-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိရဲ့ EQ ကိုဘယ်လိုအချက်တွေနဲ့ မြှင့်တင်မလဲ။

လူမှုရေး၊ နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေးကိစ္စများ နှင့် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက်ဆို ရင်တော့ Emotional Intelligence ရှိဖို့လိုအပ်ပါတယ်။

ဒါပေမယ့် အချို့ခေါင်းဆောင်တွေဟာ EQ ကိုသေချာနားမလည်ဘဲ ဆောင်ရွက်ဖို့ကြိုးစားကြပါသည်။ ပြီးတော့ EQ မြှင့်တင်ဖို့အတွက် အခြား လူတွေကို မေးခွန်းမေးခြင်းလို့ထင်ကြပါတယ်။

 

EQ ရဲ့အဓိပ္ပယ်မှာ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်နဲ့ ကိုယ့်ရဲ့ပေါင်းသင်ဆက်ဆံပုံ နဲ့ မိမိစိတ်ကို နားလည်ခြင်းလည်းပါဝင်ပါသည်။ EQ နဲ့ IQ ရဲ့ခြားနားချက်မှာ၊ IQ မှာ ဖန်တီးယူလိုမရပေမယ့်၊ ဘ၀အောင်မြင်ဖို့အတွက်ပိုမိုအရေးပါတဲ့ EQ ကတော့ မြှင့်တင်လို့ ရပါတယ်။ ဘယ်လို ဆောင်ရွက်မလဲဆိုတာကိုတော့ တစ်ချက်ချင်းဖော်ပြပေးသွားပါမယ်။

 

၁. နေ့စဉ် ဒိုင်ယာရီရေးပြီး၊ မိမိရဲ့အတွေးကို ဖော်ထုတ်ပါ။

နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် ဒိုင်ယာရီရေးခြင်းဟာ Psychology အရ မိမိကိုယ်ကို နားလည်နိုင်ပါသည်။ ကိုယ့်ကို ပိုမိုသတိကပ်လေ၊ ကိုယ်ဘယ်အခြေအနေမှာ ဘယ်လို တွေးပုံကိုနားလည်ပြီး၊ ကိုယ့် စိတ်ထားပြင်သင့်တဲ့နေရာကိုပြင်နိုင်ပါတယ်။

 

၂. ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို ချရေးပြီး၊ တိုးတက်မှုကို စောင့်ကြည့်ပါ။

ကိုယ့်ရည်ရွယ်ချက်ကိုချရေးပြီး၊ တိုးတက်မှုကို ပြန်လည်စောင့်ကြည့်တာဟာ တာဝန်ခံစိတ်ကို တိုးတက်ရုံသာမက၊ အခြားအချက်အလက်တွေကို ထောက်ပံ့ပေးပါတယ်။ ဒီအချက်အလက်တွေထဲမှာ ဘာကို တိမ်းညွှန်တယ်၊ အလုပ်အကိုင် ဆိုင်ရာအလေ့အကျင့်၊ motivation နဲ့အခြားအရာတွေကို ပါ သိနိုင်ပါတယ်။ ဒီတော့ကိုယ့်ကို စတင်လေ့လာကြည့်သင့်ပါတယ်။

 

၃. နည်းပညာအဝေးကို ခနနေပြီး၊ သဘာဝကို ခံစားကြည့်ပါ။

ဒီလိုလုပ်ခြင်းကလည်း EQ ကိုတိုးတက်စေပါတယ်။ ဒီလို နည်းပညာခေတ်ထဲမှာနေထိုင်ခြင်းဟာ၊ ကိုယ့်ကို တစ်ခါတစ်ရံ တစ်ဦးတည်းဖြစ်စေပြီး၊ ကိုယ့်ကိုယ် Self-awareness တက်စေဖို့ နည်းပညာတွေက ခနအနားပေးထားပါ။

 

၎. ကိုယ်ဘယ်လို လူတွေနဲ့ဘယ်လို ဆက်ဆံလည်းဆိုတာ သုံးသပ်ပြီး၊ ကိုယ့်အားသာချက်၊ အားနည်းချက်တွေကို ဖော်ထုတ်ပါ။

Meeting တွေပြီးတိုင်း၊ စကားပြောပြီးတိုင်း၊ မိမိအိပ်ရာမ၀င်ခင် ကိုယ်လူတွေကို ဘယ်လို ဆက်ဆံ လည်းဆိုတာကို ပြန်လည် Review လုပ်သင့်ပါတယ်။ ကိုယ့်ရဲ့ ဆက်ဆံပုံက လူတွေအပေါ်ဘယ်လို သက်ရောက်လဲ၊ ဘယ်အရာတွေက အဆင်ပြေသွားလဲ၊ နောက်တစ်ကြိမ် ကိုယ်ဘယ်လို ဆက်ဆံသင့် လဲ၊ ဆိုတာတွေကို Review လုပ်သင့်ပါတယ်။

 

၅. အသံ (သို့) ဗွီဒီယိုဖိုင် Record လုပ်ထားပြီး၊ ကိုယ်ဘယ်လို တင်ပြလဲ (present)ဆိုတာကို ပြန်လည်သုံးသပ်ပါ။

လူတော်တော်များများဟာ ကိုယ့်အသံနဲ့ ဗွီဒီယိုပြန်လည် မြင်ရတာကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ် ပြန်လည်ကြည့်ပြီး၊ ဘယ်လို Present လုပ်သင့်တယ်ဆိုတာကို ကြည့်ရူသင့်ပါတယ်။ အချို့လူတွေဟာ ကိုယ့်မျက်နှာအမူအရာ၊ အသံအနေအထားဟာ အတွေးနဲ့ထဲမှာ ပြောချင်နေတဲ့ အရာနဲ့ မတူညီဘဲဖြစ်နေတတ်ပါတယ်။

 Source: Inc

 

Read times
Rate this item
(5 votes)