-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့္ကိုယ္ကိုယ္ ဆံုးရွံဳးသြားတဲ႔သူဟာ အရာအားလံုးဆံုးရွံဳးသြားတဲ႔ သူပါ

ကိုယ့္ကိုယ္ကိုယ္ ဆံုးရွံဳးသြားတဲ႔သူဟာ အရာအားလံုးဆံုးရွံဳးသြားတဲ႔ သူပါ google.com

ေလာကၾကီးတစ္ခုလံုးမွာ ကိုယ္ပုိင္ဆိုင္ထားသမွ် အားလံုးဆံုးရွံုးသြားျပီလား။ ပိုင္ဆိုင္မွဳဆုိရာမွာ ပစၥည္းဥစၥာမွ မဟုတ္ပါဘူး။ မိဘ ၊ မိတ္ေဆြ၊ အေပါင္းအသင္း၊ ေမ်ွာ္လင့္ခ်က္ ၊ အလုပ္ အရာရာတိုင္း ပါဝင္ေနပါတယ္။ ကံၾကမၼာအလွည့္အေျပာင္း တစ္ခုေအာက္မွာ

အရာအားလံုးမ်က္လွည္ပလိုက္သလိုမ်ိဳး ပ်က္စီးဆံုးရွံဳးျပီး ကိုယ္ပိုင္ဆိုင္ထားသမွ် လက္လႊတ္ခံလိုက္ရတဲ့အခ်ိန္မ်ိဳးေတြ ၾကံဳဖူးပါသလား။

ေရွ႕တစ္လွမ္းတိုးဖို႕ေတာင္ အားအင္ေတြ မရွိေတာ့တာမ်ိဳး။ ေလာကၾကီးထဲကေန ထြက္ေျပးသြားခ်င္တဲ့ အခ်ိန္မ်ိဳးေတြ ၾကံဳေနျပီလား။တစ္ခုခုလုပ္တဲ့အခါ တိုင္ပင္ဖို႔ သူငယ္ခ်င္းေတြ ကိုယ္လဲက်တဲ့အခါ ထူေပးဖို႕ မိတ္ေဆြေတြ မရွိေတာ့တဲ့အခါ တမ္းတမေနပါနဲ႕။ ကိုယ္ေမြးကတည္းက ကိုယ့္ေဘးနားမွာ လဲက်တဲ့အခ်ိန္ထိ ရွိေနေပးတဲ့ ငါရွိေနေသးတာပဲ။ ငါရွိေနေသးသေရြ႕ ငါ လဲမက်ေစရဘူး။ ငါရွိေနေသးသေရြ႕ ငါ့ကို ဘယ္သူမွတိုက္ခိုက္လုိ႔မရေစရဘူး။ ငါသည္သာ ငါ့ဘဝရဲ႕ ပဲ့ကိုင္ရွင္။

 

လူတိုင္းေတာ့ ဆံုးရွံဳးမွူဆိုတာၾကီးကို ၾကံဳရမွာပဲ။ ကိုယ္ဆံုးရွံဳးသြားတဲ့အရာေပၚမူတည္ျပီးသာ တန္ဖိုးကြာသြား မွာပါ။ တခ်ိဳ႕က မိဘ ဆံုးရွံဳးရတယ္ ၊တခ်ိဳ႕က ေျခလက္ေတြ ဆံုးရွံဳးတယ္၊ တခ်ိဳ႕က မိတ္ေဆြ အေပါင္းအသင္း ေတြ ဆံုးရွံဳးတယ္၊ တခ်ိဳ႕ ပစၥည္းဥစၥာဆံုးရွံုးတယ္၊ တခ်ိဳ႕က ခ်စ္သူဆံုးရွံုးတယ္။ အမ်ိဳးမ်ိဳးပါပဲ။ ဒါေပမယ့္ ကိုယ့္ကုိယ္ကုိယ္ မဆံုုးရွံဳးသြားဖို႕ အေရးၾကီးပါတယ္။

 

