-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေဈးကြက္ယံုၾကည္မႈ

ေဈးကြက္ယံုၾကည္မႈ google.com

ေဈးကြက္ယံုၾကည္မႈ (Market Trust) သည္ဂုဏ္သိကၡာ၏အေျခခံသေဘာတရားမ်ားေပၚတြင္အေျခခံသည္။ သင့္အေနျဖင့္ ကုမၸဏီ၏လိုဂိုမ်ား (Logos) ကိုေတြ႕ျမင္ေသာအခါ အေတြ႕အႀကံဳေပၚအေျခခံၿပီး သင့္တြင္ အျပဳသေဘာ ဆန္ေသာခံစားခ်က္မ်ားရွိသည္။ ပုဂၢိဳလ္ေရး ဆိုင္ရာအေတြ႕အႀကံဳႏွင့္ ဂုဏ္သိကၡာေပၚ အေျခခံၿပီး အျခားကုမၸဏီလိုဂိုမ်ားက အႏုတ္လကၡဏာေဆာင္ေသာ ခံစားခ်က္ ကိုမ်က္လွည့္ျပၾကသည္။

ဂုဏ္သိကၡာတည္ေဆာက္ျခင္း သို႔မဟုတ္ ဖ်က္ဆီးခံရျခင္းတြင္ယံုၾကည္မႈ၏ အျမန္ႏႈန္း

ဂလိုဘယ္ေဈးကြက္တြင္ ယံုၾကည္မႈကို မယံုႏိုင္ေလာက္ေသာအျမန္ႏႈန္းျဖင့္ တည္ေဆာက္ႏိုင္သည္။ သို႔မဟုတ္ ဖ်က္ဆီးပစ္ႏိုင္သည္။ Harris Interactive သည္အေမရိကတြင္ အသိအမွတ္ျပဳခံရ ဆံုးကုမၸဏီ (၆၀)ကို အဆင့္သတ္မွတ္မႈအား၂၀ဝ၅ခုႏွစ္တြင္ ေလ့လာေဆာင္ရြက္ ခဲ့သည္။ ဤတြင္ Johnson & Johnson ကုမၸဏီႀကီးသည္ (၇)ႏွစ္ဆက္တိုက္နံပါတ္ တစ္ေနရာရရွိခဲ့သည္။ သို႔ရာတြင္ Google ကုမၸဏီႀကီးမွာမူ နံပါတ္ (၃)ေနရာခ်ိတ္ခဲ့ သည္။ Google အေနျဖင့္ စီးပြားေရးလုပ္ ငန္းေဆာင္ရြက္ခဲ့သည္မွာ (၇)ႏွစ္သာရွိ ေသးသည္။ တကယ္ေတာ့ ယံုၾကည္မႈကို လည္းအျမန္ႏႈန္းျဖင့္ ဖ်က္ဆီးပစ္ႏိုင္သည္။ ယင္းစာရင္းတြင္ WorldCom သည္ အဆင့္ (၅၉)ေနရာ တြင္ရွိၿပီး Enron ကုမၸဏီသည္ အဆင့္ (၆၀)ေနရာတြင္ရွိ သည္။

ေဈးကြက္ယံုၾကည္မႈကို ျမႇင့္တင္ရန္ အဓိကက်ေသာ အခ်က္ (၄)ခ်က္ႏွင့္ အဖြဲ႕ အစည္းဆိုင္ရာ အဆင့္ရွိအျပဳအမူ (၁၃)ခု ကိုအသံုးခ်ပါ။ ထို႔ျပင္သင္၏ ယံုၾကည္မႈ မ်က္မွန္ (trust glasses)  ကိုတပ္ၿပီး သင့္ အဖြဲ႕အစည္းႏွင့္ ပတ္သက္၍ ေအာက္ပါ ေမးခြန္းမ်ားကို ေမးပါ။
(၁) ငါ့ရဲ႕အမွတ္တံဆိပ္က ဂုဏ္သိကၡာရွိ ရဲ႕လား။
(၂) ငါ့ရဲ႕အမွတ္တံဆိပ္က ေကာင္းမြန္တဲ့ intent  ကိုျပရဲ႕လား။
(၃) ငါ့ရဲ႕ အမွတ္တံဆိပ္က စြမ္းေဆာင္ႏိုင္ မႈေတြကို ျပရဲ႕လား
(၄) ငါ့ရဲ႕ အမွတ္တံဆိပ္က ရလဒ္ေတြနဲ႔ ပတ္သက္လို႔လား

Read-အေမရိကန္ထိပ္တန္းစမတ္ဖုန္းကုမၸဏီေနရာကို APPLE ထံလႊဲေျပာင္းေပးလုိက္ရတဲ႔ SAMSUNG

