-->


သင့္ရဲ႕စိတ္မွာေတြးသမ်ွဟာ သင့္ရဲ႔ခႏၶာကိုယ္ကို လုိက္ေလ်ာညီေထြရွိေအာင္ ခိုင္းတတ္လို႔ပါ

သင့္ရဲ႕စိတ္မွာေတြးသမ်ွဟာ သင့္ရဲ႔ခႏၶာကိုယ္ကို လုိက္ေလ်ာညီေထြရွိေအာင္ ခိုင္းတတ္လို႔ပါ google.com

စိတ္ပညာရွင္ေတြရဲ႕ သုေတသနစမ္းသပ္ရွာေဖြခ်က္အရ လူေတြဟာ တေန႔ကို ပ်မ္းမွ်ျခင္းအားျဖင့္ အေတြးေပါင္း ၅ေသာင္းေလာက္ ေတြးတတ္ၾကတယ္။ ဝမ္းနည္းစရာေကာင္းတဲ့ အခ်က္က အဲဒီအေတြးေတြ ထဲက ၈၀ ရာခိုင္နႈန္းဟာ အပ်က္သေဘာေဆာင္တဲ့ အေတြးေတြ ျဖစ္တယ္တဲ့။

အပ်က္သေဘာေဆာင္တဲ့ အေတြးေတြကို ဥပမာ ျပရရင္
- ငါ အဲဒီလို မေျပာခဲ့သင့္ဘူး
- ငါ့ကို သူတို႔ သေဘာမက်ၾကဘူး
- ငါ ဒီအခက္အခဲက ႐ုန္းထြက္ႏိုင္မွာ မဟုတ္ဘူး
- ငါ့ ဆံပင္ပံုစံကို ငါ မႀကိဳက္ဘူး
- ငါ မကတတ္ဘူး
- ငါ ဝိတ္ခ်လို႔ မရဘူး
- ငါ အၿမဲတမ္း ေနာက္က်တတ္တယ္ စသျဖင့္ေတြပါ။

Read-ေအာင္ျမင္သူနဲ႔ မေအာင္ျမင္သူရယ္လုိ႔ ကြဲျပားသြားေစတာ ဒီႏွစ္ခုေၾကာင့္ပါ

အပ်က္သေဘာေဆာင္တဲ့ အေတြးကို လူတိုင္းေတြးတတ္လို႔ ျပႆနာမရွိပါဘူး။ ျပႆနာရွိႏိုင္တာက အဲဒီအေတြးကို အမွန္တကယ္လို႔ ယံုၾကည္သြားရင္ပါ။ အဲဒီလို ယံၾုကည္သြားၿပီဆိုရင္ တကယ္လည္း ေတြးတဲ့အတိုင္း ျဖစ္လာမွာပါ။ 
ဥပမာေပးရရင္
- ငါ အခက္အခဲက ႐ုန္းထြက္ႏိုင္မွာ မဟုတ္ဘူးလို႔ ယံုျကည္ရင္ သင္တကယ္ပဲ ႐ုန္းထြက္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး
- ငါ မကတတ္ဘူးလို႔ ယံုၾကည္ရင္ သင္တကယ္ပဲ ကတတ္မွာ မဟုတ္ေတာ့ဘူး
- ငါ ဝိတ္ခ်လို႔ မရဘူးလို႔ ထင္ရင္ တကယ္လည္း ဝိတ္ခ်လို႔ မရေတာ့ပါဘူး
အဲဒါ ဘာေၾကာင့္လဲဆိုုေတာ့ သင့္ရဲ႕စိတ္မွာ ေတြးသမွ်ဟာ သင့္ရဲ႕ခႏၶာကိုယ္ကို လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ လုပ္ခိုင္းတတ္လို႔ပါ။ သင္ မကတတ္ဘူးဆိုတဲ့ အေတြးက သင့္ခႏၶာကိုယ္ကို မကတတ္ေအာင္ လုပ္ခိုင္းလို႔ သင္ မကတတ္တာပါ။

အခုေရးခဲ့တဲ့အထိကို ဖတ္ၿပီး အပ်က္သေဘာေဆာင္တဲ့ အေတြးဆိုတာ မေကာင္းဘူးလို႔ သာမန္ေလာက္ပဲ ေတြးမိမွာပါ။ ဒါေပမဲ့ အဲဒီအေတြးမ်ိဳးဟာ လူတစ္ေယာက္ကို ေသေစႏိုင္တဲ့ စြမ္းအားရွိတယ္ဆိုေတာ့ လူေတြ မသိၾကပါဘူး။ သိရေအာင္ ေအာက္က အျဖစ္အပ်က္ေလးကို ဖတ္ၾကည့္လိုက္ပါ။

