-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရွံဳးရဲ႕အျခားတစ္ဖက္

အရွံဳးရဲ႕အျခားတစ္ဖက္ google.com

လူရယ္လို႔ျဖစ္လာရင္ စိတ္ခံစားမွဳေပါင္းမ်ားစြာကို ေတြ႔ႀကံဳခံစားၾကရမွာပါ။ ေပ်ာ္ရႊင္မယ္၊ ၀မ္းနည္းမယ္၊ အံႀသမယ္၊ နာက်ည္းမယ္၊ အသဲကြဲမယ္၊ ေအာင္ျမင္မယ္၊ က်ရွံဳးမယ္၊ စြန္႔လႊတ္ရမယ္ စသျဖင့္ ေရာင္စံု ခံစားခ်က္ေပါင္းမ်ားစြာေပါ႔………….

က်ြန္ေတာ္တို႔လူသားေတြဟာ ကိုယ္လိုခ်င္တဲ႔အရာတစ္ခုကို ရရွိပိုင္ဆုိင္ရင္၀မ္းသာမယ္၊ စြန့္လႊတ္ရတဲ႔အခ်ိန္ေရာက္လာရင္ ၀မ္းနည္းေၾကကြဲမယ္။

ခံစားခ်က္ေပါင္းမ်ားစြာကို သင္ခံစားႏိုင္တယ္၊ ခံစားခြင့္လည္းရွိတယ္။

က်ရွံဳးျခင္း၊ အသဲကြဲျခင္း၊ စြန္႔လႊတ္ရျခင္း ဒါေတြကေတာ့ သင့္ကိုျပင္းထန္စြာတုိက္ခိုက္ႏုိင္တဲ႔ ခံစားခ်က္ေတြပါ။ ဒီလုိေတြခံစားရၿပီဆုိရင္ လူအမ်ားစုကေတာ့ ဒီလိုအပ်က္သေဘာေဆာင္တဲ့ခံစားခ်က္ေတြကို ခိုလွံဳခြင့္ ေပးထား လုိက္ၾကတယ္။

“ဒီအရွံဳးကငါ့အတြက္ အဆိုး၀ါးဆံုးပဲ ငါေရွ႔ဆက္မသြားခ်င္ေတာ့ဘူး”

“သူ႔ကိုမွမရရင္ ငါ့ဘ၀ကအဓိပၸာယ္မရွိေတာ့ဘူး ျဖစ္ခ်င္ရာျဖစ္ေနလိုက္ေတာ့မယ္” ဆိုတဲ႔ ေျပာဆိုသံေတြကိုနားနဲ႔မဆံ့ေအာင္ ၾကားဖူးၾကမွာပါ။ ဒီလိုေတြေျပာၾကေပမယ့္လည္း က်ြန္တာ္တို႔အားလံုး အသက္ရွင္ေနၾကေသးတာပဲ။ အသက္ရွင္ေနႏုိင္ျခင္းက သင့္ကိုႀကိဳးစားခြင့္ေပးေနျခင္းပါ။

အဆိုး၀ါးဆံုးအခ်ိန္မ်ားကုိေက်ာ္ျဖတ္ၿပီးမွသာလွ်င္ အေကာင္းဆံုးအခ်ိန္ဆိုတာေရာက္လာမွာပါ။ဒီအခ်ိန္ေတြကို ႀကံ႕ႀကံ႕ခံႏိုင္ဖို႔ပဲလုိပါတယ္။

အဓိက ကေတာ့ကုိယ္ကဘာလုိခ်င္လဲ၊ ဘာျဖစ္ခ်င္လဲဆိုတာေတာ့သိဖို႔လုိပါမယ္။ ကိုယ္တက္လွမ္းခ်င္တဲ့ ေနရာတစ္ခုေရာက္ေအာင္ အာရံုစူးစိုက္လုိက္ပါ။ ပတ္၀န္းက်င္က ေ၀ဖန္ေျပာဆုိသံေတြကို လည္းဂရုတစိုက္ နားေထာင္မေနပါနဲ႔။ အမွန္ကန္ဆံုးျဖစ္ေအာင္ ေနထိုင္ႀကိဳးစားလုိက္ပါ။

ဘယ္သူတစ္ဦးတစ္ေယာက္ကမွ သင့္ကိုေျပာင္းလဲေပးမွာမဟုတ္ပါဘူး။ သင္ကိုယ္တိုင္ပဲေျပာင္းလဲရမွာပါ။

အခ်ိဳ႔ေသာကိစၥရပ္ေတြကို ရင္ဆုိင္ေက်ာ္လႊားႏုိင္ဖို႔ဆို အခ်ိန္တစ္ခုေတာ့လုိပါလိမ့္မယ္။ အခ်ိန္ကကုစားမွ အေကာင္းဆံုးျဖစ္လာမယ့္ အေျခအေနေတြလညး္ရွိေနတယ္ေလ။ အခ်ိန္တစ္ခုေလာက္မေပး ဘဲနဲ့ ကိုယ့္ကိုယ္ႏွိပ္စက္ေနတဲ့နည္းလမ္းေတြကိုေတာ့ မသံုးပါနဲ႔။

Yesterday Yesterday Yesterday တိုင္းမွာပဲေနထိုင္ေနမယ္ဆိုရင္ သင့္အတြက္ လွပတဲ့မနက္ျဖန္ဆိုတာကို ရရွိပုိင္ဆုိင္ႏိုင္မွာမဟုတ္ပါဘူး။

