-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေအာင္ျမင္သူနဲ႔ မေအာင္ျမင္သူရယ္လုိ႔ ကြဲျပားသြားေစတာ ဒီႏွစ္ခုေၾကာင့္ပါ

ေအာင္ျမင္သူနဲ႔ မေအာင္ျမင္သူရယ္လုိ႔ ကြဲျပားသြားေစတာ ဒီႏွစ္ခုေၾကာင့္ပါ google.com

ဘ၀မွာ ေအာင္ျမင္သူနဲ႔ မေအာင္ျမင္သူရယ္လို႔ ကြဲျပားျခားနားသြားတဲ့ အေၾကာင္းအရင္းကို ပညာရွင္တခ်ိဳ႕က ေလ့လာမႈျပဳခဲ့ပါတယ္။ အဲဒီအခါ စိတ္ဓာတ္(၂)မ်ိဳးျဖစ္တဲ့ တိုးတက္ျမင့္မားေစေသာစိတ္ဓာတ္ (Growth Mindset) နဲ႔ တိုးတက္ျမင့္မားမႈမရွိေစေသာစိတ္ဓာတ္ (Fix Mindset) တို႔ကို ရွာေဖြေတြ႕ရွိလာၾကတယ္။

ဒီစိတ္ဓာတ္(၂)မ်ိဳးရဲ႕ ေမာင္းႏွင္အား၊ လႊမ္းမိုးခ်ဳပ္ ကိုင္မႈအားေတြေၾကာင့္ ေအာင္ျမင္သူနဲ႔ မေအာင္ျမင္သူရယ္လို႔ ကြဲျပားျခားနားသြားတယ္လို႔ မွတ္ ခ်က္ျပဳခဲ့ၾကပါတယ္။ အဲဒီစိတ္ဓာတ္ (၂)မ်ိဳးအေၾကာင္း ျမည္းစမ္းၾကည့္ရေအာင္ ----

တိုးတက္ျမင့္မားေစေသာစိတ္ဓာတ္ (Growth Mindset)

တိုးတက္ျမင့္မားေစေသာစိတ္ဓာတ္ (Growth Mindset)ရွိသူဟာ အသစ္အသစ္ေတြကို သင္ယူေလ့လာတယ္။ သင္ယူေလ့လာျခင္းဟာ အေကာင္းဆံုးျပင္ဆင္ျခင္းပဲလို႔ ခံယူထားတယ္။ စြန္႔စြန္႔စားစားႀကိဳးစားအားထုတ္ဖို႔ စိတ္အားထက္သန္တယ္။ တစ္စံုတစ္ရာကို မေအာင္ျမင္တဲ့အခါ ဇြဲလံု႔လအျပည့္နဲ႔ ထပ္မံႀကိဳးစား လုပ္ေဆာင္ တယ္။ သူကိုယ့္သူ ျပန္လည္ စိန္ေခၚႏိုင္စြမ္းရွိတယ္။

သူ႔ရဲ႕အားနည္းခ်က္ကိုလည္း အသိအမွတ္ျပဳလက္ခံၿပီး ဘယ္လိုေျဖရွင္းရမယ္ဆိုတာ သိရွိနား လည္ေအာင္ ႀကိဳးစားတယ္။ က်ရႈံးတဲ့အခါအတိုင္းလည္း သင္ခန္းစာ ယူတယ္။ သူရဲ႕ႀကိဳးစားအား ထုတ္မႈတစ္ခုတည္းသာ ခက္ခဲက်ပ္တည္းေနခ်ိန္အတြက္ အေကာင္းဆံုး အကူအညီျဖစ္တယ္လို႔ ယံုၾကည္လက္ခံထားတယ္။

သူ႔ကို “အရမ္းႀကိဳးစားတာပဲ” လို႔ လူေတြေျပာတာကိုလည္း အလြန္ႏွစ္ သက္သေဘာက်ေလ့ရွိတယ္။ သူ႕ေရွ႕မွာ တစ္စံုတစ္ေယာက္ရဲ႕ တိုးတက္ေအာင္ျမင္မႈကို ေတြ႕ျမင္ တဲ့အခါ စိတ္ဓာတ္ပိုမိုတက္ၾကြသြားတယ္။ သူရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ စိတ္ေနသေဘာထား ျမင့္မားမႈတို႔ျဖင့္သာ အရာရာကို ဆံုးျဖတ္တယ္။

