-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ္ထဲမွာ ကိုယ့္ရဲ႕ကိုယ္ပိုင္ Brand ကို ဘယ္လိုဖန္တီးယူမလဲ?

အလုပ္ထဲမွာ ကိုယ့္ရဲ႕ကိုယ္ပိုင္ Brand ကို ဘယ္လိုဖန္တီးယူမလဲ? google.com

ကိုယ့္ CV ကို ျမင္လိုက္တာနဲ႔ ကုမၸဏီေတြက ‘ဟာ… သူ႔ကို သိတာေပါ့၊ သူက သိပ္ေတာ္တာ’ ဆိုၿပီး ကိုယ့္ကို အလုပ္တန္းခန္႔ခ်င္ေနတဲ့အျဖစ္မ်ိဳးကို မလိုခ်င္တဲ့သူ မရိွေလာက္ပါဘူး။

အဲဒီလိုမ်ိဳး တျခားလူေတြက ကိုယ့္ရဲ႕ ကိုယ္ပိုင္ Image ကို သတိထားမိေလာက္ေအာင္ လုပ္ယူလို႔ရနိုင္တဲ့ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေပါင္းသင္းဆက္ဆံတတ္မႈ (Communication Skills)

ျမန္မာအခ်င္းခ်င္းဆိုရင္ ျပႆနာမရိွေပမယ့္ နိုင္ငံျခားသားနဲ႔ဆိုရင္ေတာ့ ကိုယ့္ရဲ႕ ဘာသာစကားကၽြမ္းကၽင္မွဳ ကလည္း ဒီေနရာမွာ စကားေျပာပါတယ္။ ေပါင္းသင္းဆက္ဆံတယ္ဆိုတဲ့ေနရာမွာ အရမ္း ေျမွာက္ပင္႔ ေျပာဆိုရမယ္၊ အၿမဲအလုိလိုက္အႀကိဳက္ေဆာင္ေနရမယ္လို႔ လံုး၀မဆိုလိုပါဘူး။ ယဥ္ေက်းတဲ့ အသံုးအႏႈန္း၊ မွန္ကန္တဲ့ အေျပာအဆို၊၊ ေဖာ္ေရြတဲ့ အမူအရာေတြသာရိွမယ္ဆိုရင္ လံုေလာက္ပါတယ္။

၂။ အရည္အေသြးျပည့္၀ကၽြမ္းကၽင္မႈ (Professionalism)

Meeting ေတြ၊ Social Event ေတြတက္တဲ့အခါ ကိုယ့္ရဲ႕ Professional ဆန္တဲ့ ၀တ္စားဆင္ယင္မႈကလည္း တစိတ္တပိုင္း အေရးပါပါတယ္။ ထို႔အတူ ကိုယ့္ရဲ႕ လုပ္ငန္းကၽြမ္းကၽင္မႈကို ေဖာ္ျပနိုင္တဲ့ ထိထိေရာက္ေရာက္ ေဆြးေႏြးတင္ျပနိုင္မႈကလည္း အေရးႀကီးပါတယ္။ ေနာက္ဆက္တဲြအေနနဲ႔ ကိုယ္တင္ျပလိုက္တဲ့ကိစၥကို တကယ္တမ္းေဆာင္ရြက္တဲ့အခါ ရႈံးသည္ျဖစ္ေစ၊ ေအာင္ျမင္သည္ျဖစ္ေစ အဆံုးထိတာ၀န္ယူတတ္တဲ့ Professional ဆန္မႈကေတာ့ အေရးႀကီးဆံုးျဖစ္ပါတယ္။

 Read-ေအာင္ျမင္သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္အပိုင္းအစ

၃။ အလုပ္ႀကိဳးစားမႈ (Hard Work)

