-->
×

Warning

JUser: :_load: Unable to load user with ID: 29


အိုင္ဖုန္းက ကြ်န္ေတာ္တိုု႔ကို တ႐ုတ္မွာ မယွဥ္ႏိုင္ဘူး ဆိုတဲ႔ တြမ္ယံုပင္း

အိုင္ဖုန္းက ကြ်န္ေတာ္တိုု႔ကို တ႐ုတ္မွာ မယွဥ္ႏိုင္ဘူး ဆိုတဲ႔ တြမ္ယံုပင္း google.com

နည္းပညာကမၻာမွာ စမတ္ဖုန္းေတြ ဘယ္ေလာက္ပဲထြက္လာလာ၊ အက္ပဲလ္က ေဈးကြက္မွာ အႀကီးဆံုး ေနရာကို ရယူထားဆဲဆိုတာဘယ္သူမွ မျငင္းႏိုင္ပါဘူး။ ဒါေပမဲ့ တ႐ုတ္မွာေတာ့ မတူပါဘူး။

တြမ္ယံုပင္းဟာ ေအာ္ပို(Oppo) နဲ႔ ဗီဗို (Vivo) ဖုန္းလုပ္ငန္းေတြကို ထူ ေထာင္တဲ့ဘီလ်ံနာပါ။ သူ႔ရဲ႕ဖုန္းေတြဟာ မႏွစ္က အက္ပဲလ္ရဲ႕ အိုင္ဖုန္းေတြကို ျဖတ္ေက်ာ္ၿပီး တ႐ုတ္မွာ အေရာင္းရဆံုး စံခ်ိန္တင္ခဲ့ၾကပါတယ္။ အက္ပဲလ္ ရဲ႕ေရာင္းအားကို သူတို႔ေက်ာ္တက္ႏိုင္ ခဲ့တာက အက္ပဲလ္ဟာ ေဒသတြင္း အၿပိဳင္အဆိုင္နဲ႔ လိုက္ေလ်ာ ညီေထြ ျဖစ္ေအာင္ မလုပ္ခဲ့တာေၾကာင့္လို႔ တြမ္က ဘလြန္းဘတ္မဂၢဇင္းကို ေျပာပါတယ္။

ေအာ္ပိုနဲ႔ ဗီဗိုဟာ အက္ပဲလ္က က်င့္သံုးဖို႔ တြန္႔ဆုတ္ေနတဲ့ဗ်ဴဟာေတြကို က်င့္သံုးခဲ့ၾကတယ္။ ဥပမာ အဆင့္ ျမင့္စြမ္းေဆာင္ရည္ေတြ ထည့္ထားတဲ့ ေဈးေပါေပါဖုန္းေတြ ထုတ္တာမ်ိဳးလို႔ တြမ္က ေျပာပါတယ္။

“အက္ပဲလ္က ကြ်န္ေတာ္တို႔ကို တ႐ုတ္မွာ မယွဥ္ႏိုင္ဘူး၊ ဘာေၾကာင့္ဆို သူတို႔မွာလဲ လိုအပ္ခ်က္ေတြ ရွိတယ္”လို႔ အသက္ ၅၆ နွစ္အရြယ္ အီလက္ထရြန္းနစ္လုပ္ငန္းရွင္ႀကီးက ေျပာပါ တယ္။ ‘သူတို႔က တစ္ခါတေလ သိပ္ ေခါင္းမာတယ္၊ သူတို႔ရဲ႕ operating system လိုဟာမ်ိဳးက သိပ္ေကာင္းတယ္၊ ဒါေပမဲ့ တျခားနယ္ပယ္ေတြမွာ ကြ်န္ေတာ္တို႔က သူတို႔ကို ေက်ာ္တက္သြားတယ္”

သည္လိုေျပာလို႔ တြမ္က အိုင္ဖုန္းလုပ္ငန္းႀကီးရဲ႕ ကမၻာ႔အဆင့္ကို အထင္ ေသးေနတာမဟုတ္ပါဘူး။ သူဟာ အ ေမရိကန္ၿပိဳင္ဘက္ကို အထူးေလးစား သူျဖစ္ၿပီး အက္ပဲလ္လုပ္ငန္းမွာ အႀကီးအက်ယ္ ရင္းနွီးျမွဳပ္နွံထားသူ လည္း ျဖစ္ ပါတယ္။ ဒါ့အျပင္ အက္ပဲလ္ အမႈေဆာင္ခ်ဳပ္ တင္မ္ကြတ္ကို အားေပးသူ လည္း ျဖစ္ေနပါတယ္။