Read-ကိဳးစားရင္ေအာင္ျမင္မယ္ဆိုတာ သိရက္နဲ႔ ဘာေၾကာင့္မႀကိဳးစားၾကတာလဲ

တိုးတက္ျမင့္မားမႈမရွိေစေသာ စိတ္ဓာတ္ (Fix Mindset)


ဒီစိတ္ဓာတ္မ်ိဳးရွိသူဟာ သူတို႔လိုခ်င္တဲ့အရာကို ရရင္လည္း ယူလိုက္မယ္၊ မရရင္လည္း မယူဘူးလို႔သာ စဥ္းစားတယ္။ ဒီလူမ်ိဳးဟာ ကံကိုသာ အၿမဲအေၾကာင္းျပတယ္။ အျပစ္ပံုခ်တယ္။ ဒါ့အျပင္ နည္းနည္းေလး ခက္ခဲၾကမ္းတမ္းလာၿပီဆိုရင္ လက္ေလွ်ာ့အရႈံးေပးလိုက္တယ္။ ခက္ခဲတဲ့ အလုပ္ကို ပ်င္းစရာလို႔ျမင္တယ္။

တစ္ျခားသူေတြလည္း ဒါကို လုပ္ခ်င္မွာမဟုတ္ဘူးလုိ႔ အျမဲေတြး တယ္။ ႀကိမ္ဖန္မ်ားစြာ ႀကိဳးစားအားထုတ္ျခင္း ကို အခ်ိန္ျဖဳန္းျခင္းလို႔ ျမင္တယ္။ သူ႔ကိုယ္သူ စိန္ေခၚ ႏိုင္စြမ္းလည္းမရွိဘူး။ က်ရႈံးတဲ့အခါတိုင္းလည္း သူ႔ကိုယ္သူနဲ႔ ကံတရားကိုသာ အၿမဲအျပစ္တင္ တယ္။ သူ႔ကို လူေတြက “ေတာ္ေတာ္ၾကည့္ေကာင္းတာပဲ” လို႔ ေျပာရင္ ေက်နပ္ေနတတ္တယ္။ တစ္ပါးသူတို႔ရဲ႕ ေအာင္ျမင္မႈကို ေတြ႕ျမင္ၾကားသိရတဲ့အခါ တုန္လွဳပ္ ေခ်ာက္ျခား ေနတယ္။ သူ႕ရဲ႕ ရွိရင္းစြဲ စြမ္းရည္၊ အေတြးအျမင္တို႔ျဖင့္သာ အရာရာကို တစ္ဖက္သတ္ ဆံုးျဖတ္တယ္။
အခု စိတ္ဓာတ္(၂)မ်ိဳးအေၾကာင္း ဖတ္ၿပီးၿပီဆိုေတာ့ မိတ္ေဆြမွာေရာ ဘယ္လို စိတ္ဓာတ္ မ်ိဳး ရွိပါသလဲ? ျပန္ေမးၾကည့္ပါဦး။ Growth Mindset ရွိေနၿပီးသားဆိုရင္ေတာ့ ဆက္လက္ထိန္း သိမ္းသြားရုံေပါ့။ Fix Mindset ရွိေနတယ္ (ဒါမွမဟုတ္) Fix Mindsetထဲက တစ္ခုခုနဲ႔ျငိေနတယ္ ဆိုရင္ေတာ့ အျမန္ဆံုးျပဳျပင္ဖို႔ ႀကိဳးစားပါ။

To Find Advertising Company-click here

ဒီစိတ္ဓာတ္ေတြဟာ အလြန္ခိုင္မာလာၿပီဆိုရင္ ေျပာင္းလဲျပဳျပင္ဖို႔မလြယ္ေတာ့ဘူးလို႔ ပညာရွင္တခ်ိဳ႕က မွတ္ခ်က္ျပဳခဲ့ပါတယ္။ ဒီစိတ္ဓာတ္(၂) မ်ိဳးရဲ႕ ကြာျခားမႈတိုင္းကို သတိျပဳမိၿပီး ျပဳျပင္ႀကိဳးစားလာၿပီဆိုရင္ေတာ့ သင္လည္းေအာင္ျမင္သူ တစ္ ေယာက္ ျဖစ္လာပါလိမ့္မယ္။