လြန္ခဲ့တဲ့ ႏွစ္အတန္ၾကာက Readers Digest စာေစာင္မွာ ပါတဲ့ နစ္ခ္စစ္ဇ္မန္ (Nick Sitzman) ရဲ႕ တကယ့္အျဖစ္အပ်က္ပါ။ နစ္ခ္ဟာ က်န္းမာၾကံ့ခိုင္ၿပီး ရည္မွန္းခ်က္ႀကီးတဲ့ မီရထားအလုပ္သမား လူရြယ္တစ္ေယာက္ပါ။ သူ႔မွာ ဇနီးနဲ႔ လူမမယ္သားေလး ႏွစ္ေယာက္ရွိပါတယ္။

 နစ္ခ္နဲ႔အလုပ္သမားတစ္ဖြဲ႕ဟာ ရထားတစ္စီးရဲ႕ ရထားတြဲေတြကို လူခြဲၿပီး စစ္ေဆးတဲ့ အလုပ္လုပ္ေနၾကတယ္။ နစ္ခ္ဟာ အေအးခန္း အလံုပိတ္ကုန္တြဲတစ္တြဲကို စစ္ေနရင္း ကုန္တြဲရဲ႕ တံခါးေပါက္ကို ေသာ့ပိတ္မိသြားလို႔ သူအျပင္ကို ျပန္ထြက္မရေတာ့ဘူး။ ေသာ့ကို အျပင္ကပဲ ဖြင့္လို႔ရတယ္။ နစ္ခ္ဟာ သူ႔သူငယ္ခ်င္းေတြကို ေအာ္ေခၚတယ္။ အသံေတြ အက္ကြဲတဲ့အထိ ေအာ္တယ္။ ဘယ္သူမွ မၾကားၾကဘူး။ ဒါနဲ႔ တြဲနံရံကို လက္သီးနဲ႔ ႐ိုက္ထုတယ္။ ဘယ္သူမွ မၾကားၾကဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔အဖြဲ႕သားအားလံုး အလုပ္သိမ္းၿပီး အိမ္ျပန္ကုန္ၾကလို႔ပါ။

 နစ္ခ္ဟာ တြဲနံရံကို လက္သီးနဲ႔ ႐ိုက္ထုတာ ၾကာလာေတာ့ သူလက္ဟာ နာက်င္ၿပီး ေသြးေတြထြက္လာတယ္။ ေနာက္ဆံုးေတာ့ သူဟာ ေမာပန္းအားကုန္ၿပီး စိတ္ေလွ်ာ့လိုက္တယ္။ တြဲၾကမ္းေပၚ လဲက်သြားတယ္။

နစ္ခ္ဟာ ဒီကုန္တြဲေတြေပၚမွာ အလုပ္လုပ္တာ ၾကာၿပီမို႔ ကုန္တြဲေတြဟာ ေရခဲမွတ္အပူခ်ိန္ျဖစ္တဲ့ သုညဒီဂရီမွာ ထားထားတယ္ဆိုတာ သူ သိေနတယ္။ ဒါေၾကာင့္ သူ႔စိတ္ထဲမွာ "ငါ ဒီတြဲထဲက ထြက္မရရင္ ငါတစ္ကိုယ္လံုး ေရခဲၿပီး ေသေတာ့မယ္"လို႔ ေတြးလာမိတယ္။ ဒီအခ်ိန္မွာ လဲက်ေနတဲ့ နစ္ခ္ဟာ သူ႔ခႏၶာကိုယ္မွာ တျဖည္းျဖည္း ေအးစက္လာတာကို ခံစားလာရတယ္။

သူဟာ ေသေတာ့မယ္ဆိုတာကို သိလို႔ သူ႔မွာပါလာတဲ့ ေမာင္းခ်ဓားနဲ႔ တြဲသစ္သားၾကမ္းျပင္မွာ ခုလို ေရးျခစ္စာေရးလိုက္တယ္။ "အခု အရမ္းေအးလာၿပီ။ ငါ့ခႏၶာကိုယ္ဟာ ေအးစက္ၿပီး ထံုလာေနတယ္။ မၾကာခင္ ငါ အိပ္ေပ်ာ္သြားေတာ့မယ္။ ဒါဟာ ငါ့ရဲ႕ ေနာက္ဆံုးစကားေတြပါ"တဲ့။