“ကြ်န္ေတာ္နဲ႔ တင္မ္ကြတ္ ပြဲေတြမွာ ဆံုဖူးတယ္၊ သူက ကြ်န္ေတာ့္ကို သိခ်င္မွသိမယ္၊ ဒါေပမဲ့ ကြ်န္ေတာ္တို႔ စကား နည္းနည္းေျပာဖူးတယ္၊ ကြ်န္ေတာ္ သူ႕ကို ေတာ္ေတာ္သေဘာက်တယ္”လို႔ တြမ္က ဆိုပါတယ္။
တြမ္ဟာ အက္ပဲလ္ရဲ႕ကုန္ပစၥည္း၊ ရွယ္ယာေဈးနဲ႔ လုပ္ငန္းေဆာင္ရြက္ပံုေတြအေၾကာင္းကို ၂၀၁၃ ခုနွစ္ကစၿပီး ဘေလာ့ဂ္မွာ ေရးတင္ေနသူလည္း ျဖစ္ပါ တယ္။ သူ႕အက်ႌမွာ အိတ္ကပ္ႀကီးႀကီး လိုအပ္ေၾကာင္း၊ ဘာေၾကာင့္ဆို သူ အရမ္းသံုးစြဲတဲ့ အိုင္ဖုန္းတစ္လံုး အပါအဝင္ ဖုန္းေလးလံုးကို သယ္ယူရလို႔ ျဖစ္ေၾကာင္း သူက ေျပာပါတယ္။

‘အက္ပဲလ္က သိပ္ထူးျခားတဲ့ ကုမၸဏီပါ၊ ကြ်န္ေတာ္တို႔ ေလ့လာရမယ့္ စံ နမူနာတစ္ခုပါ”လို႔ တြမ္က ဆိုပါတယ္။ “ကြ်န္ေတာ္တို႔က ဘယ္သူ႕ကိုမွ ေက်ာ္ ျဖတ္ဖို႔ ရည္ရြယ္ခ်က္မရွိပါဘူး၊ အဓိကက ကိုယ့္ကိုယ္ကို ပိုေကာင္းေအာင္ လုပ္ဖို႔ပါ”


ေအာ္ပိုက အက္ပဲလ္ကို ေက်ာ္တက္ႏိုင္ခဲ့တဲ့အျပင္ သူဟာ အႀကီးအ က်ယ္ ရင္းႏွီးျမွဳပ္ႏွံတတ္သူ ျဖစ္တာေၾကာင့္လည္း သူ႕ကို မီဒီယာက တ႐ုတ္ျပည္ရဲ႕ ဝါရင္းဘတ္ဖက္လို႔ ကင္ပြန္းတပ္ ၾကပါတယ္။ ေမာ္စီတုန္းရဲ႕ကြန္ျမဴနစ္ေတာ္လွန္ေရးေပါက္ဖြားခဲ့ရာ က်န္ရွီ ျပည္နယ္မွာ ေမြးဖြားတဲ့ တြမ္ဟာ ႏိုင္ငံ ပိုင္ဓာတ္ဘူးစက္႐ံုမွာ စတင္အလုပ္ လုပ္ခဲ့ပါတယ္။

တ႐ုတ္က အရင္းရွင္စနစ္ကို စတင္ လက္ခံၿပီး ပုဂၢလိကရင္းႏွီးျမွဳပ္နွံမႈလုပ္ဖို႔ တံခါးဖြင့္ခဲ့တဲ့အခ်ိန္ ၁၉၉၀ ဝန္းက်င္မွာ တြမ္ဟာ စက္႐ံုကထြက္ပါတယ္။ သူဟာ တ႐ုတ္ေတာင္ပိုင္း ကြမ္က်ိဳးကို သြားၿပီး အေျခအေန ယိုင္နဲ႔ေနတဲ့ အီလက္ထရြန္းနစ္စက္ရံုတစ္ခုကို လုပ္ကိုင္ခဲ့ပါတယ္။

