...?

Ads agency တွေမှာ ရင်ဆိုင်နေရတဲ့ Designer နဲ့ Client ကြားက အတွေးမျဉ်းပြိုင်ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ...? google.com

ကျနော်တို့ ကြော်ငြာလောက မှာ အမြဲကြုံနေကျပြဿနာလေးတစ်ခုရှိတယ်ဗျ။

 

အဲဒါဘာလဲဆိုတော့ ဒီဇိုင်နာတွေက ဒီဇိုင်းတွေထုတ်ပေးလိုက်ရင် တစ်ခါတည်းတန်းပြီးစားသုံးသူဆီကိုကြော်ငြာကြတာရှားတယ်။ဟိုဟာပြင်ဒီဟာပြင်လုပ်ပြီးမှ စားသုံးသူတွေဆီကြော်ငြာကရောက်တာများတယ်။ဆိုတော့ ဒီဇိုင်နာတွေကလည်း ငါ့ ဒီဇိုင်းကောင်းနေရက်နဲ့ ပြင်တယ် ၊ ပြင်လိုက်တဲ့ဟာကလည်း ငါဆွဲထားတာလောက်လည်းမလှပဲနဲ့ ဆိုပြီး အဲ့မှာ ပြဿနာကစတော့တာပဲ။အဲဒီပြဿနာက ကြော်ငြာလုပ်ငန်းပေါ်ပေါက်လာတဲ့ ၁၄၀၀ ပြည့်နှစ်ကျော်တည်းက အခုချိန်ထိဖြစ်နေတဲ့ Unstoppable war လို့တောင် ကျနော်ယုံကြည်မိပါတယ်။
ဒီပြဿနာကို အများဆုံးကြုံတွေ့နေရတာက အခုမှ ဒီဇိုင်နာစလုပ်မယ့်သူတွေရယ် creative teamwork ဆိုတာနဲ့မထိတွေ့မဆက်ဆံဘူးတဲ့ လုပ်ငန်းပိုင်ရှင်တွေပါပဲ။
ဘာကြောင့်ဖြစ်နေတာလည်းရယ် ဘယ်လိုညှိုနှိုင်းလို့ရမလဲလို့ ကျနော်ဆွေးနွေးကြည့်ဖူးတယ်ခင်ဗျ။ပြောရရင်တော့ ကျနော်တို့ လုပ်ကိုင်ကျင်လည်နေတဲ့ work nature, work flow မတူတာကနေစတာပါပဲ။ကျနော်တို့ တစ်မိဘတည်းကနေမွေးလာတဲ့သူတောင် အကြိုက်ချင်းတူကြတာမှမဟုတ်တာလို့ အရိုင်းဆန်ဆန်ဥပမာပေးလို့တော့မရဘူးပေါ့လေ။ဒါက စီးပွားရေးလုပ်နေကြတာကိုး....
ဆိုတော့ ကြော်ငြာဒီဇိုင်းတစ်ခုဖန်တီးပြီဆိုရင် Briefing ဆိုတဲ့အခန်းကဏ္ဍဟာအသက်သမျှ အရေးကြီးပါတယ်။ကျနော်အပေါ်မှာပြောခဲ့တဲ့ အခုမှ ဒီဇိုင်နာစလုပ်မယ့်သူတွေရယ် creative teamwork ဆိုတာနဲ့မထိတွေ့မဆက်ဆံဘူးတဲ့ လုပ်ငန်းပိုင်ရှင်တွေဟာ Brief ဆိုတာကိုနားမလည်ကြလို့ဒီပြဿနာတွေကြုံတွေ့နေရတာပါပဲ။
လာပါပြီ......
Brief
ဆိုတာဘာလဲ?
Brief
ဆိုတာ Clients နဲ့ Ads Agency ကြားမှာ
(1) objectives of an advertising campaign,
(2) identification of the targeted audience, 
(3) strategies to be adopted in reaching the audience, 
(4) the timeframe of the campaign, and 
(5) its total estimated cost.
ဆိုတဲ့ အချက်တွေပေါ်မူတည်ပြီး အေဂျင်စီက ဒီကြော်ငြာနဲ့ပတ်သတ်ပြီးဘာလုပ်ရမယ်လို့ အတိအကျ သဘောတူသတ်မှတ်ထားတဲ့ မှတ်တမ်း ၊ မှတ်ရာပါပဲ။အထက်ပါအချက်တွေဟာ Google ကနေကူးယူဖော်ပြထားတဲ့ Advertising Campaign Brief ပဲဖြစ်ပါတယ်။ဒီအချက်တွေဟာအကြမ်းဖျင်းအချက်တွေပဲဖြစ်ပြီး Campaign ပေါ် အေဂျင်စီပေါ် မူတည်ပြီး ထပ်ဖြည့်ရတာတွေလည်းရှိပါတယ်။အထက်ပါအချက်တွေဟာ အေဂျင်စီတစ်ခုလုံးမှာရှိတဲ့ Strategic Team, Account Team, Media Team, Creative Team စတဲ့အေဂျင်စီတစ်ခုလုံးမှာလည်ပတ်နေတဲ့သူအားလုံးနဲ့ဆိုင်တဲ့ Brief ပဲဖြစ်ပါတယ်။အဲဒကနေမှတစ်ဆင့် သက်ဆိုင်ရာ team တစ်ခုချင်းဆီကို သူတို့ ဘာလုပ်ရမလဲဆိုတာအသေးစိတ်သိရဖို့အတွက် သက်ဆိုင်ရာ Brief တွေထပ်မံပေးရပါတယ်။
အဲ.....အဲဒမှာမှ ခုနက ပြဿနာတက်နေပါတယ်ဆိုတဲ့ ဒီဇိုင်းပြင်တဲ့ပြဿနာကို ရှင်းပေးမယ့် Creative Brief ဆိုတဲ့ ဆရာကြီးပေါ်လာတာပါ။