“ ႀကိဳးစားအားထုတ္မႈဟာ သင့္အတြက္ အေကာင္းဆံုးအကူအညီပါ။ စဥ္းစားေတြးေခၚပံုေျပာင္းလဲမႈ ဟာ သင့္အတြက္ ေျပာင္းလဲမႈအခြင့္အလမ္းတံခါးကို ဖြင့္ဟလိုက္တာပါ။”

Credit;  ေကာင္းစံသာ (ေရၾကည္) 

(Unicode  Version)

ဘဝမှာ အောင်မြင်သူနဲ့ မအောင်မြင်သူရယ်လို့ ကွဲပြားခြားနားသွားတဲ့ အကြောင်းအရင်းကို ပညာရှင်တချို့က လေ့လာမှုပြုခဲ့ပါတယ်။ အဲဒီအခါ စိတ်ဓာတ်(၂)မျိုးဖြစ်တဲ့ တိုးတက်မြင့်မားစေသောစိတ်ဓာတ် (Growth Mindset) နဲ့ တိုးတက်မြင့်မားမှုမရှိစေသောစိတ်ဓာတ် (Fix Mindset) တို့ကို ရှာဖွေတွေ့ရှိလာကြတယ်။
ဒီစိတ်ဓာတ်(၂)မျိုးရဲ့ မောင်းနှင်အား၊ လွှမ်းမိုးချုပ် ကိုင်မှုအားတွေကြောင့် အောင်မြင်သူနဲ့ မအောင်မြင်သူရယ်လို့ ကွဲပြားခြားနားသွားတယ်လို့ မှတ် ချက်ပြုခဲ့ကြပါတယ်။ အဲဒီစိတ်ဓာတ် (၂)မျိုးအကြောင်း မြည်းစမ်းကြည့်ရအောင် ----

တိုးတက်မြင့်မားစေသောစိတ်ဓာတ် (Growth Mindset)

တိုးတက်မြင့်မားစေသောစိတ်ဓာတ် (Growth Mindset)ရှိသူဟာ အသစ်အသစ်တွေကို သင်ယူလေ့လာတယ်။ သင်ယူလေ့လာခြင်းဟာ အကောင်းဆုံးပြင်ဆင်ခြင်းပဲလို့ ခံယူထားတယ်။ စွန့်စွန့်စားစားကြိုးစားအားထုတ်ဖို့ စိတ်အားထက်သန်တယ်။ တစ်စုံတစ်ရာကို မအောင်မြင်တဲ့အခါ ဇွဲလုံ့လအပြည့်နဲ့ ထပ်မံကြိုးစား လုပ်ဆောင် တယ်။ သူကိုယ့်သူ ပြန်လည် စိန်ခေါ်နိုင်စွမ်းရှိတယ်။

သူ့ရဲ့အားနည်းချက်ကိုလည်း အသိအမှတ်ပြုလက်ခံပြီး ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိရှိနား လည်အောင် ကြိုးစားတယ်။ ကျရှုံးတဲ့အခါအတိုင်းလည်း သင်ခန်းစာ ယူတယ်။ သူရဲ့ကြိုးစားအား ထုတ်မှုတစ်ခုတည်းသာ ခက်ခဲကျပ်တည်းနေချိန်အတွက် အကောင်းဆုံး အကူအညီဖြစ်တယ်လို့ ယုံကြည်လက်ခံထားတယ်။
သူ့ကို “အရမ်းကြိုးစားတာပဲ” လို့ လူတွေပြောတာကိုလည်း အလွန်နှစ် သက်သဘောကျလေ့ရှိတယ်။ သူ့ရှေ့မှာ တစ်စုံတစ်ယောက်ရဲ့ တိုးတက်အောင်မြင်မှုကို တွေ့မြင် တဲ့အခါ စိတ်ဓာတ်ပိုမိုတက်ကြွသွားတယ်။ သူရဲ့ကြိုးစားအားထုတ်မှုနဲ့ စိတ်နေသဘောထား မြင့်မားမှုတို့ဖြင့်သာ အရာရာကို ဆုံးဖြတ်တယ်။