သူပထမဆံုး ထုတ္လုပ္တဲ့ ပစၥည္းက Family ဂိမ္းေတြနဲ႔ ေခတ္ၿပိဳင္အေခြႏွစ္ကတ္စိုက္ ဆူဘာဂိမ္းစက္ ျဖစ္ပါတယ္။ ယြမ္ ၁၀ဝ ကေန ၄၀ဝ ၾကား ေပးရတဲ့ ဆူဘာဟာ ေဒသတြင္း အၿပိဳင္အဆိုင္ေတြ မရွိတဲ့အတြက္ အထူးေရာင္း ေကာင္းပါတယ္။ သူဟာ သူ႕စက္ကို ကြန္ဖူးမင္းသား ဂ်က္ကီခ်န္းနဲ႔ေတာင္ ေၾကာ္ျငာ ႐ိုက္ပါ ေသးတယ္။ ၁၉၉၅ ခုႏွစ္ မွာေတာ့ ဆူဘာက ရတဲ့အျမတ္ေငြဟာ ယြမ္တစ္ဘီလ်ံကို ေက်ာ္လာခဲ့ပါတယ္။

တြမ္ရဲ႕အက်င့္ကေတာ့ လုပ္ငန္းတစ္ခု ေအာင္ျမင္လာရင္ အဲဒါကို ထားၿပီး ေနာက္လုပ္ငန္းသစ္တစ္ခု စတင္ တတ္တာပါပဲ။ သူဟာ ဒုတိယလုပ္ငန္း အျဖစ္ ဘူဘူေကာ့လုပ္ငန္းကို စတင္ပါ တယ္။ BBK လို႔ ေနာက္ပိုင္းမွာ ေခၚၾက တဲ့ ကုမၸဏီဟာ ဗီစီဒီစက္ေတြ၊ အမ္ပီသရီးစက္ေတြကို ထုတ္လုပ္ေပမဲ့ ေနာက္ပိုင္းမွာ ကမၻာသိ တံဆိပ္ႀကီးေတြနဲ႔ ဒီဗီဒီ စက္ေတြကိုပါ ထုတ္လုပ္ပါတယ္။

၂၀ဝ၇ ခုနွစ္မွာ ပထမဆံုးအိုင္ဖုန္း ထုတ္လုပ္တာဟာ ေအာ္ပိုနဲ႔ ဗီဗို အတြက္ လမ္းဖြင့္ေပးခဲ့ျခင္းျဖစ္ပါတယ္။ ေအာ္ပိုနဲ႔ ဗီဗိုကို ထူေထာင္သူက တစ္ေယာက္တည္းေပမဲ့ ေဈးကြက္ထဲမွာ အ ခ်င္းခ်င္းၿပိဳင္ဆိုင္မႈျပင္းထန္ၿပီး အိႏၵိယ ကေန အေရွ႕ေတာင္အာရွအထိ ေဈး ကြက္အမ်ားအျပားမွာ ေနရာတစ္ခုစီယူ ထားၾကပါတယ္။ သူတို႔ရဲ႕ ေရာင္းအား ဗ်ဴဟာက ဖြံ႕ၿဖိဳးစေဈးကြက္ေတြနဲ႔ ကိုက္ ညီတယ္လို႔ အိုင္စီဒီသုေတသန မန္ေနဂ်ာ ကီရန္ဂ်က္ေကာ က ဆိုပါတယ္။


“ကုမၸဏီေတြက သူတို႔လူေတြကို အေကာင္းဆံုးျဖစ္ေအာင္ ဘယ္လိုေလ့က်င့္ ရမွန္းသိတယ္၊ ဒါဟာ တြမ္ဆီက သူတို႔ ရတဲ့အေမြပဲ”လို႔ ကန္နာေလ့စ္လုပ္ငန္းရဲ႕ အႀကီးတန္းဒါ႐ိုက္တာ နစ္ကိုးပန္က ေျပာပါတယ္။ သူတို႔ဟာ ဆယ္ေက်ာ္ သက္၊ ၂၀ ေက်ာ္၊ ၃၀ ေက်ာ္ အသက္ အရြယ္အပိုင္းအျခားေတြရဲ႕ အေၾကာင္း ေကာင္းေကာင္းသိပါတယ္။

“သူတို႔ရဲ႕မန္ေနဂ်ာေတြက လူငယ္ေတြ ျဖစ္ၿပီး ဘြဲ႕ရၿပီးကတည္းက ကုမၸဏီမွာ အလုပ္ဝင္ၾကတဲ့သူေတြ ျဖစ္တယ္”