ဘယ္ေလာက္ပဲ မိုးပ်ံေအာင္ ေတာ္ေနပါေစ၊ အလုပ္မႀကိဳးစားပဲ အခ်ိန္ဆဲြေနတတ္တဲ့သူမ်ိဳးကို ဘယ္ကုမၸဏီကမွ မလိုခ်င္ၾကပါဘူး။ အဲဒီလိုဆိုလုိ႔အလုပ္ကို ဘယ္သူမွမေရာက္ခင္ အေစာႀကီးလာ၊ အရမ္းေနာက္က်မွ ျပန္ရမယ္လို႔ မဆိုလိုပါဘူး။ ကိုယ့္တစ္ေန႔အလုပ္တစ္ေန႔ၿပီးေအာင္ မွန္မွန္ေလးနဲ႔ ေရသာမခိုပဲ လုပ္မယ္ဆိုရင္ပဲ လံုေလာက္မႈရိွပါၿပီ။ ဒါေပမယ့္ သူမ်ားထက္ပိုေအာင္ျမင္ခ်င္ရင္ သူမ်ားထက္ပိုႀကိဳးစားရမယ္ဆိုတာေတာ့ မမွားတဲ့နိယာမတစ္ခု ျဖစ္ပါတယ္။

၄။ မိမိကိုယ္ကို ယံုၾကည္မႈ (Confidence)

ဒီအခ်က္က အထက္က နံပါတ္ ၁၊ ၂နဲ႔ ဆက္စပ္မႈ ရိွပါတယ္။ မိမိကိုယ္ကို ႏွိမ့္ခ်တတ္တာနဲ႔ ေၾကာက္တတ္တာနဲ႔ လံုး၀မတူပါဘူး။ အလုပ္ရွင္ေတြကလည္း ဒါကိုခဲြျခားသိတတ္ၾကပါတယ္။ လူေတြအမ်ားႀကီးေရွ႕မွာ Presentation လုပ္ရေတာ့မယ္ဆိုရင္ အေၾကာင္းအရာ၊ အေတြ႕အႀကံဳနဲ႔ Confidence က အေရးႀကီးဆံုး လက္နက္ေတြ ျဖစ္ပါတယ္။ ယံုၾကည္မႈရိွရိွ တင္ဆက္နိုင္မႈကို သေဘာမက်တဲ့ အလုပ္ရွင္ မရိွပါဘူး။

၅။ ကၽင့္၀တ္လိုက္နာျခင္းနဲ႔ ကိုယ္ရည္ကိုယ္ေသြး (Ethic & Personality)

ဒီနွစ္ခုကို ေခါင္းစဥ္တစ္ခုအေနနဲ႔ ေပါင္းလုိက္ရတဲ့အေၾကာင္းအရင္းကေတာ့ သူတို႔နွစ္ခုရဲ႕ ဆက္စပ္မႈေၾကာင့္ပဲ ျဖစ္ပါတယ္။ ကိုယ္ရည္ကိုယ္ေသြးေကာင္းတယ္လုိ႔ သတ္မွတ္ခံရတဲ့ လူတစ္ေယာက္ဟာ လူ႔ကၽင့္၀တ္နဲ႔မညီတဲ့ ကိစၥေတြကို ခ်ိဳးေဖာက္ဖို႔ ေတာ္ေတာ္ေလး ရာခိုင္ႏႈန္းနည္းသြားပါျပီ။ အဲဒီလုိပဲ အျပန္အလွန္အေနနဲ႕ ကိုယ္ကၽင့္တရားေကာင္းတဲ့သူေတြအတြက္ Personality ေကာင္းေအာင္ လုပ္ယူဖို႔ လံုး၀မခက္ခဲေတာ့ပါဘူး။

Credit: Cho Nwe Htun

(Unicode Version)