တိုးတက်မြင့်မားမှုမရှိစေသော စိတ်ဓာတ် (Fix Mindset)

ဒီစိတ်ဓာတ်မျိုးရှိသူဟာ သူတို့လိုချင်တဲ့အရာကို ရရင်လည်း ယူလိုက်မယ်၊ မရရင်လည်း မယူဘူးလို့သာ စဉ်းစားတယ်။ ဒီလူမျိုးဟာ ကံကိုသာ အမြဲအကြောင်းပြတယ်။ အပြစ်ပုံချတယ်။ ဒါ့အပြင် နည်းနည်းလေး ခက်ခဲကြမ်းတမ်းလာပြီဆိုရင် လက်လျှော့အရှုံးပေးလိုက်တယ်။ ခက်ခဲတဲ့ အလုပ်ကို ပျင်းစရာလို့မြင်တယ်။
တစ်ခြားသူတွေလည်း ဒါကို လုပ်ချင်မှာမဟုတ်ဘူးလို့ အမြဲတွေး တယ်။ ကြိမ်ဖန်များစွာ ကြိုးစားအားထုတ်ခြင်း ကို အချိန်ဖြုန်းခြင်းလို့ မြင်တယ်။ သူ့ကိုယ်သူ စိန်ခေါ် နိုင်စွမ်းလည်းမရှိဘူး။ ကျရှုံးတဲ့အခါတိုင်းလည်း သူ့ကိုယ်သူနဲ့ ကံတရားကိုသာ အမြဲအပြစ်တင် တယ်။ သူ့ကို လူတွေက “တော်တော်ကြည့်ကောင်းတာပဲ” လို့ ပြောရင် ကျေနပ်နေတတ်တယ်။ တစ်ပါးသူတို့ရဲ့ အောင်မြင်မှုကို တွေ့မြင်ကြားသိရတဲ့အခါ တုန်လှုပ် ချောက်ခြား နေတယ်။ သူ့ရဲ့ ရှိရင်းစွဲ စွမ်းရည်၊ အတွေးအမြင်တို့ဖြင့်သာ အရာရာကို တစ်ဖက်သတ် ဆုံးဖြတ်တယ်။
အခု စိတ်ဓာတ်(၂)မျိုးအကြောင်း ဖတ်ပြီးပြီဆိုတော့ မိတ်ဆွေမှာရော ဘယ်လို စိတ်ဓာတ် မျိုး ရှိပါသလဲ? ပြန်မေးကြည့်ပါဦး။ Growth Mindset ရှိနေပြီးသားဆိုရင်တော့ ဆက်လက်ထိန်း သိမ်းသွားရုံပေါ့။ Fix Mindset ရှိနေတယ် (ဒါမှမဟုတ်) Fix Mindsetထဲက တစ်ခုခုနဲ့ငြိနေတယ် ဆိုရင်တော့ အမြန်ဆုံးပြုပြင်ဖို့ ကြိုးစားပါ။
ဒီစိတ်ဓာတ်တွေဟာ အလွန်ခိုင်မာလာပြီဆိုရင် ပြောင်းလဲပြုပြင်ဖို့မလွယ်တော့ဘူးလို့ ပညာရှင်တချို့က မှတ်ချက်ပြုခဲ့ပါတယ်။ ဒီစိတ်ဓာတ်(၂) မျိုးရဲ့ ကွာခြားမှုတိုင်းကို သတိပြုမိပြီး ပြုပြင်ကြိုးစားလာပြီဆိုရင်တော့ သင်လည်းအောင်မြင်သူ တစ် ယောက် ဖြစ်လာပါလိမ့်မယ်။
“ ကြိုးစားအားထုတ်မှုဟာ သင့်အတွက် အကောင်းဆုံးအကူအညီပါ။ စဉ်းစားတွေးခေါ်ပုံပြောင်းလဲမှု ဟာ သင့်အတွက် ပြောင်းလဲမှုအခွင့်အလမ်းတံခါးကို ဖွင့်ဟလိုက်တာပါ။”

Credit; ကောင်းစံသာ (ရေကြည်)


Read times
Rate this item
(2 votes)