သည္ဖုန္းေတြကို ထူေထာင္ျဖစ္ခဲ့တာကေတာ့ တြမ္ အေမရိကန္ကို ေျပာင္းရာက စတာပါပဲ။ ၂၀ဝ၁ ခုႏွစ္ အသက္ ၄၀ အရြယ္မွာ တြမ္ဟာ ရင္း ႏွီးျမႇဳပ္ႏွံမႈနဲ႔ ပရဟိတလုပ္ငန္းကိုပဲ အား စိုက္လုပ္ေတာ့မယ္လို႔ ဆံုးျဖတ္ၿပီး ကယ္လီဖိုးနီးယားကို ေျပာင္းခဲ့ပါတယ္။

၂၀ဝ၀ ျပည့္ႏွစ္ ဒုတိယႏွစ္ဝက္မွာ BBK က ထုတ္တဲ့ ကီးပက္ဖုန္း ေရာင္း အား အထူးက်ဆင္းၿပီး လဲၿပိဳေတာ့ မလို ျဖစ္လာပါတယ္။ ဟြာေဝးနဲ႔ ကူးလ္ပက္ လိုမ်ိဳး ကုမဏီေတြက ယြမ္ ၁၀ဝ၀ ဝန္းက်င္သာေပးရတဲ့ ေဈးခ်ိဳတဲ့ စမတ္ ဖုန္းေတြ ထုတ္လုပ္လာတယ္။ ဒါေၾကာင့္ ေပးရတဲ့ေဈးခ်င္းအတူတူ လူေတြက စမတ္ဖုန္းကိုသာ ကိုင္ခ်င္ၾကတဲ့အတြက္ ကုမၸဏီအထိနာလာတယ္လို႔ တြမ္ က ျပန္ေျပာျပပါတယ္။

အျပင္းအထန္ တိုင္ပင္ၾကၿပီး ေနာက္ BBK ကေန စီးပြားေရး လုပ္ငန္းသစ္ႏွစ္ခု ထပ္မံလုပ္ဖို႔ ဆံုး ျဖတ္ခဲ့ၾကပါတယ္။ ၂၀ဝ၅ ခုႏွစ္မွာ တြမ္နဲ႔ သူ႕တပည့္ တိုနီခ်န္းတို႔ဟာ ကုမဏီသစ္တစ္ခုကို ထူေထာင္ပါတယ္။ ေအာ္ပိုလို႔နာမည္ေပးၿပီး သီခ်င္းဖြင့္စက္ ေတြကို အဓိကထားေရာင္းေပမဲ့ ၂၀၁၁ ခုႏွစ္မွာ စမတ္ဖုန္းေတြကို စတင္ေရာင္းခ်ခဲ့ပါတယ္။ ၂၀ဝ၉ ခုႏွစ္မွာ BBK က ဗီဗိုဆိုတဲ့ တံဆိပ္တစ္ခုကိုထပ္ ဖန္တီးၿပီး တြမ္ရဲ႕တပည့္ ေနာက္တစ္ ေယာက္ျဖစ္တဲ့ ရွန္ေဝက ဦးေဆာင္ ပါတယ္။


ေအာ္ပိုနဲ႔ ဗီဗိုဟာ ေဒသတြင္းက အဆိုေတာ္၊မင္းသား မင္းသမီးေတြကိုသံုးေၾကာ္ျငာၿပီး တ႐ုတ္ႏိုင္ငံတစ္ခြင္မွာ တစ္ဆင့္ခ ံျပန္ေရာင္းခ်ႏိုင္တဲ့ ကြန္ရက္ႀကီးကို အႀကီးအက်ယ္လုပ္ခဲ့ပါတယ္။ သူတို႔ဟာ လူတိုင္းဝယ္ႏိုင္တဲ့ ေဈးနဲ႔ ဖုန္းေတြကို ေရာင္းတာေၾကာင့္ ဆယ္ေက်ာ္သက္နဲ႔ ၂၀ ေက်ာ္ပိုင္းေတြ သေဘာက်ၿပီး သူတို႔ ရဲ႕ စြမ္းေဆာင္ရည္ ေကာင္းမြန္မႈေၾကာင့္ လူလက္ခံလာခဲ့ပါတယ္။ အခုအခ်ိန္မွာ ေအာ္ပိုနဲ႔ ဗီဗိုဟာ အားသြင္းခ်ိန္၊ မမ္မိုရီနဲ႔ ဘက္ထရီသက္တမ္းေတြမွာ အိုင္ဖုန္းထက္ သာလြန္တာေတြ ရွိေနပါၿပီ။

