-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေစ်းကြက္ရွာေဖြေရးအတြက္ မရွိမျဖစ္လုိအပ္ေသာ Marketing Mix 7ps (2)

ေစ်းကြက္ရွာေဖြေရးအတြက္ မရွိမျဖစ္လုိအပ္ေသာ Marketing Mix 7ps (2) google.com

၀ယ္ယူအသံုးျပဳမည့္သူမ်ား သိလြယ္ေစမည့္ သက္ေသအေထာက္အထား(Physical Evidence)

မိမိကုန္ပစၥည္းကုိ ေရာင္းခ်ေပးသူမ်ားအေနျဖင့္ ၀ယ္ယူအသံုးျပဳမည့္သူကို သိလြယ္နားလြယ္ေစရန္ ျပသေပး ႏိုင္မည့္ အေထာက္အထားမ်ားကို ျပသႏုိင္ရပါမည္။ ထို႔အျပင္ ၀ယ္ယူလိုသူမ်ား ဆက္သြယ္ ၾကည္ရွွဴ႕ ေမးျမန္း ႏုိင္မည့္ လမ္းညႊန္ခ်က္မ်ားလည္း ထားရွိရပါသည္။ တစ္နည္းအားျဖင့္ လက္ကမ္းစာေစာင္မ်ား၊ ကုန္ပစၥည္း အသစ္အေၾကာင္း သတင္းလႊာမ်ားအျပင္ အမ်ားၾကည့္ရွဴ႕ႏုိင္သည့္ ၀က္ဘ္ဆိုက္မ်ား ရုပ္ျမင္သံၾကား အစီအစဥ္မ်ားတြင္ စီစဥ္ျပသမွဳမ်ား ျပဳလုပ္ရမည္။

လူပုဂၢိဳလ္မ်ား(People)

လုပ္ငန္းအဖြဲ႔အစည္း၀င္မ်ားျဖစ္သည့္ ၀န္ထမ္းမ်ားမွအစ ဦးေဆာင္ညႊန္ၾကားသူ ဒါရိုက္တာမ်ားအထိ လူပုဂၢိဳလ္မ်ားသည္ ေစ်းကြက္ျဖစ္ေျမာက္ေရးအတြက္ အားလံုးတာ၀န္ကိုယ္စီျဖင့္ေဆာင္ရြက္ၾကပါရမည္။ ကုန္ပစၥည္းအတြက္ျဖစ္ေစ၊ ၀န္ေဆာင္မွဳအတြက္ျဖစ္ေစ အံ၀င္ခြင္က် ေဆာင္ရြက္ႏိုင္ၾကရန္ျဖစ္သည္။

လုပ္ကိုင္ေဆာင္ရြက္ပံုအဆင့္ဆင့္(Process)

၀ယ္ယူအသံုးျပဳမည့္သူထံသို႔ ၀ယ္ယူထားေသာ ပစၥည္းမ်ား မည္သို႔ပို႔ေဆာင္ေပးရမည္ သို႔မဟုတ္ ၀န္ေဆာင္မွဳ လုပ္ငန္းကုိ ေတာင္းဆိုသူထံမည္သို႔ သြားေရာက္လုပ္ကိုင္ရမည္ကို စနစ္တက် အဆင့္လုိက္ ေဆာင္ရြက္ ေပးရပါမည္။ အဆင္ေျပစြာ ေတာင္းဆိုခဲ႔ၾကေသာ အခ်ိန္ကာလနဲ႔ ညီညြတ္စြာ ေဆာင္ရြက္ေပးရျခင္းျဖစ္သည္။

Marketing Mix 7Ps ကိုလက္ခဲက်င့္သံုးရာတြင္ ျပည္စံုမွန္ကန္သည့္အျပင္ အဆင္ေျပသူမ်ားမ်ားစြာျဖင့္ အက်ိဳးဆက္ကုိ ခံစားခြင့္ရခဲ့ၾကသည္။ သို႔ရာတြင္ ယခုအခါပညာရွင္မ်ားက Marketing Mix 8ps ျဖစ္သင့္ သည္ဟု ေထာက္ျပေျပာဆုိလာျပန္သည္။ ရွစ္ခုေျမာက္သတ္မွတ္ရမည့္  Productivity and quality ဟူသည့္အခ်က္ကို မီးေမာင္းထိုးျပျခင္းျဖစ္သည္။

Read-ေစ်းကြက္ရွာေဖြေရးအတြက္ မရွိမျဖစ္လိုအပ္ေသာ Marketing Mix 7ps(1)