Creative Brief
ဆိုတာ Creative Team တစ်ခုလုံးမှာပါဝင်တဲ့ ECD, CD, ACD, AD, Copywriter, Graphic Designer, Illustrator စတဲ့သူတွေ တစ်ယောက်ချင်း ဒီ Project နဲ့ပတ်သတ်ပြီး ဘာလုပ်ရမလဲဆိုတာကို ရှင်းပြထားတဲ့ မှတ်တမ်းတစ်ခုပါပဲ။ သူ့ဆီမှာလည်း အကြမ်းအားဖြင့်
(1) Describe your company
(2) Summarize the project
(3) Explain your objectives
(4) Define your target audience
(5) Outline the deliverables you need
(6) Identify your competition
(7) Include details on the tone, message, and style
(8) Provide the timing
(9) Specify your budget
(10) List the key stakeholders
ဆိုတဲ့ အခြေခံအချက်တွေပါဝင်ပြီး အေဂျင်စီပေါ်မူတည်ပြီး ကွဲပြားတဲ့ Creative Brief အချက်တွေရှိပါသေးတယ်။
ဆိုတော့ ကျနော်တို့ပြောလာတဲ့ ပြဿနာကို ပြန်ကောက်ရရင် အခုမှ ဒီဇိုင်နာစလုပ်မယ့်သူတွေရယ် creative teamwork ဆိုတာနဲ့မထိတွေ့မဆက်ဆံဘူးတဲ့ လုပ်ငန်းပိုင်ရှင်တွေဟာ ဒီအချက်တွေကို မသိပဲနဲ့ လုပ်ငန်းရှင်တွေကလည်း သူတို့ Imagination ဖြစ်တဲ့အတိုင်း ပြော....
လုပ်ရတဲ့ ဒီိဇိုင်နာကလည်း သူစိတ်ကူးနဲ့ လုပ်ငန်းရှင်ပြောတာနဲ့ကို အတတ်နိုင်ဆုံးတူအောင် ပေါင်းစပ်ပြီးဆွဲ..
ထွက်လာတာကျတော့လည်း လုပ်ငန်းရှင်ကမကြိုက်.. မကြိုက်တော့ပြင်ခိုင်း..ပြင်ခိုင်းတော့ ပိုက်ဆံထပ်တိုးတောင်း.... တောင်းတော့တစ်ယောက်နဲ့တစ်ယောက်စိတ်ခုကြ...အာာ.....အဲ့မှာပတ်ချာလည်ရိုက်ပြီး အဆင်မပြေတာတွေကြုံရတော့တာပဲ။
အဲ့တော့ ဒီပြဿနာတွေဟာ မလိုအပ်ပဲဖြစ်နေတာတော့မဟုတ်ပေမယ့် ဒီဇိုင်နာနဲ့လုပ်ငန်းရှင်တွေဟာ ကျနော်တို့ဟာ ဒီဇိုင်းတွေ ကြော်ငြာတွေကို ဘယ်သူ့အတွက် ဆွဲတာလည်းလို့မေ့နေတတ်ကြတာများတယ်။အဲ့အချက်လေးကြောင့်ပဲ ကျနော်တို့ပြဿနာတွေတက်နေကြရတာ။အပေါ်ယံရှပ်ကြည့်ရင်တော့ ဒီဇိုင်းတွေ ကြော်ငြာတွေဟာ ကုန်ပစ္စည်းအတွက် လုပ်ကြတယ်လို့ထင်ရပေမယ့် တစ်ကယ်တန်းကျတော့ အပေါ်ကအချက်တွေက တစ်ချက်ဖြစ်တဲ့ (4) Define your target audience ဆိုတဲ့အတိုင်း ကျနော်တို့ရဲ့ စားသုံးသူတွေအတွက်လုပ်နေကြခြင်းသာဖြစ်ပါတယ်။ဆိုတော့ ကျနော်တို့ ဒီဇိုင်းတွေဆွဲရင် ဒီဇိုင်နာစိတ်ကြိုက်ဆွဲရမှာလား ၊ လုပ်ငန်းရှင်စိတ်ကြိုက်ဆွဲရမှာလား ၊ စားသုံးသူစိတ်ကြိုက်ဆွဲရမှာလား?
အဖြေက စားသုံးသူစိတ်ကြိုက်ဆွဲရမှာပါ။ ဒီဇိုင်နာကလည်း သူ့အနုပညာ အတ္တနဲ့ယှဉ်ပြီး ဆွဲလို့မရသလို လုပ်ငန်းရှင်ကလည်း သူ့ဦးနှောက် နှလုံးသားတစ်ခုတည်းနဲ့လည်း ခံစား ပြောပြလို့မရပါဘူး။
ဒီဇိုင်းဆိုတာ တစ်နည်းအားဖြင့် Product နဲ့ Audience ကြားက သူတို့ ၂ ခုနားလည်အောင်လုပ်ပေးတဲ့ Problem Solution ဆိုလည်းမမှားပါဘူး။ဘယ်လိုကြာ်ငြာအမျိုးအစားပဲလုပ်လုပ် အဲ့အခြေခံအချက်ကို မမေ့စေပဲ ကိုယ့်ကုန်ပစ္စည်း စားသုံးသူတွေအားလုံးရဲ့ ဦးနှောက်နဲ့နှလုံးသား သူတို့ကျင်လည်နေထိုင်ရှင်သန်ရတဲ့ အကျင့် ပတ်ဝန်းကျင် အားလုံးကို နားလည်အောင်လုပ်ပြီး ကြော်ငြာတွေဖန်တီးမယ်ဆိုရင် တစ်ကယ်ကို အောင်မြင်တဲ့ အမိုက်စားကြောငြာတွေဖြစ်မယ်လို့ယုံကြည်မိပါတယ်။