သူတို႔ရဲ႕ႀကိဳးစားမႈ အရာထင္ပါ တယ္။ ဖုန္းႏွစ္မ်ိဳးေပါင္းရင္ ၂၀၁၆ မွာ အလံုးေရ ၁၄၇ သန္းေက်ာ္ ေရာင္းရၿပီး ဟြာေဝးက ၇၆.၆ သန္း၊ အက္ပဲလ္က ၄၄.၉သန္း၊ ေရွာင္းမီက ၄၁. ၅ သန္း ေရာင္းခ်ခဲ့ရပါတယ္။

တြမ္ဟာ အခုေတာ့ ဖုန္းလုပ္ငန္းေတြမွာ ရွယ္ယာအမ်ားႀကီးရွိေနေသးေပမဲ့ ဖုန္းလုပ္ငန္းေတြနဲ႔ ခပ္ခြာခြာသာ ေနပါေတာ့တယ္။ သူက လူသိမ်ားမႈကို ေရွာင္ရွားခ်င္ၿပီး ဂ်ာနယ္လစ္ သူ႕ဇနီးနဲ႔ ကေလးေတြနဲ႔သာ ကယ္လီဖိုးနီးယားမွာ ေအးေအးခ်မ္းခ်မ္းေနခ်င္တယ္လို႔ ဆိုပါတယ္။

Credit; မေနာစင္ [ref: Bloomberg, Techmeme]

Source; Kumudra

(Unicode Version)

နည်းပညာကမ္ဘာမှာ စမတ်ဖုန်းတွေ ဘယ်လောက်ပဲထွက်လာလာ၊ အက်ပဲလ်က ဈေးကွက်မှာ အကြီးဆုံး နေရာကို ရယူထားဆဲဆိုတာဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ တရုတ်မှာတော့ မတူပါဘူး။
တွမ်ယုံပင်းဟာ အော်ပို(Oppo) နဲ့ ဗီဗို (Vivo) ဖုန်းလုပ်ငန်းတွေကို ထူ ထောင်တဲ့ဘီလျံနာပါ။ သူ့ရဲ့ဖုန်းတွေဟာ မနှစ်က အက်ပဲလ်ရဲ့ အိုင်ဖုန်းတွေကို ဖြတ်ကျော်ပြီး တရုတ်မှာ အရောင်းရဆုံး စံချိန်တင်ခဲ့ကြပါတယ်။ အက်ပဲလ် ရဲ့ရောင်းအားကို သူတို့ကျော်တက်နိုင် ခဲ့တာက အက်ပဲလ်ဟာ ဒေသတွင်း အပြိုင်အဆိုင်နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် မလုပ်ခဲ့တာကြောင့်လို့ တွမ်က ဘလွန်းဘတ်မဂ္ဂဇင်းကို ပြောပါတယ်။
အော်ပိုနဲ့ ဗီဗိုဟာ အက်ပဲလ်က ကျင့်သုံးဖို့ တွန့်ဆုတ်နေတဲ့ဗျူဟာတွေကို ကျင့်သုံးခဲ့ကြတယ်။ ဥပမာ အဆင့် မြင့်စွမ်းဆောင်ရည်တွေ ထည့်ထားတဲ့ ဈေးပေါပေါဖုန်းတွေ ထုတ်တာမျိုးလို့ တွမ်က ပြောပါတယ်။
“အက်ပဲလ်က ကျွန်တော်တို့ကို တရုတ်မှာ မယှဉ်နိုင်ဘူး၊ ဘာကြောင့်ဆို သူတို့မှာလဲ လိုအပ်ချက်တွေ ရှိတယ်”လို့ အသက် ၅၆ နှစ်အရွယ် အီလက်ထရွန်းနစ်လုပ်ငန်းရှင်ကြီးက ပြောပါ တယ်။ ‘သူတို့က တစ်ခါတလေ သိပ် ခေါင်းမာတယ်၊ သူတို့ရဲ့ operating system လိုဟာမျိုးက သိပ်ကောင်းတယ်၊ ဒါပေမဲ့ တခြားနယ်ပယ်တွေမှာ ကျွန်တော်တို့က သူတို့ကို ကျော်တက်သွားတယ်”
သည်လိုပြောလို့ တွမ်က အိုင်ဖုန်းလုပ်ငန်းကြီးရဲ့ ကမ္ဘာ့အဆင့်ကို အထင် သေးနေတာမဟုတ်ပါဘူး။ သူဟာ အ မေရိကန်ပြိုင်ဘက်ကို အထူးလေးစား သူဖြစ်ပြီး အက်ပဲလ်လုပ်ငန်းမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသူ လည်း ဖြစ် ပါတယ်။ ဒါ့အပြင် အက်ပဲလ် အမှုဆောင်ချုပ် တင်မ်ကွတ်ကို အားပေးသူ လည်း ဖြစ်နေပါတယ်။
“ကျွန်တော်နဲ့ တင်မ်ကွတ် ပွဲတွေမှာ ဆုံဖူးတယ်၊ သူက ကျွန်တော့်ကို သိချင်မှသိမယ်၊ ဒါပေမဲ့ ကျွန်တော်တို့ စကား နည်းနည်းပြောဖူးတယ်၊ ကျွန်တော် သူ့ကို တော်တော်သဘောကျတယ်”လို့ တွမ်က ဆိုပါတယ်။
တွမ်ဟာ အက်ပဲလ်ရဲ့ကုန်ပစ္စည်း၊ ရှယ်ယာဈေးနဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေအကြောင်းကို ၂၀၁၃ ခုနှစ်ကစပြီး ဘလော့ဂ်မှာ ရေးတင်နေသူလည်း ဖြစ်ပါ တယ်။ သူ့အကျႌမှာ အိတ်ကပ်ကြီးကြီး လိုအပ်ကြောင်း၊ ဘာကြောင့်ဆို သူ အရမ်းသုံးစွဲတဲ့ အိုင်ဖုန်းတစ်လုံး အပါအဝင် ဖုန်းလေးလုံးကို သယ်ယူရလို့ ဖြစ်ကြောင်း သူက ပြောပါတယ်။
‘အက်ပဲလ်က သိပ်ထူးခြားတဲ့ ကုမ္ပဏီပါ၊ ကျွန်တော်တို့ လေ့လာရမယ့် စံ နမူနာတစ်ခုပါ”လို့ တွမ်က ဆိုပါတယ်။ “ကျွန်တော်တို့က ဘယ်သူ့ကိုမှ ကျော် ဖြတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ အဓိကက ကိုယ့်ကိုယ်ကို ပိုကောင်းအောင် လုပ်ဖို့ပါ”