ကုန္က်စရိတ္ေလ်ာ့နည္းစြာျဖင့္ ထုတ္လုပ္ေရာင္းခ် ျဖန္႔ျဖဴးေစႏုိင္မည့္အခ်က္ႏွင့္ အရည္အေသြးဆန္းသစ္ေကာင္းမြန္သည့္အခ်က္ကို ညႊန္းဆိုလာျခင္းဟု ဆိုရပါမည္။ စံျပဳရေလာက္သည့္ ကုန္ပစၥည္းကို အနိမ့္ဆံုးေစ်းႏွဳန္း သတ္မွတ္ခ်က္ျဖင့္ ေရာင္းခ်ပါက ေစ်းကြက္အတြင္းေရာင္းအားျမင့္တက္ေစပါမည္။

Marketing Mix 4Psကို 4Csအေနနဲ႔ယွဥ္တြဲကာ ေအာက္ပါအတုိင္းေလ့လာႏုိင္ပါသည္။ 4Psကို Supply side model အျဖစ္နားလည္ထားႏုိင္သကဲ႔သို႔ 4Csကုိ Customer-Focused marketing mix အျဖစ္သိရွိထား ႏိုင္သည္။ 4Cမွာ ကုန္ပစၥည္း(Commodity)၊ က်သင့္ေငြ(Cost)၊ ေစ်းကြက္လမ္းေၾကာင္း (Channel) ႏွင့္ဆက္သြယ္ေဆာင္ရြက္မွဳ(Communication) တုိ႔ျဖစ္သည္။ ထိုေနရာတြင္ ေအာက္ပါအတုိင္းဆက္သြယ္ ေနပါလိမ့္မည္။

Product------Commodity

Price----------Cost

Place---------Channel

Promotion-----Communication

တစ္နည္းအားျဖင့္ 4Csကို Compass Modelဟူ၍လည္း သတ္မွတ္ေခၚဆိုၾကသည္။ 7Psကဲ့သို႔ပင္ 7Ps Compass Modelရွိေနေစသည္။ ပထမဆံု Cမွာ Coporation(အဖြဲ႔အစည္း) ႏွင့္Competition (ေစ်းကြက္ၿပိဳက္ဖက္) မ်ားကုိရည္ညႊန္းေစသည္။ အဖြဲ႔အစည္း၏ရည္မွန္းခ်က္အရ ေဆာင္ရြက္ထားရွိမွဳႏွင့္ ၿပိဳင္ဘက္မ်ားအေပၚ သာလြန္ႏုိင္ေစမည့္ ေဆာင္ရြက္မွဳတို႔ျဖစ္သည္။ ေနာက္ထပ္ပုိလာေသာ Cမွာ Consumer (၀ယ္ယူအသံုးျပဳသူ) ျဖစ္သည္။ သို႔ရာတြင္ အခ်ိဳ႕က 7Csအတြက္ (Consumer) (Cost) (Communication) (Convenience) (Caring) (Co-ordinate) (Confirmation) ဟုအဓိပၸာယ္ဖြင့္ဆိုမွဳကိုလည္း ေတြ႔ၾကရပါတယ္။

Source; Internet Journal

(Unicode Version)

