-->
×

Warning

JUser: :_load: Unable to load user with ID: 29


တည်နေရာပေါ်မူတည်ပြီး ကြော်ငြာနည်း

တည်နေရာပေါ်မူတည်ပြီး ကြော်ငြာနည်း google.com

Location targeting ဆိုတာကတော့ သင့်ရဲ့ ကြော်ငြာတွေကို တည်နေရာအလိုက် target ထားပြီးကြော်ငြာ ဖို့ဖြစ်ပါတယ်။Location targeting မှာပါတဲ့ ရွေးချယ်စရာတွေနဲ့သူတို့ကို ဘယ်လိုအသုံးချရမလဲဆိုတာ ဖော်ပြပေးသွားမှာပါ။

သင်ဟာ တကယ်လို့ sales objective ကိုရွေးချယ်ထားတယ်ဆိုရင် ad set ဖန်တီးမှုရဲ့ section တစ်ခုဖြစ်တဲ့ audience section ထဲက Show Advanced Options ကိုနှိပ်လိုက်မှသာ တည်နေရာကို အတည်ပြုလို့ရမှာပါ။ Store visits objective ကို သုံးတယ်ဆိုရင်တော့ သင့်ရဲ့ ဆိုင်တွေ လုပ်ငန်းတွေရဲ့ အနီးတဝိုက်မှာရှိတဲ့ သူတွေကို target ထားသင့်ပါတယ်။ ဒါကို Business Locations targeting လို့ခေါ်ပါတယ်

Audience ကို စစ်ထုတ်ခြင်း

ပထမဦးဆုံး လုပ်သင့်တာကတော့ သင့်ရဲ့လုပ်ငန်းကို ဘယ်သူတွေစိတ်အဝင်စားဆုံးဖြစ်မလဲ ဆိုတာပေါ် မူတည်ပြီး audience တွေကို စစ်ထုတ်ဖို့ပါ။ target ထားမယ့် location မှာရှိတဲ့audience အမျိုးအစား တွေကတော့-

အဲဒီနေရာမှာ ရှိသမျှလူအားလုံး

ဒီoptionကိုသုံးရင် သက်ဆိုင်ရာတည်နေရာက လူအားလုံးကို ဖိတ်ခေါ်တာနဲ့ အတူတူပါပဲ။ ဒီအထဲမှာကတော့ profile မှာ current city ထည့်ထားသူတွေနဲ့အတူ connection နဲ့ location ပေါ်မူတည်ပြီး ဒီနေရာမှာပဲ နေမယ်လို့ ဆုံးဖြတ်ထားသူတွေ ပါဝင်ပါတယ်။ဒီoptionကိုအကြီးစား အရောင်းအဝယ်ပွဲတွေအကြောင်း ကြော်ငြာချိန်မှာ အသုံးပြုတတ်ကြပါတယ်။

ဒီနေရာမှာ နေထိုင်သူအားလုံး

ဒီ option ကတော့ သင်ရွေးချယ်လိုက်တဲ့ နေရာမှာ နေထိုင်သူ ဒေသခံတွေသာ target ထားတာပါ။ ဥပမာ သင့်အနေနဲ့ နယ်ခံဆေးရုံ၊ gym စသဖြင့် ကြော်ငြာချင်တဲ့အခါမျိုးမှာပေါ့။

မကြာခင်က ဒီနေရာမှာ ရှိခဲ့သူများ

ဒီ option မှာဆိုရင် စုဆောင်းရရှိတဲ့ အချက်အလက်တွေပေါ်မှာမူတည်ပြီးတော့ ဒေသခံဖြစ်ဖြစ် ခရီးသွားဖြစ်ဖြစ် ဒီနေရာမှာ မကြာခင်ကမှရှိခဲ့ဖူးသူတွေကို target ထားပြီး ကြော်ငြာတာ ဖြစ်ပါတယ်။ ဒီ option ကိုတော့ အချိန်သိပ်မခံတဲ့ကုန်ပစ္စည်းတွေကြော်ငြာချိန်မှာ သုံးတတ်ကြပါတယ်။

ဒီ နေရာဒေသတွင်းမှာ ခရီးသွားနေတတ်သူများ

စုဆောင်းရရှိတဲ့ အချက်အလက်တွေနဲ့ device information တွေအရ မိမိရဲ့ အိမ်နဲ့ 125 မိုင်ထက်ကျော်ပြီး ဝေးနေတဲ့သူတွေကို target ထား ကြော်ငြာတာမျိုးပါ။ ဥပမာ ခရီးသွားတွေအတွက် ကားအငှားဝန်ဆောင်မှုကြော်ငြာတဲ့အခါမျိုးမှာပေါ့။
Location ရွေးချယ်ခြင်း

Type to add more locations ဆိုတဲ့နေရာမှာ ကြိုက်နှစ်သက်ရာ နေရာကို ရိုက်ထည့်ပေးပါ။ ထည့်သွင်းလို့ရမယ့် တည်နေရာအမျိုးအစားတွေကတော့ -နိုင်ငံ ( စာလုံးရေ 25 လုံးအထိသာ) ၊ပြည်ထောင်စု ပြည်နယ် မြို့တော်များ ( စာလုံးရေ 250 အထိသာ) ၊တိုင်းဒေသများ zip code ဒါမှမဟုတ် postal code။ 