အော်ပိုက အက်ပဲလ်ကို ကျော်တက်နိုင်ခဲ့တဲ့အပြင် သူဟာ အကြီးအ ကျယ် ရင်းနှီးမြှုပ်နှံတတ်သူ ဖြစ်တာကြောင့်လည်း သူ့ကို မီဒီယာက တရုတ်ပြည်ရဲ့ ဝါရင်းဘတ်ဖက်လို့ ကင်ပွန်းတပ် ကြပါတယ်။ မော်စီတုန်းရဲ့ကွန်မြူနစ်တော်လှန်ရေးပေါက်ဖွားခဲ့ရာ ကျန်ရှီ ပြည်နယ်မှာ မွေးဖွားတဲ့ တွမ်ဟာ နိုင်ငံ ပိုင်ဓာတ်ဘူးစက်ရုံမှာ စတင်အလုပ် လုပ်ခဲ့ပါတယ်။
တရုတ်က အရင်းရှင်စနစ်ကို စတင် လက်ခံပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ တံခါးဖွင့်ခဲ့တဲ့အချိန် ၁၉၉၀ ဝန်းကျင်မှာ တွမ်ဟာ စက်ရုံကထွက်ပါတယ်။ သူဟာ တရုတ်တောင်ပိုင်း ကွမ်ကျိုးကို သွားပြီး အခြေအနေ ယိုင်နဲ့နေတဲ့ အီလက်ထရွန်းနစ်စက်ရုံတစ်ခုကို လုပ်ကိုင်ခဲ့ပါတယ်။
သူပထမဆုံး ထုတ်လုပ်တဲ့ ပစ္စည်းက Family ဂိမ်းတွေနဲ့ ခေတ်ပြိုင်အခွေနှစ်ကတ်စိုက် ဆူဘာဂိမ်းစက် ဖြစ်ပါတယ်။ ယွမ် ၁၀ဝ ကနေ ၄၀ဝ ကြား ပေးရတဲ့ ဆူဘာဟာ ဒေသတွင်း အပြိုင်အဆိုင်တွေ မရှိတဲ့အတွက် အထူးရောင်း ကောင်းပါတယ်။ သူဟာ သူ့စက်ကို ကွန်ဖူးမင်းသား ဂျက်ကီချန်းနဲ့တောင် ကြော်ငြာ ရိုက်ပါ သေးတယ်။ ၁၉၉၅ ခုနှစ် မှာတော့ ဆူဘာက ရတဲ့အမြတ်ငွေဟာ ယွမ်တစ်ဘီလျံကို ကျော်လာခဲ့ပါတယ်။
တွမ်ရဲ့အကျင့်ကတော့ လုပ်ငန်းတစ်ခု အောင်မြင်လာရင် အဲဒါကို ထားပြီး နောက်လုပ်ငန်းသစ်တစ်ခု စတင် တတ်တာပါပဲ။ သူဟာ ဒုတိယလုပ်ငန်း အဖြစ် ဘူဘူကော့လုပ်ငန်းကို စတင်ပါ တယ်။ BBK လို့ နောက်ပိုင်းမှာ ခေါ်ကြ တဲ့ ကုမ္ပဏီဟာ ဗီစီဒီစက်တွေ၊ အမ်ပီသရီးစက်တွေကို ထုတ်လုပ်ပေမဲ့ နောက်ပိုင်းမှာ ကမ္ဘာသိ တံဆိပ်ကြီးတွေနဲ့ ဒီဗီဒီ စက်တွေကိုပါ ထုတ်လုပ်ပါတယ်။
၂၀ဝ၇ ခုနှစ်မှာ ပထမဆုံးအိုင်ဖုန်း ထုတ်လုပ်တာဟာ အော်ပိုနဲ့ ဗီဗို အတွက် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အော်ပိုနဲ့ ဗီဗိုကို ထူထောင်သူက တစ်ယောက်တည်းပေမဲ့ ဈေးကွက်ထဲမှာ အ ချင်းချင်းပြိုင်ဆိုင်မှုပြင်းထန်ပြီး အိန္ဒိယ ကနေ အရှေ့တောင်အာရှအထိ ဈေး ကွက်အများအပြားမှာ နေရာတစ်ခုစီယူ ထားကြပါတယ်။ သူတို့ရဲ့ ရောင်းအား ဗျူဟာက ဖွံ့ဖြိုးစဈေးကွက်တွေနဲ့ ကိုက် ညီတယ်လို့ အိုင်စီဒီသုတေသန မန်နေဂျာ ကီရန်ဂျက်ကော က ဆိုပါတယ်။