ကို္ယ့္ကိုယ္ကိုယ္ ဆံုးရွံဳးသြားတဲ့သူဟာ အရာအားလံုးကို ဆံဳးရွံဳးသြားတဲ့သူပါပဲ။ ကိုယ္အသက္ရွင္သန္ေန ေသးတယ္ဆိုတာကိုက ကိုယ့္အတြက္ ဆုလာဒ္တစ္ခုပဲေလ။ လူတိုင္းရဲ႕ ေဝဖန္မွဳကို ခံရလို႕ဘာမွ လုပ္ခ်င္တာလား ။ စိတ္မပူပါနဲ႕ သင္ဘာမွမလုပ္ရင္ေတာင္ ဘာမွမလုပ္လို႔ဆိုျပီး ေဝဖန္မယ့္ သူေတြက ရွိေနအံုးမွာပါ။ ဘာမွမလုပ္တဲ့သူေတြဆိုလို႔ ေသလူပဲရွိပါတယ္။

 

ကိုယ္ကိုယ္တိုင္ရွင္သန္ေနေသးသေရြ႕ ကိုယ့္ဘဝရဲ႕အနာဂတ္ကို ကိုယ္ဖန္တီးနိုင္ပါေသးတယ္။ ကိုယ္ဖန္တီးထားတဲ့ အရာေတြကို ခံစားနိုင္ခြင့္ရွိပါေသးတယ္။ သူမ်ားေတြကို လက္ညိွဳးလိုက္ထိုးမေနပါနဲ႔။ ကိုယ္ေလွ်ာက္တဲ့လမ္းမၾကီးကို ကုိယ္ကုိယ္တိုင္ပဲ ေလွ်ာက္လွမ္းရမွာပါ. သင့္အစား ဘယ္သူမွ ေလွ်ာက္လွမ္း ေပးနိုင္မွာ မဟုတ္ပါဘူး။

Read-အသက္ ၃၀ အရြယ္အထိ ဘာဆိုဘာမွ အျဖစ္မရွိခဲ့ပါဘူးဆိုတဲ့ လုပ္ငန္းရွင္ၾကီး ၁၀ ဦး

ဘဝဆိုတဲ့တိုက္ပြဲကေတာ့ ကိုယ့္ဘဝရဲ႕ေနာက္ဆံုးခ်ိန္ေရာက္တဲ့အထိ တိုက္ေနရအံုးမွာပဲ။ တိုက္ပြဲတိုင္း မရွံဳးနိုင္သလို တုိက္ပြဲတိုင္း မနိုင္နိုင္ပါဘူး။ ေလာကရဲ႕ သေဘာတရားကိုက ဒီလိုပဲေလ။ ကိုယ္ထိန္းခ်ဳပ္လို႕ မရတဲ့ ကံၾကမၼာကို အျပစ္တင္ေနမယ့္အစား ကိုယ့္ကုိယ္ကိုယ္အေကာင္းဆံုးျပင္ဆင္ျပီး ကိုယ့္ဘဝရဲ႕တိုက္ပြဲ အတြက္ အေတာ္ဆံုးစစ္သည္ေတာ္ေတြ ျဖစ္ပါေစဗ်ာ။

Credit; Minsayar

(Unicode Version)

လောကကြီးတစ်ခုလုံးမှာ ကိုယ်ပိုင်ဆိုင်ထားသမျှ အားလုံးဆုံးရှုံးသွားပြီလား။ ပိုင်ဆိုင်မှုဆိုရာမှာ ပစ္စည်းဥစ္စာမှ မဟုတ်ပါဘူး။ မိဘ ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ မျှော်လင့်ချက် ၊ အလုပ် အရာရာတိုင်း ပါဝင်နေပါတယ်။
ကံကြမ္မာအလှည့်အပြောင်းတစ်ခုအောက်မှာ အရာအားလုံးမျက်လှည့်ပြလိုက်သလိုမျိုး ပျက်စီးဆုံးရှံုးပြီး ကိုယ်ပိုင်ဆိုင်ထားသမျှ လက်လွှတ်ခံလိုက်ရတဲ့အချိန်မျိုးတွေ ကြံုဖူးပါသလား။

