-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရာအားလုံးကို ဆုံးရှုံးသွားပြီလား၊ သေချာတာတော့ဒါဟာ အဆုံးသတ်မဟုတ်သေးတာပါ

အရာအားလုံးကို ဆုံးရှုံးသွားပြီလား၊ သေချာတာတော့ဒါဟာ အဆုံးသတ်မဟုတ်သေးတာပါ google.com

ဆုံးရှုံးခြင်း၊ ကျဆုံးခြင်း၊ ပျောက်ဆုံးခြင်း ဒီစကားလုံးတွေဟာ ခံစားရတဲ့သူအတွက်ရော၊ ကြားရတဲ့သူတွေ အတွက်ပါ နှစ်မြို့ဖွယ်မကောင်းတာတော့ အမှန်ပါ။ ဒါတွေဟာ လူသားအားလုံးအတွက်မဖိတ်ခေါ်ဘဲ ရောက်ရှိ လာမယ့် ဧည့်သည်တွေပါ။

အိမ်ရှင်လို သဘောမထားမိဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုသဘောထားမိပြီ ဆိုရင်တော့ သင်အရှုံးဝဲဂယက်ထဲမှာ နစ်မြုပ်သွားတော့မှာပါ။

တစ်ခါတစ်ရံသင်နေထိုင်ရတဲ့ဘ၀ကြီးဟာ ခက်ခဲပင်ပန်းလွန်းတာမို့စိတ်ဓါတ်ခွန်အားတွေ ယုတ်လျော့သွားတာ တွေကို ခံစားရမှာပါ။

ဘ၀မှာအောင်မြင်နိုင်ဖို့ဆို တံခါးချပ်ပေါင်းများစွာကို သင်ကြိုးစားမှုဆိုတဲ့ သော့နဲ့ဖွင့်ပြီးလျှောက်လှမ်းရမှာပါ။ တံခါးတစ်ချပ်မပွင့်တိုင်း သင်စိတ်ဓါတ်ကျအားငယ်နေစရာမလိုပါဘူး။ သင်နဲ့ကိုက်ညီတဲ့ တံခါးကိုရှာမတွေ့ သေးတာလည်း ဖြစ်နိုင်ပါတယ်။ ရှင်သန်နေပေမဲ့စိတ်တိုင်းကျ ရွေ့လျားမှုမပြုလုပ်နိုင်တဲ့သစ်ပင် မဟုတ်တဲ့အတွက် သင့်ရဲ့အနာဂါတ်၊ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ သင်ဖွင့်ချင်တဲ့ တံခါးပေါက်တွေကို စမ်းသပ်ဖွင့်နိုင်တဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့လူသားတွေပါ။

မုန်တိုင်းပြီးရင် လေပြေလာတယ်ဆိုတဲ့အတိုင်း သင့်ဘ၀မှာအဆိုးတွေဖြစ်ပျက်လာတယ်ဆိုတာလည်း အကောင်းတွေကို ရရှိပိုင်ဆိုင်ဖို့ပါ။ ဒီလိုလောဂဓံတွေကို ကြံကြံခံနိုင်ဖို့ရင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကို (၃)နှစ်သားခလေးငယ် တစ်ယောက်ကဲ့သို့ ပြန်လည်ရှင်သန်နိုးထနိုင်အောင် ကြိုးစားပါ။ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေကို မပျောက်ဆုံးစေပါနဲ့။

တစ်ခါတစ်ရံသင်လက်ရှိဘ၀မှာ မနေထိုင်ဘဲ သင့်အတွေးတွေကို အလွန်ဖြန့်ကျက်ထားခြင်းဟာ သင့်ကိုပိုမို ရှုပ်ထွေးစေပြီး ကျဆုံးစေတာပါ။

အရမ်းမွန်းကျပ်ပြီး ကိုယ့်အတွက်ခံစားရတာတွေများလာတဲ့အခါ ကြိတ်မှတ်မခံစားပါနဲ့။ သင့်ရဲ့စိတ်ကို ထွက်ပေါက်ပေးလိုက်ပါ။ ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ စိတ်လွတ်လက်လွတ် ခရီးထွက်လိုက်ပါ။ ဒါမှအနာတရဖြစ်နေတဲ့ သင့်ရဲ့စိတ်တွေပြန်ကောင်းလာနိုင်ပြီး ရှေ့ဆက်လျှောက်ဖို့ ခွန်အားတွေရလာမှာပါ။

အကယ်၍သင့်ဘ၀မှာ အရာအားလုံးကို ဆုံးရှုံးခဲ့မယ်ဆိုရင်တောင် မျှော်လင့်ချက်ဆိုတဲ့ ရောင်ခြည်လေး တစ်ခုကျန်နေသေးတယ်ဆိုရင် သင့်ဘ၀ရဲ့ အဆုံးသတ်ဆိုတဲ့နေရာကို ရောက်ရှိလာမှာ မဟုတ်ပါဘူး။

Read-သင်ပိုင်ဆိုင်ထားတဲ့ ဆောင်ပုဒ်တွေက သင့်ကိုအောင်မြင်ခြင်းလှေကားထစ်တွေထံသို့ တွန်းပို့နေခြင်း

Source; Powerofpositivity

Read times
Rate this item
(1 Vote)