သင် target ထားမယ့် မြို့တော်တွေအကြောင်းကို အတိအကျသိစရာမလိုဘဲ system ကနေ လူနေထူထပ်တဲ့နေရာတွေကို ရှာဖွေပေးသွားမှာပါ။Object အများစုကတော့ သင့်ကို တကမ္ဘာလုံး ဒါမှမဟုတ် အာရှတိုက်တစ်တိုက်လုံး စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် target ထားလို့ရအောင် ကူညီပေးပါတယ်။

ဒါ့အပြင် သင်ဟာ မြေပုံပေါ်က မြို့တစ်မြို့ အမှတ်တစ်မှတ် သတ်မှတ်ထားပြီး ဒီအမှတ်ရဲ့ ဝန်းကျင် ပတ်ပတ်လည်က လူတွေကို target ထားလို့ရပါတယ်။ ဒီနည်းကိုတော့ Radius targeting လို့ခေါ်ပါတယ်။
Radius Targeting

နေရာတစ်ခု ( city/town) ကို target ထားတဲ့အချိန်မှာ သူ့ရဲ့ target ထားနိုင်စွမ်း စက်ကွင်းကိုပါ ကျွန်တော်တို့ တွေ့မြင်ရမှာပါ။ ဒါက ကျွန်တော်တို့ သတ်မှတ်ထားတဲ့နေရာကနေ ဘယ်လောက်ဝေးဝေးထိ target ထားပြီး ကြော်ငြာနိုင်သလဲဆိုတာကို ဖော်ညွှန်းနေတာပါ။ ဒီလို map မှာ သူ့အလိုလို ပေါ်လာတဲ့ စက်ကွင်းကို အတိုးအလျော့လည်း ပြန်လုပ်လို့ရပါတယ်။

ဒီလိုမျိုး Radius Targeting နဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကတော့-

စက်ကွင်းရဲ့ အကြီးဆုံးနဲ့ အငယ်ဆုံး အရွယ်အစားဟာ တည်နေရာပေါ်မူတည်ပြီး ပြောင်းလဲပါတယ်။စက်ကွင်း ထဲမှာ ပါသမျှ ဘယ်နေရာကိုမဆို target ထားလို့ရပါတယ်။ဒါပေမယ့် မြို့တော်တွေအတွက် ဆိုရင်တော့ မြို့တော်ရဲ့ ဗဟိုချက်ဟာ စက်ကွင်းထဲမှာပါနေမှသာ အဲဒီမြို့ကိုtargetထားလို့ရမှာပါ။သင်ဟာနယ်စပ်တစ် နေရာမှာ target ထားမိလို့ တခြားနိုင်ငံဘက်ကပါ စက်ကွင်းထဲပါနေရင် ဒါက အမြင်အရပဲ ဆိုတာသိထားပါ။ တကယ် target ထားလို့ရမှာက နိုင်ငံတစ်နိုင်ငံတည်းကိုပါ။နောက်ထပ်နိုင်ငံတွေကိုပါ target ထားချင်ရင် သပ်သပ်စီခွဲထားရပါမယ်။Radius targeting ကို ZIP or Postal codes, ပြည်နယ်တွေ, တိုင်းဒေသကြီးတွေနဲ့ နိုင်ငံတွေအလိုက် target ထားလို့မရပါဘူး။ ဒီလို targetထားမိရင် အဲဒီဧရိယာတဝိုက်မှာ ဗဟုဂံပုံစံမျိုးမြင်ရပါ လိမ့်မယ်။မြို့တစ်မြို့ကို ရွေးချယ်ရင်အဲဒီမြို့တစ်ခုလုံးကို targetထားပြီးဖြစ်ပေမယ်ဗဟုဂံပုံစံမျိုးမြင်ရမှာ မဟုတ်ပါဘူး။

Business Locations Targeting

သင့်ရဲ့ လုပ်ငန်း / ကုမ္ပဏီ အနီးတဝိုက်ကသူတွေကို target ထားချင်ရင် business locations targeting ကိုသုံးပါ။ ဒီနည်းလမ်းမှာ store vistis objective မှာသာ သုံးလို့ရပါမယ်။ဒီနည်းလမ်းကို စတင်သုံးတော့ မယ်ဆိုရင် +select location ကိုရွေးပါ။ ပြီးရင်တော့

(1) Target ထားမယ့် နိုင်ငံကို ရွေးပါ။ တစ်နိုင်ငံမှာ ad set တစ်ခုတည်းကိုသာ သုံးလို့ရပါမယ်။
(2) သင် target ထားချင်တဲ့ business location ကို "Your Locations" မှာ ရွေးပေးပါ။ Target ထားစရာနေရာတွေ အရမ်းများနေရင် store numbers/zip codes စတာတွေကို copy/paste လုပ်လို့ရမယ့် Bulk-add ကို ရွေးပေးပါ။
(3) Radius size ကနေတဆင့် Automatic Radius ကိုသုံးရင် radius တစ်ခုကို အလိုအလျှောက် ဖန်တီးပေးပြီး Distance ကနေတော့ size ကို ကိုယ်တိုင် ချိန်ညှိလို့ရမှာပါ။
(4) ဒါတွေအားလုံးပြီးသွားရင် save ကိုနှိပ်ပါ။

Read-ကြော်ငြာခြင်း (Advertising)


Credit; Myanmar Online Entrepreneur-MOE


Read times
Rate this item
(1 Vote)