-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဦးစွာ စုဆောင်းပါ

ဦးစွာ စုဆောင်းပါ google.com

ဒီလိုအဖြစ်မျိုး အားလုံးရဲ့ အိမ်မှာ ဖြစ်ဖူးပါသလား

ပန်းသီး၊ပေါင်မုန့်၊ကိတ်မုန့် နဲ့ အခြားစားစရာတွေကို စားပွဲပေါ်မှာ တင်ထားတယ်။ လူတွေကလည်း စားပွဲနားမှာ ထိုင်နေကြတယ်။

 

သိပ်မကြာခင်မှာ စားပွဲပေါ်မှာ တင်ထားတဲ့ဟာတွေ အကုန်ကုန်သွားလေရော။ ဒါဟာဘာဖြစ်လို့လဲ။ ဘယ်သူမှဗိုက် မဆာကြပေမယ့် သူတို့အားလုံး စားပစ်လိုက်ကြတယ်။

ပန်းသီး(သို့မဟုတ်)ကိတ်မုန့် ကစားပွဲပေါ်မှာ အလွယ်တကူ ယူစားဖို့ ရှိနေတာကိုး။

နောက်ထပ်အဖြစ်မျိုးကော ဖြစ်ဖူးလား                            

လစာငွေထုတ်လာတယ်။ သိပ်မကြာလိုက်ဘူး ပိုက်ဆံတွေ ပြောင်ပါလေရော။ တကယ်သုံးစရာ မလိုပေမယ့် မလိုအပ်တာတွေကော၊လိုအပ်တာတွေပါ ၀ယ်ဖို့ အကုန်သုံးမိလိုက်တယ်။

ဒါလည်း ဘာကြောင့်လည်းဆိုတော့ ကိုယ့်လက်ထဲမှာ အလွယ်ဝယ်ဖို့ ပိုက်ဆံရှိနေတာကိုး။

တကယ်လို့များ သင်ဟာကိတ်မုန့်ကို မနက်ဖြန်အတွက် ချန်ထားမယ်ဆိုရင် စားပွဲပေါ်မတင်ခင် ပထမဆုံး တချို့တ၀က် လှီးထားပြီး ဘယ်သူမှ လက်နဲ့မတို့နိုင်ခင် ရေခဲသေတ္တာထဲ ထားခဲ့မယ်ဆိုရင် နောက်နေ့အတွက် ပိုက်ဆံချွေတာ ရာရောက်မှာပါ။

အလားတူ ရရှိလာတဲ့ ပိုက်ဆံတွေကို အလွယ်တကူ သုံးမိအောင်မထားဘဲ စုဆောင်းတတ်လျှင် အခြားသင့်ကိုတိုးတက်ရန် ကုန်ကျမည့်နေရာများမှာ ရင်းနှီးမြှုပ်နှံနိုင်မှာပါ။  

ဒါဆိုဒီလို လွယ်ကူတဲ့ နည်းဗျူဟာလေးကို အမြဲတမ်းပြုလုပ်ပါ။

သင်ဝင်ငွေ နည်းနည်းပဲ ရတယ်လို့ ဆင်ခြေမပေးပါနဲ့။ ချွေတာစုဆောင်း သူဋ္ဌေးလောင်းပါ။ နည်းနည်းရရင် နည်းနည်းစစုပါ။ နောက်တော့များများ ဖြစ်လာလိမ့်မယ်

။ ကျွန်ုပ်တို့ လူတော်တော်များများ ပိုက်ဆံတွေ အများကြီးရှာနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ချို့သာ ပိုက်ဆံအများကြီး စုနိုင်တယ်။ “ပိုက်ဆံတွေ အများကြီးရတဲ့ အခါမှစုမယ်” လို့သင်ကပြောရင် စုဖြစ်ချင်မှ စုဖြစ်တော့မယ်။

ငွေစုဆောင်းတတ်တဲ့ အကျင့်ကို အခုပဲစတင်လိုက်ပါ။

“ချမ်းသာတဲ့ လူနဲ့ ဆင်းရဲတဲ့လူ ကွာခြားချက်က ဆင်းရဲတဲ့လူတွေက သုံးပြီးမှ ကျန်တာကို စုကြတယ်။ ချမ်းသာတဲ့ လူတွေက ဦးစွာ စုဆောင်းပြီးမှ သုံးကြတယ်။

သင်လည်း အမြန်ဆုံးသူဋ္ဌေး တစ်ယောက်ဖြစ်လာအောင် ထိုနည်းလမ်းလေးကို ကျင့်သုံးလိုက်ပါနော်။

Read-အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ပါသလား။

Source; Thutazone

Read times
Rate this item
(4 votes)