မနက္ေရာက္တဲ့အခါမွ နစ္ခ္ေပ်ာက္ေနမွန္းသိတဲ့ သူ႔အဖြဲ႕သားေတြက ရထားတြဲေတြကို တစ္တြဲၿပီး တစ္တြဲတက္စစ္ၾကတယ္။ နစ္ခ္ရွိတဲ့ တြဲေပါက္ တံခါးႀကီးကို တြန္းဖြင့္လိုက္ေတာ့ ေခြေခြေလး လဲက်ေနတဲ့ နစ္ခ္ကို ေတြ႕ၾကရတယ္။ နစ္ခ္ဟာ အသက္မရွိေတာ့ပါဘူး။ သူ႔အေလာင္းကို ေဆးရံုပို႔လိုက္တယ္။ ေဆးရံုမွာ ဆရာဝန္ေတြက သူ႔အေလာင္းကို ရင္ခြဲစစ္ေဆးၾကည့္ၾကတယ္။ နစ္ခ္ဟာ တစ္ကိုယ္လံုး ေရခဲတဲ့ ဒဏ္ရာေၾကာင့္ ေသဆံုးခဲ့တာလို႔ မွတ္ခ်က္ခ်ျကတယ္။

စိတ္ဝင္စားစရာ ေကာင္းတာက အဖြဲ႕သားေတြဟာ နစ္ခ္ပိတ္မိေနတဲ့ တြဲမွာ တပ္ဆင္ထားတဲ့ ေလေအးေပးစက္ကို စစ္ေဆးၾကည့္လိုက္ေတာ့ စက္ထဲက ပ်က္ေနတဲ့ ပစၥည္းတစ္ခုကို ျဖဳတ္ၿပီး ျပင္ဆင္ေရး အလုပ္ရံုကို ပို႔ထားတာေၾကာင့္ ေလေအးေပးစက္ အလုပ္မလုပ္တာ တစ္ပတ္ေက်ာ္ေနၿပီဆိုတာကို သိလိုက္ရတယ္။ ၿပီးေတာ့ တြဲထဲက အပူခ်ိန္ကလည္း ျပင္ပက ေႏြရာသီအပူခ်ိန္နဲ႔ သိတ္မကြာပါဘူး။ နစ္ခ္ဘာေၾကာင့္ ေသဆံုးသြားရတာလဲ။ "ငါ ေရခဲၿပီး ေသေတာ့မယ္"ဆိုတဲ့ သူ႔ရဲ႕အပ်က္သေဘာေဆာင္တဲ့ အေတြးက သူ႔ကို သတ္လိုက္တာပါ။

ဒါေၾကာင့္ သင့္မွာ အပ်က္သေဘာေဆာင္တဲ့ အေတြးရွိရင္ သတိႀကီးႀကီး ထားေနပါလို႔။

Credit: ဗန္းေမာ္သိန္းေဖ 

(Unicode Version)

စိတ်ပညာရှင်တွေရဲ့ သုတေသနစမ်းသပ်ရှာဖွေချက်အရ လူတွေဟာ တနေ့ကို ပျမ်းမျှခြင်းအားဖြင့် အတွေးပေါင်း ၅သောင်းလောက် တွေးတတ်ကြတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အချက်က အဲဒီအတွေးတွေ ထဲက ၈၀ ရာခိုင်နှုန်းဟာ အပျက်သဘောဆောင်တဲ့ အတွေးတွေ ဖြစ်တယ်တဲ့။

အပျက်သဘောဆောင်တဲ့ အတွေးတွေကို ဥပမာ ပြရရင်
- ငါ အဲဒီလို မပြောခဲ့သင့်ဘူး
- ငါ့ကို သူတို့ သဘောမကျကြဘူး
- ငါ ဒီအခက်အခဲက ရုန်းထွက်နိုင်မှာ မဟုတ်ဘူး
- ငါ့ ဆံပင်ပုံစံကို ငါ မကြိုက်ဘူး
- ငါ မကတတ်ဘူး
- ငါ ဝိတ်ချလို့ မရဘူး
- ငါ အမြဲတမ်း နောက်ကျတတ်တယ် စသဖြင့်တွေပါ။

