-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပင္ပန္းေနေပမယ့္လည္း ၾကိဳစားႏိုးထလိုက္ပါ

ပင္ပန္းေနေပမယ့္လည္း ၾကိဳစားႏိုးထလိုက္ပါ google.com

အသက္မရွဴခ်င္ေလာက္ေအာင္ ပင္ပန္းေနေပမယ့္လည္း မနက္ျဖန္ဆိုတာ ရွိေနေသးတာပဲ။ ငါလိုအပ္ေနခ်န္မွာ ငါ့အနားမွာ တစ္ေယာက္မွ မရွိဘူးဆုိျပီး စိတ္အားငယ္ေနၿပီလား။ အားမငယ္ပါနဲ႔။ ငါ့ကုိယ္ငါ ေစာင့္ေရွာက္  ႏိုင္တဲ့ ငါဆိုတာရွိေနေသးတာပဲ။

ဘ၀ႀကီးက ပန္ေမြ႔ရာႀကီးမဟုတ္ေနေတာ့ ငါတို႔ေလွ်ာက္ရမယ့္လမ္းေတြ ၾကမ္းတမ္းေနဦးမွာပါ။ ျပႆနာ အေသးေလးတစ္ခုေလာက္ ရင္ဆုိင္ေတြ႔ႀကံဳလုိက္ရတာနဲ႔ ေမာပန္း အရွံဳးေပးခ်င္ေနၿပီလား။

 

အရွံဳးမေပးလိုက္ပါနဲ႔ ျမစ္ေတြမွာေတာင္ အေကာက္အေကြ႔ေပါင္းမ်ားစြာနဲ့ပါ။ သင္ရက္ေပါင္း ၃၆၅ရက္ အသက္ရွင္ေနခဲ႔တယ္ဆိုရင္ ၃၆၅ႀကိမ္ အခြင့္အေရးရေနတာပါ။

ဘ၀ဆုိတဲ့လမ္းကို ေလွ်ာက္လွမ္းေနသေရြ႔ေတာ့ ဒီစမ္းသပ္မွဳ ေပါင္းမ်ားစြာဆိုတဲ့   က်ရွံုးျခင္း၊ ေအာင္ျမင္ျခင္း၊ စိတ္ပ်က္အားငယ္ျခင္း ေတြဆိုတာကို ရင္ဆုိင္ရဦးမွာပါ။ ဒါဆို ရင္ဆုိင္ေက်ာ္လႊားဖို႔ အားအင္ေတြ ကုန္ခမ္း သြားၿပီလား။ အင္အားမရွိဘူးဆုိၿပီး ရပ္တန့္လုိက္ေတာ့ မွာလား။ ဒီလုိသာရပ္တန္႔လုိက္မယ္ဆိုရင္ သင္ဟာ ေသလူနဲ႔မျခားျဖစ္သြားပါလိမ့္မယ္။

Read-အရွံဳးရဲ႕အျခားတစ္ဖက္

မေျပးႏုိင္ဘူးဆုိရင္ေတာင္ မရပ္တန္႔လုိက္ပါနဲ႔။ သင္မေျပးႏိုင္ဘူးလား လမ္းေလွ်ာက္ပါ။ လမ္းမလွ်ာက္ ႏိုင္ဘူးလား ဒရြတ္တိုက္သြားပါ။ တစ္နည္းနည္းနဲ႔ေတာ့ သင္ေရြ႔ေနမွျဖစ္မွာပါ။

အေမွာင္ဆံုးအခ်ိန္ဆိုတာ အာရုဏ္ဦးအခ်ိန္နဲ႔ အနီးကပ္ဆံုးအခ်ိန္ပါ။  သင့္မွာ ဒုကၡေတြ ခံစားေနရ တယ္ဆိုတာလည္း သုခေတြရရွိဖို႔နီးကပ္လာတယ္ဆိုတာကို အၿမဲသတိရပါ။

အရွံဳးလုိ႔ထင္ထားတာေတြက အမွန္တကယ္ေတာ့ ေအာင္ျမင္မွဳဆီကို ဦးတည္ေနတဲ့ တံခါးေပါက္တစ္ခ်ပ္ပါ။ ေရခိုးေရေငြ႔ေလးေတြကေတာင္ ႀကီးမားက်ယ္ေျပာၿပီးလွပတဲ့ ပင္လယ္ျပာႀကီးကုိ ျပဳစုပ်ိဳးေထာင္ႏုိင္တယ္ဆိုရင္ က်ြန္ေတာ္တို႔မွာ ရွိတဲ့ကိုယ္ပုိင္အရည္အခ်င္း၊ ႀကိဳးစားအားထုတ္မွဳ၊ ဇြဲလံု႔လ၊ ၀ီရိယေတြက လွပတဲ့ အနာဂါတ္ တစ္ခုကို ေမြးျမဴႏိုင္မွာပါ။

