-->
×

Warning

JUser: :_load: Unable to load user with ID: 29


အေရးပါေသာသူျဖစ္လုိလွ်င္

အေရးပါေသာသူျဖစ္လုိလွ်င္ google.com

လူတိုင္းကကိုယ္႔ကုိ လူေတြဂရုစိုက္တာ ခံခ်င္ၾကပါတယ္။

ကိုယ့္ကို ဂရုစိုက္တာ၊စိတ္၀င္စားတာ၊ ကုိယ္ေျပာတာကို နားေထာင္ေပးတာေတြကို မႀကိဳက္တဲ့သူ၊ အလိုမရွိတဲ႔ သူဆိုတာ မရွိပါဘူး။ ကေလးငယ္ေလးေတြဆုိလည္း မိဘေတြကဂရုစိုက္တာ၊ ျပဳစုယုယတာ၊ ၾကင္နာတာ ေတြကုိ အရမ္းႀကိဳက္ပါတယ္။

စကားမေျပာတတ္ေပမယ္႔ အမူအရာကိုၾကည့္တာနဲ႔ သူတို႔သေဘာက်ေနတာ သိသာပါတယ္။ ဒါေၾကာင့္လည္း သူတို႔ေ၀ယ်ာ၀စၥကို အၿမဲလုပ္ေပးေနတဲ့ အေမ(သို႔) ကေလးထိန္းအေပၚမွာ တျခားသူေတြထက္ ပိုတြယ္တာ ၾကတာကို ေတြ႔ရပါလိမ့္မယ္။ ဆယ္ေက်ာ္သက္အရြယ္ေတြမွာလည္းဒီလုိပါပဲ။ လူအမ်ားႀကီးၾကားမွာ ထင္ရွားခ်င္တယ္၊ သူငယ္ခ်င္းေတြအမ်ားႀကီးက ကိုယ့္ကိုခင္ေစခ်င္တယ္၊ ဂရုစိုက္ေစခ်င္တယ္၊ ေနရာေပးေစခ်င္တယ္၊ ကိုယ္ကိုယ္တုိင္လည္း အေရးပါတဲ့သူ သိပ္ျဖစ္ခ်င္တယ္၊ အဲ့ဒါေၾကာင့္လည္း ကိုယ့္နည္းကိုယ့္ဟန္နဲ႔ နည္းမ်ိဳးစံုသံုးၿပီး ႀကိဳးစားၾကတယ္။

ဒါေပမယ့္လညး္ အရမ္းဂရုစိုက္ခံခ်င္ၿပီး ေသတဲ့အထိ ဘယ္သူ႔ဆီကမွ ဂရုစိုက္မွဳ ရမသြားတဲ႔သူ ေတြလည္းရွိပါတယ္။ ဒီလုိဆုိရင္ဘာလုပ္မလဲ။ ကိုယ္ကဘာကိုလုိခ်င္တာလဲ။ ကိုယ္လုိခ်င္တာကို သိေအာင္အရင္လုပ္ပါ။ ကိုယ္လိုခ်င္တာကို ရေအာင္လုပ္ဖို႔ အေကာင္းဆံုးေသနည္းလမ္းကေတာ့ ကုိယ္လိုခ်င္တဲ့ အရာကိုသူမ်ားကိုေပးတဲ့နည္းပါ။ ကုိယ့္က ကိုယ့္ကို အေရးေပးတာ၊ ဂရုစိုက္တာ ခံခ်င္ရင္ သူမ်ားကုိ ဂရုတစိုက္နဲ႔ အေရးေပးရပါလိမ့္မယ္။

Read-အပ္ျဖားတစ္ေထာက္စာဆိုေပမယ့္၊ ဆပ္ျပာပူေဖာင္းအတြက္ေတာ့ဘ၀ပ်က္ေစတယ္

သူမ်ားေတြကိုယ့္ကို အေရးေပးလားေအာင္၊ အထင္ႀကီးလာေအာင္၊ အခ်ိန္အၾကာႀကီးႀကိဳးစားေနမယ့္အစား ကိုယ္ကသူမ်ားကို အခ်ိန္အနည္းငယ္ေလာက္ စိတ္၀င္စားၾကည့္လုိက္ပါ။ ပိုၿပီးအက်ိဳးရွိလာမွာ အေသအခ်ာပါ။ မယံုရင္စမ္းၾကည့္ပါ။ ကိုယ့္ကိစၥကို အၿမဲတမ္း ေရွ႔တန္းတင္တတ္သူ၊ ကိုယ့္အေၾကာင္းကိုပဲ စိတ္၀င္စားစရာ အေကာင္းဆံုးလုိ႔ ထင္ထားတဲ့သူ၊ ကိုယ့္ျပႆနာေတြကမွသာ အေရးအႀကီးမားဆံုး၊ အခက္ခဲဆံုးလုိ႔ သတ္မွတ္ထားတဲ႔သူေတြနားမွာ မိတ္ေတြအေပါင္းအသင္း မ်ားမ်ားစားစား ရွိမေနတတ္ပါဘူး။