ရှေ့တစ်လှမ်းတိုးဖို့တောင် အားအင်တွေ မရှိတော့တာမျိုး။ လောကကြီးထဲကနေ ထွက်ပြေးသွားချင်တဲ့ အချိန်မျိုးတွေ ကြံုနေပြီလား။တစ်ခုခုလုပ်တဲ့အခါ တိုင်ပင်ဖို့ သူငယ်ချင်းတွေ ကိုယ်လဲကျတဲ့အခါ ထူပေးဖို့ မိတ်ဆွေတွေ မရှိတော့တဲ့အခါ တမ်းတမနေပါနဲ့။ ကိုယ်မွေးကတည်းက ကိုယ့်ဘေးနားမှာ လဲကျတဲ့အချိန်ထိ ရှိနေပေးတဲ့ ငါရှိနေသေးတာပဲ။ ငါရှိနေသေးသရွေ့ ငါ လဲမကျစေရဘူး။ ငါရှိနေသေးသရွေ့ ငါ့ကို ဘယ်သူမှတိုက်ခိုက်လို့မရစေရဘူး။ ငါသည်သာ ငါ့ဘဝရဲ့ ပဲ့ကိုင်ရှင်။

လူတိုင်းတော့ ဆုံးရှံုးမှူဆိုတာကြီးကို ကြံုရမှာပဲ။ ကိုယ်ဆုံးရှံုးသွားတဲ့အရာပေါ်မူတည်ပြီးသာ တန်ဖိုးကွာသွား မှာပါ။ တချို့က မိဘ ဆုံးရှံုးရတယ် ၊တချို့က ခြေလက်တွေ ဆုံးရှံုးတယ်၊ တချို့က မိတ်ဆွေ အပေါင်းအသင်း တွေ ဆုံးရှံုးတယ်၊ တချို့ ပစ္စည်းဥစ္စာဆုံးရှံုးတယ်၊ တချို့က ချစ်သူဆုံးရှံုးတယ်။ အမျိုးမျိုးပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မဆုံုးရှံုးသွားဖို့ အရေးကြီးပါတယ်။

ကို်ယ့်ကိုယ်ကိုယ် ဆုံးရှံုးသွားတဲ့သူဟာ အရာအားလုံးကို ဆုံးရှံုးသွားတဲ့သူပါပဲ။ ကိုယ်အသက်ရှင်သန်နေ သေးတယ်ဆိုတာကိုက ကိုယ့်အတွက် ဆုလာဒ်တစ်ခုပဲလေ။ လူတိုင်းရဲ့ ဝေဖန်မှုကို ခံရလို့ဘာမှ လုပ်ချင်တာလား ။ စိတ်မပူပါနဲ့ သင်ဘာမှမလုပ်ရင်တောင် ဘာမှမလုပ်လို့ဆိုပြီး ဝေဖန်မယ့် သူတွေက ရှိနေအုံးမှာပါ။ ဘာမှမလုပ်တဲ့သူတွေဆိုလို့ သေလူပဲရှိပါတယ်။

ကိုယ်ကိုယ်တိုင်ရှင်သန်နေသေးသရွေ့ ကိုယ့်ဘဝရဲ့အနာဂတ်ကို ကိုယ်ဖန်တီးနိုင်ပါသေးတယ်။ ကိုယ်ဖန်တီးထားတဲ့ အရာတွေကို ခံစားနိုင်ခွင့်ရှိပါသေးတယ်။ သူများတွေကို လက်ညှိုးလိုက်ထိုးမနေပါနဲ့။ ကိုယ်လျှောက်တဲ့လမ်းမကြီးကို ကိုယ်ကိုယ်တိုင်ပဲ လျှောက်လှမ်းရမှာပါ. သင့်အစား ဘယ်သူမှ လျှောက်လှမ်း ပေးနိုင်မှာ မဟုတ်ပါဘူး။

ဘဝဆိုတဲ့တိုက်ပွဲကတော့ ကိုယ့်ဘဝရဲ့နောက်ဆုံးချိန်ရောက်တဲ့အထိ တိုက်နေရအုံးမှာပဲ။ တိုက်ပွဲတိုင်း မရှံုးနိုင်သလို တိုက်ပွဲတိုင်း မနိုင်နိုင်ပါဘူး။ လောကရဲ့ သဘောတရားကိုက ဒီလိုပဲလေ။ ကိုယ်ထိန်းချုပ်လို့ မရတဲ့ ကံကြမ္မာကို အပြစ်တင်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးပြင်ဆင်ပြီး ကိုယ့်ဘဝရဲ့တိုက်ပွဲ အတွက် အတော်ဆုံးစစ်သည်တော်တွေ ဖြစ်ပါစေဗျာ။
Credit; Minsayar

Read times
Rate this item
(1 Vote)