အပျက်သဘောဆောင်တဲ့ အတွေးကို လူတိုင်းတွေးတတ်လို့ ပြဿနာမရှိပါဘူး။ ပြဿနာရှိနိုင်တာက အဲဒီအတွေးကို အမှန်တကယ်လို့ ယုံကြည်သွားရင်ပါ။ အဲဒီလို ယြုံကည်သွားပြီဆိုရင် တကယ်လည်း တွေးတဲ့အတိုင်း ဖြစ်လာမှာပါ။
ဥပမာပေးရရင်
- ငါ အခက်အခဲက ရုန်းထွက်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ရင် သင်တကယ်ပဲ ရုန်းထွက်နိုင်မှာ မဟုတ်တော့ပါဘူး
- ငါ မကတတ်ဘူးလို့ ယုံကြည်ရင် သင်တကယ်ပဲ ကတတ်မှာ မဟုတ်တော့ဘူး
- ငါ ဝိတ်ချလို့ မရဘူးလို့ ထင်ရင် တကယ်လည်း ဝိတ်ချလို့ မရတော့ပါဘူး
အဲဒါ ဘာကြောင့်လဲဆိုုတော့ သင့်ရဲ့စိတ်မှာ တွေးသမျှဟာ သင့်ရဲ့ခန္ဓာကိုယ်ကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ခိုင်းတတ်လို့ပါ။ သင် မကတတ်ဘူးဆိုတဲ့ အတွေးက သင့်ခန္ဓာကိုယ်ကို မကတတ်အောင် လုပ်ခိုင်းလို့ သင် မကတတ်တာပါ။

အခုရေးခဲ့တဲ့အထိကို ဖတ်ပြီး အပျက်သဘောဆောင်တဲ့ အတွေးဆိုတာ မကောင်းဘူးလို့ သာမန်လောက်ပဲ တွေးမိမှာပါ။ ဒါပေမဲ့ အဲဒီအတွေးမျိုးဟာ လူတစ်ယောက်ကို သေစေနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတော့ လူတွေ မသိကြပါဘူး။ သိရအောင် အောက်က အဖြစ်အပျက်လေးကို ဖတ်ကြည့်လိုက်ပါ။

လွန်ခဲ့တဲ့ နှစ်အတန်ကြာက Readers Digest စာစောင်မှာ ပါတဲ့ နစ်ခ်စစ်ဇ်မန် (Nick Sitzman) ရဲ့ တကယ့်အဖြစ်အပျက်ပါ။ နစ်ခ်ဟာ ကျန်းမာကြံ့ခိုင်ပြီး ရည်မှန်းချက်ကြီးတဲ့ မီရထားအလုပ်သမား လူရွယ်တစ်ယောက်ပါ။ သူ့မှာ ဇနီးနဲ့ လူမမယ်သားလေး နှစ်ယောက်ရှိပါတယ်။

နစ်ခ်နဲ့အလုပ်သမားတစ်ဖွဲ့ဟာ ရထားတစ်စီးရဲ့ ရထားတွဲတွေကို လူခွဲပြီး စစ်ဆေးတဲ့ အလုပ်လုပ်နေကြတယ်။ နစ်ခ်ဟာ အအေးခန်း အလုံပိတ်ကုန်တွဲတစ်တွဲကို စစ်နေရင်း ကုန်တွဲရဲ့ တံခါးပေါက်ကို သော့ပိတ်မိသွားလို့ သူအပြင်ကို ပြန်ထွက်မရတော့ဘူး။ သော့ကို အပြင်ကပဲ ဖွင့်လို့ရတယ်။ နစ်ခ်ဟာ သူ့သူငယ်ချင်းတွေကို အော်ခေါ်တယ်။ အသံတွေ အက်ကွဲတဲ့အထိ အော်တယ်။ ဘယ်သူမှ မကြားကြဘူး။ ဒါနဲ့ တွဲနံရံကို လက်သီးနဲ့ ရိုက်ထုတယ်။ ဘယ်သူမှ မကြားကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အဖွဲ့သားအားလုံး အလုပ်သိမ်းပြီး အိမ်ပြန်ကုန်ကြလို့ပါ။