၀ယ်ယူအသုံးပြုမည့်သူများ သိလွယ်စေမည့် သက်သေအထောက်အထား(Physical Evidence)
မိမိကုန်ပစ္စည်းကို ရောင်းချပေးသူများအနေဖြင့် ၀ယ်ယူအသုံးပြုမည့်သူကို သိလွယ်နားလွယ်စေရန် ပြသပေး နိုင်မည့် အထောက်အထားများကို ပြသနိုင်ရပါမည်။ ထို့အပြင် ၀ယ်ယူလိုသူများ ဆက်သွယ် ကြည်ရှှူ့ မေးမြန်း နိုင်မည့် လမ်းညွှန်ချက်များလည်း ထားရှိရပါသည်။ တစ်နည်းအားဖြင့် လက်ကမ်းစာစောင်များ၊ ကုန်ပစ္စည်း အသစ်အကြောင်း သတင်းလွှာများအပြင် အများကြည့်ရှူ့နိုင်သည့် ၀က်ဘ်ဆိုက်များ ရုပ်မြင်သံကြား အစီအစဉ်များတွင် စီစဉ်ပြသမှုများ ပြုလုပ်ရမည်။
လူပုဂ္ဂိုလ်များ(People)
လုပ်ငန်းအဖွဲ့အစည်းဝင်များဖြစ်သည့် ၀န်ထမ်းများမှအစ ဦးဆောင်ညွှန်ကြားသူ ဒါရိုက်တာများအထိ လူပုဂ္ဂိုလ်များသည် စျေးကွက်ဖြစ်မြောက်ရေးအတွက် အားလုံးတာဝန်ကိုယ်စီဖြင့်ဆောင်ရွက်ကြပါရမည်။ ကုန်ပစ္စည်းအတွက်ဖြစ်စေ၊ ၀န်ဆောင်မှုအတွက်ဖြစ်စေ အံဝင်ခွင်ကျ ဆောင်ရွက်နိုင်ကြရန်ဖြစ်သည်။
လုပ်ကိုင်ဆောင်ရွက်ပုံအဆင့်ဆင့်(Process)
၀ယ်ယူအသုံးပြုမည့်သူထံသို့ ၀ယ်ယူထားသော ပစ္စည်းများ မည်သို့ပို့ဆောင်ပေးရမည် သို့မဟုတ် ၀န်ဆောင်မှု လုပ်ငန်းကို တောင်းဆိုသူထံမည်သို့ သွားရောက်လုပ်ကိုင်ရမည်ကို စနစ်တကျ အဆင့်လိုက် ဆောင်ရွက် ပေးရပါမည်။ အဆင်ပြေစွာ တောင်းဆိုခဲ့ကြသော အချိန်ကာလနဲ့ ညီညွတ်စွာ ဆောင်ရွက်ပေးရခြင်းဖြစ်သည်။
Marketing Mix 7Ps ကိုလက်ခဲကျင့်သုံးရာတွင် ပြည်စုံမှန်ကန်သည့်အပြင် အဆင်ပြေသူများများစွာဖြင့် အကျိုးဆက်ကို ခံစားခွင့်ရခဲ့ကြသည်။ သို့ရာတွင် ယခုအခါပညာရှင်များက Marketing Mix 8ps ဖြစ်သင့် သည်ဟု ထောက်ပြပြောဆိုလာပြန်သည်။ ရှစ်ခုမြောက်သတ်မှတ်ရမည့် Productivity and quality ဟူသည့်အချက်ကို မီးမောင်းထိုးပြခြင်းဖြစ်သည်။
ကုန်ကျစရိတ်လျော့နည်းစွာဖြင့် ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးစေနိုင်မည့်အချက်နှင့် အရည်အသွေးဆန်းသစ်ကောင်းမွန်သည့်အချက်ကို ညွှန်းဆိုလာခြင်းဟု ဆိုရပါမည်။ စံပြုရလောက်သည့် ကုန်ပစ္စည်းကို အနိမ့်ဆုံးစျေးနှုန်း သတ်မှတ်ချက်ဖြင့် ရောင်းချပါက စျေးကွက်အတွင်းရောင်းအားမြင့်တက်စေပါမည်။
Marketing Mix 4Psကို 4Csအနေနဲ့ယှဉ်တွဲကာ အောက်ပါအတိုင်းလေ့လာနိုင်ပါသည်။ 4Psကို Supply side model အဖြစ်နားလည်ထားနိုင်သကဲ့သို့ 4Csကို Customer-Focused marketing mix အဖြစ်သိရှိထား နိုင်သည်။ 4Cမှာ ကုန်ပစ္စည်း(Commodity)၊ ကျသင့်ငွေ(Cost)၊ စျေးကွက်လမ်းကြောင်း (Channel) နှင့်ဆက်သွယ်ဆောင်ရွက်မှု(Communication) တို့ဖြစ်သည်။ ထိုနေရာတွင် အောက်ပါအတိုင်းဆက်သွယ် နေပါလိမ့်မည်။
Product------Commodity
Price----------Cost
Place---------Channel
Promotion-----Communication
တစ်နည်းအားဖြင့် 4Csကို Compass Modelဟူ၍လည်း သတ်မှတ်ခေါ်ဆိုကြသည်။ 7Psကဲ့သို့ပင် 7Ps Compass Modelရှိနေစေသည်။ ပထမဆုံ Cမှာ Coporation(အဖွဲ့အစည်း) နှင့်Competition (စျေးကွက်ပြိုက်ဖက်) များကိုရည်ညွှန်းစေသည်။ အဖွဲ့အစည်း၏ရည်မှန်းချက်အရ ဆောင်ရွက်ထားရှိမှုနှင့် ပြိုင်ဘက်များအပေါ် သာလွန်နိုင်စေမည့် ဆောင်ရွက်မှုတို့ဖြစ်သည်။ နောက်ထပ်ပိုလာသော Cမှာ Consumer (၀ယ်ယူအသုံးပြုသူ) ဖြစ်သည်။ သို့ရာတွင် အချို့က 7Csအတွက် (Consumer) (Cost) (Communication) (Convenience) (Caring) (Co-ordinate) (Confirmation) ဟုအဓိပ္ပာယ်ဖွင့်ဆိုမှုကိုလည်း တွေ့ကြရပါတယ်။
Source; Internet Journal

Read times
Rate this item
(1 Vote)