လူ႕အဖြဲ႕အစည္းဆိုင္ရာ ယံုၾကည္မႈ (Societal Trust) 
လူ႕အဖြဲ႕အစည္းဆိုင္ရာ ယံုၾကည္မႈသည္ ပါဝင္ကူညီေထာက္ပံ့ျခင္း၏ အေျခခံ သေဘာတရားေပၚတြင္ အေျခခံသည္။ ၁၉၉၂ခုႏွစ္ကာလအေတာအတြင္း Rodney king အမႈေၾကာင့္ေလာ့အိန္ဂ်ယ္လိစ္တြင္ အၾကမ္းဖက္မႈမ်ားျဖစ္ခဲ့ရာ အနီးတစ္ဝိုက္ေနရာမ်ားေလာင္ကြ်မ္းဖ်က္ဆီးျခင္း ခံရသည္။ အံ့အားသင့္ဖြယ္ေကာင္းေသာ အခ်က္ကား MCDonald's  ဆိုင္အားလံုး သည္မပ်က္မစီးက်န္ရစ္ခဲ့သည္။ ဘာ ေၾကာင့္အဲဒီလိုျဖစ္သလဲေမးၾကည့္ေသာ အခါယင္းဆိုင္အသိုက္အဝန္းရွိလူမ်ားက ဆိုင္ကိုအထိခိုက္ မခံလိုေၾကာင္း၊ အၾကမ္း ဖက္သမားမ်ားကို ေနာက္ဆုတ္ရန္ေျပာဆို ၿပီးတံု႔ျပန္ခဲ့ေၾကာင္း သိရွိရသည္။ MCDonald's  သည္လူ႕အဖြဲ႕အစည္းသို႔ ယင္းတို႔ ၏ပါဝင္ကူညီေထာက္ပံ့မႈေပၚတြင္ ႀကီးမားေသာ ယံုၾကည္မႈဆိုင္ရာအျမတ္ခြဲေဝမႈအေျခခံကိုရရွိခဲ့သည္။

ငါးသည္ေရကို ေနာက္ဆံုးရွာေဖြေတြ႕ ရွိသည္။ အေၾကာင္းမူကား ယင္းတို႔ရွာေန သည္မွာ ေရသာလွ်င္ျဖစ္သည္။ ေရသည္ ညစ္ညမ္းေနသည့္ တိုင္ေအာင္၊ ေရမရွိ သည့္တိုင္ေအာင္ငါးတို႔သည္ ေရ၏ အေရး ပါမႈကိုမသိျမင္ၾကေခ်။ လူမ်ားအေနျဖင့္ လည္းယံုၾကည္မႈညစ္ညမ္းသြားေသာအခါ၊ ယံုၾကည္မႈမရွိေသာအခါမွသာလွ်င္ ယံုၾကည္မႈ၏မရွိမျဖစ္လိုအပ္ေသာ သဘာဝကို မၾကာခဏဆိုသလို ရွာေဖြေတြ႕ရွိလာၾကသည္။

Credit; ေမာင္ေမာင္ျမင့္သိန္း (စက္မႈတကၠသိုလ္)

စီးပြားေရးလုပ္ငန္းလုပ္တဲ့အခါ လစ္လ်ဴရွဴထားလုိ႔မရသည့္ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥမ်ားကုိ ေဆာင္ရြက္ေပးသည့္ ဆိုင္လိပ္စာမ်ား၊ ကုမၸဏီလိပ္စာမ်ားကို က်ြန္ေတာ္တို႔ Myanmar Advertising Directory pageတြင္ အလြယ္တကူ၀င္ေရာက္ရွာေဖြႏုိင္ပါသည္။

Link-Myanmar Advertising Directory

(Unicode Version)

ဈေးကွက်ယုံကြည်မှု (Market Trust) သည်ဂုဏ်သိက္ခာ၏အခြေခံသဘောတရားများပေါ်တွင်အခြေခံသည်။ သင့်အနေဖြင့် ကုမ္ပဏီ၏လိုဂိုများ (Logos) ကိုတွေ့မြင်သောအခါ အတွေ့အကြုံပေါ်အခြေခံပြီး သင့်တွင် အပြုသဘော ဆန်သောခံစားချက်များရှိသည်။ ပုဂ္ဂိုလ်ရေး ဆိုင်ရာအတွေ့အကြံုနှင့် ဂုဏ်သိက္ခာပေါ် အခြေခံပြီး အခြားကုမ္ပဏီလိုဂိုများက အနုတ်လက္ခဏာဆောင်သော ခံစားချက် ကိုမျက်လှည့်ပြကြသည်။
ဂုဏ်သိက္ခာတည်ဆောက်ခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းတွင်ယုံကြည်မှု၏ အမြန်နှုန်း
ဂလိုဘယ်ဈေးကွက်တွင် ယုံကြည်မှုကို မယုံနိုင်လောက်သောအမြန်နှုန်းဖြင့် တည်ဆောက်နိုင်သည်။ သို့မဟုတ် ဖျက်ဆီးပစ်နိုင်သည်။ Harris Interactive သည်အမေရိကတွင် အသိအမှတ်ပြုခံရ ဆုံးကုမ္ပဏီ (၆၀)ကို အဆင့်သတ်မှတ်မှုအား၂၀ဝ၅ခုနှစ်တွင် လေ့လာဆောင်ရွက် ခဲ့သည်။ ဤတွင် Johnson & Johnson ကုမ္ပဏီကြီးသည် (၇)နှစ်ဆက်တိုက်နံပါတ် တစ်နေရာရရှိခဲ့သည်။ သို့ရာတွင် Google ကုမ္ပဏီကြီးမှာမူ နံပါတ် (၃)နေရာချိတ်ခဲ့ သည်။ Google အနေဖြင့် စီးပွားရေးလုပ် ငန်းဆောင်ရွက်ခဲ့သည်မှာ (၇)နှစ်သာရှိ သေးသည်။ တကယ်တော့ ယုံကြည်မှုကို လည်းအမြန်နှုန်းဖြင့် ဖျက်ဆီးပစ်နိုင်သည်။ ယင်းစာရင်းတွင် WorldCom သည် အဆင့် (၅၉)နေရာ တွင်ရှိပြီး Enron ကုမ္ပဏီသည် အဆင့် (၆၀)နေရာတွင်ရှိ သည်။

