-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြောက်ရွံ့စိတ်ကို ဘယ်လိုဖယ်ထုတ်မလဲ

ကြောက်ရွံ့စိတ်ကို ဘယ်လိုဖယ်ထုတ်မလဲ google.com

ကြောက်ရွံ့ခြင်းကို အဓိပ္ပာယ်ဖွင့်မယ်ဆိုလျှင် နှစ်မျိုးပဲရှိပါတယ်။ ကြောက်ရွံခြင်းတွေကို သင်လက်ခံမလား၊ ဒီကြောက်ရွံ့ခြင်းတွေကို ရင်ဆိုင်ပြီး သင့်ကိုယ်သင်မြှင့်တင်မလား။ ဒါကတော့ သင့်ရွေးချယ်မှုပေါ်မှာ မူတည်ပါတယ်။

ကြောက်ရွံ့ခြင်းကို အမျိုးအစားခွဲကြည့်မယ်ဆိုလျှင် အများကြီးရှိပါတယ်။ တစ်ချို့ အမှောင်ကို ကြောက်ကြပါတယ်။ တစ်ချို့တွေကြတော့လည်း မြွေလိုသတ္တ၀ါမျိုးတွေကို ကြောက်ကြပြန်ရော။

ကြောက်ရွံ့ခြင်းဟာ သတ္တိရှိပြီး ခွန်အားဗလကြီးတာနဲ့တော့ တိုက်ရိုက်သက်ဆိုင်မှုမရှိပါ။ ဆင်လောက်အားရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ပိုးဟတ်လောက်သေးသေးလေး အကောင်လေးတွေကို ကြောက်ရွံ့ သူတွေ အများကြီးပါ။ ဒီလိုဖြစ်ပေါ်လာခြင်းဟာ သင့်ရဲ့အတွေးနဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတာပါ။ ဒီလို ကြောက်ရွံ့ခြင်းတွေက သင့်ကိုပြဿနာကြီးကြီးမားမားတော့ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။

သို့သော် ဒီလိုအကြောက်တရားတွေ အများကြီးထဲကမှ သင့်လုပ်ငန်းခွင်ကို ကြောက်လန့်တာတွေ ဖြစ်နေပြီဆိုလျှင် သင့်ရဲ့တိုးတက်နိုင်တဲ့စွမ်းရည်ကို များစွာထိခိုက်နိုင်ပါတယ်။

ဒီလိုဖြစ်နေတာတွေကို သင်ဘယ်လိုဖယ်ထုတ်မလဲ။ နည်းလမ်းကောင်းတွေကို ဖော်ပြပေးထားပါတယ်။

♦သင်ကြောက်နေတဲ့ အရာကိုဖော်ထုတ်ပါ။

သူဋ္ဌေးခိုင်းထားတဲ့ ကိစ္စတစ်ခုကို မလုပ်နိုင်သောကြောင့် စိတ်ထဲမှာအကြောက်တရားတွေ ကိန်းအောင်း နေတာလား။ ခိုင်းထားတဲ့ကိစ္စတစ်ခုကို လုပ်နိုင်ဖို့သင့်မှာ လိုအပ်တဲ့အရည်အချင်းတွေ ပြည့်စုံမှု မရှိတာ ကြောင့်လား။ ကိုယ့်ကိုယ်သေချာပြန်လည်ဆန်းစစ်အဖြေထုတ်ပါ။ ကိုယ်မလုပ်နိုင်လျှင် မလုပ်နိုင်ဘူးလို့ ပြောပါ။ ကိုယ့်စိတ်ကိုမညာပါနဲ့။ လေ့လာပါ၊ သင်ယူပါ။ သင့်မှာ လိုအပ်တဲ့အရည်အချင်း၊အတွေ့အကြုံတွေ ပြည့်စုံလာလျှင် ကြောက်ရွံ့ခြင်းတွေပျောက်ကွယ်သွားမှာပါ။

Read-အရာအားလုံးကို ဆုံးရှုံးသွားပြီလား၊ သေချာတာတော့ဒါဟာ အဆုံးသတ်မဟုတ်သေးတာပါ

♦အဆိုးမြင်တဲ့ အတွေးတွေကို ရပ်တန့်လိုက်ပါ။

ကိစ္စတစ်ခုကို အမြဲအနုတ်လက္ခဏာဘက်ကနေတွေးတောပြီး ကိုယ့်ကိုယ်ကို ကြောက်စိတ်တွေဖြစ်အောင် ပြုလုပ်နေမိပြီလား။ ဒီဆန့်ကျင်ဘက်အတွေးတွေနဲ့ လိုတာထက်ပိုတဲ့ စိုးရိမ်ပူပန်စိတ်တွေက သင့်ရဲ့ ဖန်တီးနိုင်စွမ်း၊ ရဲရင့်မှုတွေကို သတ်ပစ်နေတာပါ။

♦အကြံဥာဏ်တွေရယူပါ။

လုပ်ငန်းခွင်မှာရှိတဲ့ ကိစ္စအားလုံးကို သင်ကျွမ်းကျင်ချင်မှ ကျွမ်းကျင်မှာပါ။ ကိုယ့်ထက် နားလည်တတ်ကျွမ်း တဲ့သူတွေထံမှ အကြုံဥာဏ်တွေရယူပါ။ တစ်ယောက်တည်းအထီးကျန်စွာ ကျိတ်ပြီးအဖြေမရှာနဲ့။

♦ပုံမှန်အတိုင်းပဲပြုမူနေထိုင်ပါ။

ကိုယ်သွားနေရတဲ့ လုပ်ငန်းခွင်တစ်ခုမှာပျော်ရွှင်နေမှ စိတ်ဖိဆီးမှုတွေလျော့နည်းပြီး အလုပ်ကို ကောင်းမွန်စွာ လုပ်နိုင်မှာပါ။ ဆန့်ကျင်ဘက်အနေအထားတစ်ခုအနေနဲ့ မိုးလင်းကတည်းက အလုပ်သွားဖို့ သင့်စိတ်ထဲမှာ ကြောက်စိတ်တွေ၊ ဖိအားတွေ မဖြစ်ပါနဲ့။ ကိုယ်ရဲ့ပုံစံအတိုင်းပဲ ပြုမူလှုပ်ရှားပါ။ စိတ်ကိုအရမ်း မချုပ်တည်း ထားပါနဲ့။ သူတစ်ပါးကို ထိခိုက်စေမည့် အပြုအမူတွေကိုတော့ မပြုလုပ်မိပါစေနဲ့။

Source; youngisthan.in

Read times
Rate this item
(3 votes)