လူတိုင္းမွာ သူ႔အခက္အခဲ၊ သူ႔ျပႆနာ သူ႔ခံစားခ်က္ေတြရွိေနတာမို႔ ကိုယ့္ကိစၥေတြကို အမွန္တကယ္ အရံုစိုက္ေစခ်င္၊ ကူညီေျဖရွင္းေပးေစခ်င္ရင္ေတာ့ သူ႔ကိစၥေတြကုိလည္း ၀ိုင္း၀န္းေဆာင္ရြက္ေပးဖုိ႔ မေမ႔ပါနဲ႔။ ဒီအတိုင္းတကယ္လုိက္နာက်င့္သံုးမယ္ဆိုရင္ေတာ့ အဲဒီလူဟာ လူအမ်ားရဲ႕ စိတ္၀င္စားမွဳ၊ ခ်စ္ခင္မွဳ၊ အေရးေပးမွဳကို ခံရၿပီး လူ႔အသိုင္းအ၀ိုင္းရဲ႕ အေရးပါသူတစ္ေယာက္ မလြဲမေသျဖစ္လာမွာ အေသအခ်ာပါ။

Source; Myanmar Network

Unicode Version

လူတိုင်းကကိုယ့်ကို လူတွေဂရုစိုက်တာ ခံချင်ကြပါတယ်။
ကိုယ့်ကို ဂရုစိုက်တာ၊စိတ်ဝင်စားတာ၊ ကိုယ်ပြောတာကို နားထောင်ပေးတာတွေကို မကြိုက်တဲ့သူ၊ အလိုမရှိတဲ့ သူဆိုတာ မရှိပါဘူး။ ကလေးငယ်လေးတွေဆိုလည်း မိဘတွေကဂရုစိုက်တာ၊ ပြုစုယုယတာ၊ ကြင်နာတာ တွေကို အရမ်းကြိုက်ပါတယ်။
စကားမပြောတတ်ပေမယ့် အမူအရာကိုကြည့်တာနဲ့ သူတို့သဘောကျနေတာ သိသာပါတယ်။ ဒါကြောင့်လည်း သူတို့ဝေယျာဝစ္စကို အမြဲလုပ်ပေးနေတဲ့ အမေ(သို့) ကလေးထိန်းအပေါ်မှာ တခြားသူတွေထက် ပိုတွယ်တာ ကြတာကို တွေ့ရပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ်တွေမှာလည်းဒီလိုပါပဲ။ လူအများကြီးကြားမှာ ထင်ရှားချင်တယ်၊ သူငယ်ချင်းတွေအများကြီးက ကိုယ့်ကိုခင်စေချင်တယ်၊ ဂရုစိုက်စေချင်တယ်၊ နေရာပေးစေချင်တယ်၊ ကိုယ်ကိုယ်တိုင်လည်း အရေးပါတဲ့သူ သိပ်ဖြစ်ချင်တယ်၊ အဲ့ဒါကြောင့်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ နည်းမျိုးစုံသုံးပြီး ကြိုးစားကြတယ်။
ဒါပေမယ့်လညး် အရမ်းဂရုစိုက်ခံချင်ပြီး သေတဲ့အထိ ဘယ်သူ့ဆီကမှ ဂရုစိုက်မှု ရမသွားတဲ့သူ တွေလည်းရှိပါတယ်။ ဒီလိုဆိုရင်ဘာလုပ်မလဲ။ ကိုယ်ကဘာကိုလိုချင်တာလဲ။ ကိုယ်လိုချင်တာကို သိအောင်အရင်လုပ်ပါ။ ကိုယ်လိုချင်တာကို ရအောင်လုပ်ဖို့ အကောင်းဆုံးသေနည်းလမ်းကတော့ ကိုယ်လိုချင်တဲ့ အရာကိုသူများကိုပေးတဲ့နည်းပါ။ ကိုယ့်က ကိုယ့်ကို အရေးပေးတာ၊ ဂရုစိုက်တာ ခံချင်ရင် သူများကို ဂရုတစိုက်နဲ့ အရေးပေးရပါလိမ့်မယ်။
သူများတွေကိုယ့်ကို အရေးပေးလားအောင်၊ အထင်ကြီးလာအောင်၊ အချိန်အကြာကြီးကြိုးစားနေမယ့်အစား ကိုယ်ကသူများကို အချိန်အနည်းငယ်လောက် စိတ်ဝင်စားကြည့်လိုက်ပါ။ ပိုပြီးအကျိုးရှိလာမှာ အသေအချာပါ။ မယုံရင်စမ်းကြည့်ပါ။ ကိုယ့်ကိစ္စကို အမြဲတမ်း ရှေ့တန်းတင်တတ်သူ၊ ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်စားစရာ အကောင်းဆုံးလို့ ထင်ထားတဲ့သူ၊ ကိုယ့်ပြဿနာတွေကမှသာ အရေးအကြီးမားဆုံး၊ အခက်ခဲဆုံးလို့ သတ်မှတ်ထားတဲ့သူတွေနားမှာ မိတ်တွေအပေါင်းအသင်း များများစားစား ရှိမနေတတ်ပါဘူး။
လူတိုင်းမှာ သူ့အခက်အခဲ၊ သူ့ပြဿနာ သူ့ခံစားချက်တွေရှိနေတာမို့ ကိုယ့်ကိစ္စတွေကို အမှန်တကယ် အရုံစိုက်စေချင်၊ ကူညီဖြေရှင်းပေးစေချင်ရင်တော့ သူ့ကိစ္စတွေကိုလည်း ၀ိုင်းဝန်းဆောင်ရွက်ပေးဖို့ မမေ့ပါနဲ့။ ဒီအတိုင်းတကယ်လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ အဲဒီလူဟာ လူအများရဲ့ စိတ်ဝင်စားမှု၊ ချစ်ခင်မှု၊ အရေးပေးမှုကို ခံရပြီး လူ့အသိုင်းအဝိုင်းရဲ့ အရေးပါသူတစ်ယောက် မလွဲမသေဖြစ်လာမှာ အသေအချာပါ။
Source; Myanmar Network

Read times
Rate this item
(1 Vote)