လုပ်ငန်းရှင်တွေဟာ အလုပ်စအပ်ကတည်းက ကြော်ငြာရဲ့ goal တွေ target audience တွေ Branding Guidline တွေ ဖြစ်စေချင်တဲ့ပုံစံတွေကို အတိအကျ Briefing လုပ်ထားမယ်ဆိုရင် ကြော်ငြာသမား ၊ ဒီဇိုင်းသမားတွေရဲ့ ထွက်လာတဲ့ result ကလဲ သတ်မှတ်ထားတဲ့ goal ကို ၁၀၀% အပြည့်အ၀ မရောက်ရင်တော့ ၈၀% ကတော့ မလွဲပါဘူး။

ဒါကြောင့်မို့လို့ ကြော်ငြာတစ်ခုမစခင်မှာ လုပ်ငန်းရှင်တွေဘက်ကနေ ဘာဖြစ်ချင်တယ် ဘာဖြစ်ရမယ်ဆိုတာတွေကို Briefing သေသေချာချာလုပ်ဖို့လိုအပ်ပါတယ်။လုပ်ငန်းရှင်ဆီကနေမှ ရလာတဲ့ Brief ပေါ်ကနေပြီး Creative သမား Graphic Designer တွေ ဘာလုပ်ရမယ်ဆိုတဲ့ Creative Brief အတိအကျဆွဲထုတ်တတ်ဖို့က အရေးကြီးပါတယ်။

တစ်ချို့ အရမ်းကို အသေးစိတ်တဲ့ Creative Brife တွေမှာဆို Target Audience က ဘယ်အချိန်ဘာလုပ်တတ်တယ် ၊ သူ့ ရဲ့ စိတ်နေစိတ်ထားတွေက ဘယ်လိုဘယ်ပုံ ၊ သူဘယ်လိုတွေးတတ်တယ် ၊ ဘယ်လို ခံစားမှုမျိုးကိုကြိုက်တတ်တယ် ဆိုတဲ့ Audience Behavior and psychologic တွေပါ ပါပါတယ်။

Source: Advertising in myanmar

Read more:   အခြားသူများကို ကူညီခြင်းဖြင့် သင့်ဘဝကို အောင်မြင်နိုင်မည့် နည်းလမ်း (၅) ချက်

Read times
Rate this item
(0 votes)