ဘ၀ဆုိတဲ့ကစားပြဲမွာ အားလံုးကေတာ ့ယွဥ္ၿပိဳင္ႀကိဳးစားေနၾကရမွာပါ။ အဓိက ကေတာ့ဒီကစားပြဲကေန အျပင္ကိုထြက္မသြားဖို႔ပဲလိုတာပါ။

Unicode Version

အသက်မရှူချင်လောက်အောင် ပင်ပန်းနေပေမယ့်လည်း မနက်ဖြန်ဆိုတာ ရှိနေသေးတာပဲ။ ငါလိုအပ်နေချန်မှာ ငါ့အနားမှာ တစ်ယောက်မှ မရှိဘူးဆိုပြီး စိတ်အားငယ်နေပြီလား။ အားမငယ်ပါနဲ့။ ငါ့ကိုယ်ငါ စောင့်ရှောက် နိုင်တဲ့ ငါဆိုတာရှိနေသေးတာပဲ။

ဘဝကြီးက ပန်မွေ့ရာကြီးမဟုတ်နေတော့ ငါတို့လျှောက်ရမယ့်လမ်းတွေ ကြမ်းတမ်းနေဦးမှာပါ။ ပြဿနာ အသေးလေးတစ်ခုလောက် ရင်ဆိုင်တွေ့ကြုံလိုက်ရတာနဲ့ မောပန်း အရှံုးပေးချင်နေပြီလား။


အရှံုးမပေးလိုက်ပါနဲ့ မြစ်တွေမှာတောင် အကောက်အကွေ့ပေါင်းများစွာနဲ့ပါ။ သင်ရက်ပေါင်း ၃၆၅ရက် အသက်ရှင်နေခဲ့တယ်ဆိုရင် ၃၆၅ကြိမ် အခွင့်အရေးရနေတာပါ။

ဘဝဆိုတဲ့လမ်းကို လျှောက်လှမ်းနေသရွေ့တော့ ဒီစမ်းသပ်မှု ပေါင်းများစွာဆိုတဲ့ ကျရှံုးခြင်း၊ အောင်မြင်ခြင်း၊ စိတ်ပျက်အားငယ်ခြင်း တွေဆိုတာကို ရင်ဆိုင်ရဦးမှာပါ။ ဒါဆို ရင်ဆိုင်ကျော်လွှားဖို့ အားအင်တွေ ကုန်ခမ်း သွားပြီလား။ အင်အားမရှိဘူးဆိုပြီး ရပ်တန့်လိုက်တော့ မှာလား။ ဒီလိုသာရပ်တန့်လိုက်မယ်ဆိုရင် သင်ဟာ သေလူနဲ့မခြားဖြစ်သွားပါလိမ့်မယ်။

Read-အရှံုးရဲ့အခြားတစ်ဖက်

မပြေးနိုင်ဘူးဆိုရင်တောင် မရပ်တန့်လိုက်ပါနဲ့။ သင်မပြေးနိုင်ဘူးလား လမ်းလျှောက်ပါ။ လမ်းမလျှာက် နိုင်ဘူးလား ဒရွတ်တိုက်သွားပါ။ တစ်နည်းနည်းနဲ့တော့ သင်ရွေ့နေမှဖြစ်မှာပါ။

အမှောင်ဆုံးအချိန်ဆိုတာ အာရုဏ်ဦးအချိန်နဲ့ အနီးကပ်ဆုံးအချိန်ပါ။ သင့်မှာ ဒုက္ခတွေ ခံစားနေရ တယ်ဆိုတာလည်း သုခတွေရရှိဖို့နီးကပ်လာတယ်ဆိုတာကို အမြဲသတိရပါ။

အရှံုးလို့ထင်ထားတာတွေက အမှန်တကယ်တော့ အောင်မြင်မှုဆီကို ဦးတည်နေတဲ့ တံခါးပေါက်တစ်ချပ်ပါ။ ရေခိုးရေငွေ့လေးတွေကတောင် ကြီးမားကျယ်ပြောပြီးလှပတဲ့ ပင်လယ်ပြာကြီးကို ပြုစုပျိုးထောင်နိုင်တယ်ဆိုရင် ကျွန်တော်တို့မှာ ရှိတဲ့ကိုယ်ပိုင်အရည်အချင်း၊ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လ၊ ၀ီရိယတွေက လှပတဲ့ အနာဂါတ် တစ်ခုကို မွေးမြူနိုင်မှာပါ။

ဘဝဆိုတဲ့ကစားပွဲမှာ အားလုံးကတော ့ယှဉ်ပြိုင်ကြိုးစားနေကြရမှာပါ။ အဓိက ကတော့ဒီကစားပွဲကနေ အပြင်ကိုထွက်မသွားဖို့ပဲလိုတာပါ။

 

Read times
Rate this item
(1 Vote)