နစ်ခ်ဟာ တွဲနံရံကို လက်သီးနဲ့ ရိုက်ထုတာ ကြာလာတော့ သူလက်ဟာ နာကျင်ပြီး သွေးတွေထွက်လာတယ်။ နောက်ဆုံးတော့ သူဟာ မောပန်းအားကုန်ပြီး စိတ်လျှော့လိုက်တယ်။ တွဲကြမ်းပေါ် လဲကျသွားတယ်။

နစ်ခ်ဟာ ဒီကုန်တွဲတွေပေါ်မှာ အလုပ်လုပ်တာ ကြာပြီမို့ ကုန်တွဲတွေဟာ ရေခဲမှတ်အပူချိန်ဖြစ်တဲ့ သုညဒီဂရီမှာ ထားထားတယ်ဆိုတာ သူ သိနေတယ်။ ဒါကြောင့် သူ့စိတ်ထဲမှာ "ငါ ဒီတွဲထဲက ထွက်မရရင် ငါတစ်ကိုယ်လုံး ရေခဲပြီး သေတော့မယ်"လို့ တွေးလာမိတယ်။ ဒီအချိန်မှာ လဲကျနေတဲ့ နစ်ခ်ဟာ သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အေးစက်လာတာကို ခံစားလာရတယ်။

သူဟာ သေတော့မယ်ဆိုတာကို သိလို့ သူ့မှာပါလာတဲ့ မောင်းချဓားနဲ့ တွဲသစ်သားကြမ်းပြင်မှာ ခုလို ရေးခြစ်စာရေးလိုက်တယ်။ "အခု အရမ်းအေးလာပြီ။ ငါ့ခန္ဓာကိုယ်ဟာ အေးစက်ပြီး ထုံလာနေတယ်။ မကြာခင် ငါ အိပ်ပျော်သွားတော့မယ်။ ဒါဟာ ငါ့ရဲ့ နောက်ဆုံးစကားတွေပါ"တဲ့။

မနက်ရောက်တဲ့အခါမှ နစ်ခ်ပျောက်နေမှန်းသိတဲ့ သူ့အဖွဲ့သားတွေက ရထားတွဲတွေကို တစ်တွဲပြီး တစ်တွဲတက်စစ်ကြတယ်။ နစ်ခ်ရှိတဲ့ တွဲပေါက် တံခါးကြီးကို တွန်းဖွင့်လိုက်တော့ ခွေခွေလေး လဲကျနေတဲ့ နစ်ခ်ကို တွေ့ကြရတယ်။ နစ်ခ်ဟာ အသက်မရှိတော့ပါဘူး။ သူ့အလောင်းကို ဆေးရုံပို့လိုက်တယ်။ ဆေးရုံမှာ ဆရာဝန်တွေက သူ့အလောင်းကို ရင်ခွဲစစ်ဆေးကြည့်ကြတယ်။ နစ်ခ်ဟာ တစ်ကိုယ်လုံး ရေခဲတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့တာလို့ မှတ်ချက်ချကြတယ်။

စိတ်ဝင်စားစရာ ကောင်းတာက အဖွဲ့သားတွေဟာ နစ်ခ်ပိတ်မိနေတဲ့ တွဲမှာ တပ်ဆင်ထားတဲ့ လေအေးပေးစက်ကို စစ်ဆေးကြည့်လိုက်တော့ စက်ထဲက ပျက်နေတဲ့ ပစ္စည်းတစ်ခုကို ဖြုတ်ပြီး ပြင်ဆင်ရေး အလုပ်ရုံကို ပို့ထားတာကြောင့် လေအေးပေးစက် အလုပ်မလုပ်တာ တစ်ပတ်ကျော်နေပြီဆိုတာကို သိလိုက်ရတယ်။ ပြီးတော့ တွဲထဲက အပူချိန်ကလည်း ပြင်ပက နွေရာသီအပူချိန်နဲ့ သိတ်မကွာပါဘူး။ နစ်ခ်ဘာကြောင့် သေဆုံးသွားရတာလဲ။ "ငါ ရေခဲပြီး သေတော့မယ်"ဆိုတဲ့ သူ့ရဲ့အပျက်သဘောဆောင်တဲ့ အတွေးက သူ့ကို သတ်လိုက်တာပါ။

ဒါကြောင့် သင့်မှာ အပျက်သဘောဆောင်တဲ့ အတွေးရှိရင် သတိကြီးကြီး ထားနေပါလို့။

Credit: ဗန်းမော်သိန်းဖေ

Read 576 times
Rate this item
(101 votes)