ဈေးကွက်ယုံကြည်မှုကို မြှင့်တင်ရန် အဓိကကျသော အချက် (၄)ချက်နှင့် အဖွဲ့ အစည်းဆိုင်ရာ အဆင့်ရှိအပြုအမူ (၁၃)ခု ကိုအသုံးချပါ။ ထို့ပြင်သင်၏ ယုံကြည်မှု မျက်မှန် (trust glasses) ကိုတပ်ပြီး သင့် အဖွဲ့အစည်းနှင့် ပတ်သက်၍ အောက်ပါ မေးခွန်းများကို မေးပါ။
(၁) ငါ့ရဲ့အမှတ်တံဆိပ်က ဂုဏ်သိက္ခာရှိ ရဲ့လား။
(၂) ငါ့ရဲ့အမှတ်တံဆိပ်က ကောင်းမွန်တဲ့ intent ကိုပြရဲ့လား။
(၃) ငါ့ရဲ့ အမှတ်တံဆိပ်က စွမ်းဆောင်နိုင် မှုတွေကို ပြရဲ့လား
(၄) ငါ့ရဲ့ အမှတ်တံဆိပ်က ရလဒ်တွေနဲ့ ပတ်သက်လို့လား

လူ့အဖွဲ့အစည်းဆိုင်ရာ ယုံကြည်မှု (Societal Trust)

လူ့အဖွဲ့အစည်းဆိုင်ရာ ယုံကြည်မှုသည် ပါဝင်ကူညီထောက်ပံ့ခြင်း၏ အခြေခံ သဘောတရားပေါ်တွင် အခြေခံသည်။ ၁၉၉၂ခုနှစ်ကာလအတောအတွင်း Rodney king အမှုကြောင့်လော့အိန်ဂျယ်လိစ်တွင် အကြမ်းဖက်မှုများဖြစ်ခဲ့ရာ အနီးတစ်ဝိုက်နေရာများလောင်ကျွမ်းဖျက်ဆီးခြင်း ခံရသည်။ အံ့အားသင့်ဖွယ်ကောင်းသော အချက်ကား MCDonald's ဆိုင်အားလုံး သည်မပျက်မစီးကျန်ရစ်ခဲ့သည်။ ဘာ ကြောင့်အဲဒီလိုဖြစ်သလဲမေးကြည့်သော အခါယင်းဆိုင်အသိုက်အဝန်းရှိလူများက ဆိုင်ကိုအထိခိုက် မခံလိုကြောင်း၊ အကြမ်း ဖက်သမားများကို နောက်ဆုတ်ရန်ပြောဆို ပြီးတုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။ MCDonald's သည်လူ့အဖွဲ့အစည်းသို့ ယင်းတို့ ၏ပါဝင်ကူညီထောက်ပံ့မှုပေါ်တွင် ကြီးမားသော ယုံကြည်မှုဆိုင်ရာအမြတ်ခွဲဝေမှုအခြေခံကိုရရှိခဲ့သည်။

ငါးသည်ရေကို နောက်ဆုံးရှာဖွေတွေ့ ရှိသည်။ အကြောင်းမူကား ယင်းတို့ရှာနေ သည်မှာ ရေသာလျှင်ဖြစ်သည်။ ရေသည် ညစ်ညမ်းနေသည့် တိုင်အောင်၊ ရေမရှိ သည့်တိုင်အောင်ငါးတို့သည် ရေ၏ အရေး ပါမှုကိုမသိမြင်ကြချေ။ လူများအနေဖြင့် လည်းယုံကြည်မှုညစ်ညမ်းသွားသောအခါ၊ ယုံကြည်မှုမရှိသောအခါမှသာလျှင် ယုံကြည်မှု၏မရှိမဖြစ်လိုအပ်သော သဘာဝကို မကြာခဏဆိုသလို ရှာဖွေတွေ့ရှိလာကြသည်။

Credit; မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)

 

Read times
Rate this item
(0 votes)