သင့္ရဲ႕အၿပံုးေတြနဲ့ ကမၻာႀကီးရဲ႔စိန္ေခၚမွဳေတြကို ရင္ဆုိင္လုိက္ပါ။ သို႔ေသာ္ ကမၻာႀကီးရဲ့စိန္ေခၚမွဳေတြေၾကာင့္ေတာ့ သင့္အၿပံဳးေတြ မေပ်ာက္ဆံုးပါေစနဲ႔။

Myat

Unicode Version

လူရယ်လို့ဖြစ်လာရင် စိတ်ခံစားမှုပေါင်းများစွာကို တွေ့ကြုံခံစားကြရမှာပါ။ ပျော်ရွှင်မယ်၊ ၀မ်းနည်းမယ်၊ အံသြမယ်၊ နာကျည်းမယ်၊ အသဲကွဲမယ်၊ အောင်မြင်မယ်၊ ကျရှံုးမယ်၊ စွန့်လွှတ်ရမယ် စသဖြင့် ရောင်စုံ ခံစားချက်ပေါင်းများစွာပေါ့………….

ကျွန်တော်တို့လူသားတွေဟာ ကိုယ်လိုချင်တဲ့အရာတစ်ခုကို ရရှိပိုင်ဆိုင်ရင်ဝမ်းသာမယ်၊ စွန့်လွှတ်ရတဲ့အချိန်ရောက်လာရင် ၀မ်းနည်းကြေကွဲမယ်။

ခံစားချက်ပေါင်းများစွာကို သင်ခံစားနိုင်တယ်၊ ခံစားခွင့်လည်းရှိတယ်။

ကျရှံုးခြင်း၊ အသဲကွဲခြင်း၊ စွန့်လွှတ်ရခြင်း ဒါတွေကတော့ သင့်ကိုပြင်းထန်စွာတိုက်ခိုက်နိုင်တဲ့ ခံစားချက်တွေပါ။ ဒီလိုတွေခံစားရပြီဆိုရင် လူအများစုကတော့ ဒီလိုအပျက်သဘောဆောင်တဲ့ခံစားချက်တွေကို ခိုလှံုခွင့် ပေးထား လိုက်ကြတယ်။

“ဒီအရှံုးကငါ့အတွက် အဆိုးဝါးဆုံးပဲ ငါရှေ့ဆက်မသွားချင်တော့ဘူး”

“သူ့ကိုမှမရရင် ငါ့ဘဝကအဓိပ္ပာယ်မရှိတော့ဘူး ဖြစ်ချင်ရာဖြစ်နေလိုက်တော့မယ်” ဆိုတဲ့ ပြောဆိုသံတွေကိုနားနဲ့မဆံ့အောင် ကြားဖူးကြမှာပါ။ ဒီလိုတွေပြောကြပေမယ့်လည်း ကျွန်တာ်တို့အားလုံး အသက်ရှင်နေကြသေးတာပဲ။ အသက်ရှင်နေနိုင်ခြင်းက သင့်ကိုကြိုးစားခွင့်ပေးနေခြင်းပါ။

အဆိုးဝါးဆုံးအချိန်များကိုကျော်ဖြတ်ပြီးမှသာလျှင် အကောင်းဆုံးအချိန်ဆိုတာရောက်လာမှာပါ။ဒီအချိန်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ပဲလိုပါတယ်။

အဓိက ကတော့ကိုယ်ကဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတာတော့သိဖို့လိုပါမယ်။ ကိုယ်တက်လှမ်းချင်တဲ့ နေရာတစ်ခုရောက်အောင် အာရုံစူးစိုက်လိုက်ပါ။ ပတ်ဝန်းကျင်က ဝေဖန်ပြောဆိုသံတွေကို လည်းဂရုတစိုက် နားထောင်မနေပါနဲ့။ အမှန်ကန်ဆုံးဖြစ်အောင် နေထိုင်ကြိုးစားလိုက်ပါ။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ကိုပြောင်းလဲပေးမှာမဟုတ်ပါဘူး။ သင်ကိုယ်တိုင်ပဲပြောင်းလဲရမှာပါ။

အချို့သောကိစ္စရပ်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ဆို အချိန်တစ်ခုတော့လိုပါလိမ့်မယ်။ အချိန်ကကုစားမှ အကောင်းဆုံးဖြစ်လာမယ့် အခြေအနေတွေလညး်ရှိနေတယ်လေ။ အချိန်တစ်ခုလောက်မပေး ဘဲနဲ့ ကိုယ့်ကိုယ်နှိပ်စက်နေတဲ့နည်းလမ်းတွေကိုတော့ မသုံးပါနဲ့။

Yesterday Yesterday Yesterday တိုင်းမှာပဲနေထိုင်နေမယ်ဆိုရင် သင့်အတွက် လှပတဲ့မနက်ဖြန်ဆိုတာကို ရရှိပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

သင့်ရဲ့အပြံုးတွေနဲ့ ကမ္ဘာကြီးရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုက်ပါ။ သို့သော် ကမ္ဘာကြီးရဲ့စိန်ခေါ်မှုတွေကြောင့်တော့ သင့်အပြံုးတွေ မပျောက်ဆုံးပါစေနဲ့။

Read times
Rate this item
(1 Vote)