“ကုမဏီတွေက သူတို့လူတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလေ့ကျင့် ရမှန်းသိတယ်၊ ဒါဟာ တွမ်ဆီက သူတို့ ရတဲ့အမွေပဲ”လို့ ကန်နာလေ့စ်လုပ်ငန်းရဲ့ အကြီးတန်းဒါရိုက်တာ နစ်ကိုးပန်က ပြောပါတယ်။ သူတို့ဟာ ဆယ်ကျော် သက်၊ ၂၀ ကျော်၊ ၃၀ ကျော် အသက် အရွယ်အပိုင်းအခြားတွေရဲ့ အကြောင်း ကောင်းကောင်းသိပါတယ်။
“သူတို့ရဲ့မန်နေဂျာတွေက လူငယ်တွေ ဖြစ်ပြီး ဘွဲ့ရပြီးကတည်းက ကုမ္ပဏီမှာ အလုပ်ဝင်ကြတဲ့သူတွေ ဖြစ်တယ်”
သည်ဖုန်းတွေကို ထူထောင်ဖြစ်ခဲ့တာကတော့ တွမ် အမေရိကန်ကို ပြောင်းရာက စတာပါပဲ။ ၂၀ဝ၁ ခုနှစ် အသက် ၄၀ အရွယ်မှာ တွမ်ဟာ ရင်း နှီးမြှုပ်နှံမှုနဲ့ ပရဟိတလုပ်ငန်းကိုပဲ အား စိုက်လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီး ကယ်လီဖိုးနီးယားကို ပြောင်းခဲ့ပါတယ်။
၂၀ဝဝ ပြည့်နှစ် ဒုတိယနှစ်ဝက်မှာ BBK က ထုတ်တဲ့ ကီးပက်ဖုန်း ရောင်း အား အထူးကျဆင်းပြီး လဲပြိုတော့ မလို ဖြစ်လာပါတယ်။ ဟွာဝေးနဲ့ ကူးလ်ပက် လိုမျိုး ကုမဏီတွေက ယွမ် ၁၀ဝဝ ဝန်းကျင်သာပေးရတဲ့ ဈေးချိုတဲ့ စမတ် ဖုန်းတွေ ထုတ်လုပ်လာတယ်။ ဒါကြောင့် ပေးရတဲ့ဈေးချင်းအတူတူ လူတွေက စမတ်ဖုန်းကိုသာ ကိုင်ချင်ကြတဲ့အတွက် ကုမ္ပဏီအထိနာလာတယ်လို့ တွမ် က ပြန်ပြောပြပါတယ်။
အပြင်းအထန် တိုင်ပင်ကြပြီး နောက် BBK ကနေ စီးပွားရေး လုပ်ငန်းသစ်နှစ်ခု ထပ်မံလုပ်ဖို့ ဆုံး ဖြတ်ခဲ့ကြပါတယ်။ ၂၀ဝ၅ ခုနှစ်မှာ တွမ်နဲ့ သူ့တပည့် တိုနီချန်းတို့ဟာ ကုမဏီသစ်တစ်ခုကို ထူထောင်ပါတယ်။ အော်ပိုလို့နာမည်ပေးပြီး သီချင်းဖွင့်စက် တွေကို အဓိကထားရောင်းပေမဲ့ ၂၀၁၁ ခုနှစ်မှာ စမတ်ဖုန်းတွေကို စတင်ရောင်းချခဲ့ပါတယ်။ ၂၀ဝ၉ ခုနှစ်မှာ BBK က ဗီဗိုဆိုတဲ့ တံဆိပ်တစ်ခုကိုထပ် ဖန်တီးပြီး တွမ်ရဲ့တပည့် နောက်တစ် ယောက်ဖြစ်တဲ့ ရှန်ဝေက ဦးဆောင် ပါတယ်။

အော်ပိုနဲ့ ဗီဗိုဟာ ဒေသတွင်းက အဆိုတော်၊မင်းသား မင်းသမီးတွေကိုသုံးကြော်ငြာပြီး တရုတ်နိုင်ငံတစ်ခွင်မှာ တစ်ဆင့်ခ ံပြန်ရောင်းချနိုင်တဲ့ ကွန်ရက်ကြီးကို အကြီးအကျယ်လုပ်ခဲ့ပါတယ်။ သူတို့ဟာ လူတိုင်းဝယ်နိုင်တဲ့ ဈေးနဲ့ ဖုန်းတွေကို ရောင်းတာကြောင့် ဆယ်ကျော်သက်နဲ့ ၂၀ ကျော်ပိုင်းတွေ သဘောကျပြီး သူတို့ ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် လူလက်ခံလာခဲ့ပါတယ်။ အခုအချိန်မှာ အော်ပိုနဲ့ ဗီဗိုဟာ အားသွင်းချိန်၊ မမ်မိုရီနဲ့ ဘက်ထရီသက်တမ်းတွေမှာ အိုင်ဖုန်းထက် သာလွန်တာတွေ ရှိနေပါပြီ။
သူတို့ရဲ့ကြိုးစားမှု အရာထင်ပါ တယ်။ ဖုန်းနှစ်မျိုးပေါင်းရင် ၂၀၁၆ မှာ အလုံးရေ ၁၄၇ သန်းကျော် ရောင်းရပြီး ဟွာဝေးက ရ၆.၆ သန်း၊ အက်ပဲလ်က ၄၄.၉သန်း၊ ရှောင်းမီက ၄၁. ၅ သန်း ရောင်းချခဲ့ရပါတယ်။
တွမ်ဟာ အခုတော့ ဖုန်းလုပ်ငန်းတွေမှာ ရှယ်ယာအများကြီးရှိနေသေးပေမဲ့ ဖုန်းလုပ်ငန်းတွေနဲ့ ခပ်ခွာခွာသာ နေပါတော့တယ်။ သူက လူသိများမှုကို ရှောင်ရှားချင်ပြီး ဂျာနယ်လစ် သူ့ဇနီးနဲ့ ကလေးတွေနဲ့သာ ကယ်လီဖိုးနီးယားမှာ အေးအေးချမ်းချမ်းနေချင်တယ်လို့ ဆိုပါတယ်။

Credit; မနောစင် [ref: Bloomberg, Techmeme]
Source; Kumudra

 

Read times
Rate this item
(0 votes)