ကိုယ့် CV ကို မြင်လိုက်တာနဲ့ ကုမ္ပဏီတွေက ‘ဟာ… သူ့ကို သိတာပေါ့၊ သူက သိပ်တော်တာ’ ဆိုပြီး ကိုယ့်ကို အလုပ်တန်းခန့်ချင်နေတဲ့အဖြစ်မျိုးကို မလိုချင်တဲ့သူ မရှိလောက်ပါဘူး။ အဲဒီလိုမျိုး တခြားလူတွေက ကိုယ့်ရဲ့ ကိုယ်ပိုင် Image ကို သတိထားမိလောက်အောင် လုပ်ယူလို့ရနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပေါင်းသင်းဆက်ဆံတတ်မှု (Communication Skills)
မြန်မာအချင်းချင်းဆိုရင် ပြဿနာမရှိပေမယ့် နိုင်ငံခြားသားနဲ့ဆိုရင်တော့ ကိုယ့်ရဲ့ ဘာသာစကားကျွမ်းကျင်မှု ကလည်း ဒီနေရာမှာ စကားပြောပါတယ်။ ပေါင်းသင်းဆက်ဆံတယ်ဆိုတဲ့နေရာမှာ အရမ်း မြှောက်ပင့် ပြောဆိုရမယ်၊ အမြဲအလိုလိုက်အကြိုက်ဆောင်နေရမယ်လို့ လုံးဝမဆိုလိုပါဘူး။ ယဉ်ကျေးတဲ့ အသုံးအနှုန်း၊ မှန်ကန်တဲ့ အပြောအဆို၊၊ ဖော်ရွေတဲ့ အမူအရာတွေသာရှိမယ်ဆိုရင် လုံလောက်ပါတယ်။

၂။ အရည်အသွေးပြည့်ဝကျွမ်းကျင်မှု (Professionalism)
Meeting တွေ၊ Social Event တွေတက်တဲ့အခါ ကိုယ့်ရဲ့ Professional ဆန်တဲ့ ၀တ်စားဆင်ယင်မှုကလည်း တစိတ်တပိုင်း အရေးပါပါတယ်။ ထို့အတူ ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို ဖော်ပြနိုင်တဲ့ ထိထိရောက်ရောက် ဆွေးနွေးတင်ပြနိုင်မှုကလည်း အရေးကြီးပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကိုယ်တင်ပြလိုက်တဲ့ကိစ္စကို တကယ်တမ်းဆောင်ရွက်တဲ့အခါ ရှုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ အဆုံးထိတာဝန်ယူတတ်တဲ့ Professional ဆန်မှုကတော့ အရေးကြီးဆုံးဖြစ်ပါတယ်။

၃။ အလုပ်ကြိုးစားမှု (Hard Work)
ဘယ်လောက်ပဲ မိုးပျံအောင် တော်နေပါစေ၊ အလုပ်မကြိုးစားပဲ အချိန်ဆွဲနေတတ်တဲ့သူမျိုးကို ဘယ်ကုမ္ပဏီကမှ မလိုချင်ကြပါဘူး။ အဲဒီလိုဆိုလို့အလုပ်ကို ဘယ်သူမှမရောက်ခင် အစောကြီးလာ၊ အရမ်းနောက်ကျမှ ပြန်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်တစ်နေ့အလုပ်တစ်နေ့ပြီးအောင် မှန်မှန်လေးနဲ့ ရေသာမခိုပဲ လုပ်မယ်ဆိုရင်ပဲ လုံလောက်မှုရှိပါပြီ။ ဒါပေမယ့် သူများထက်ပိုအောင်မြင်ချင်ရင် သူများထက်ပိုကြိုးစားရမယ်ဆိုတာတော့ မမှားတဲ့နိယာမတစ်ခု ဖြစ်ပါတယ်။

၄။ မိမိကိုယ်ကို ယုံကြည်မှု (Confidence)
ဒီအချက်က အထက်က နံပါတ် ၁၊ ၂နဲ့ ဆက်စပ်မှု ရှိပါတယ်။ မိမိကိုယ်ကို နှိမ့်ချတတ်တာနဲ့ ကြောက်တတ်တာနဲ့ လုံးဝမတူပါဘူး။ အလုပ်ရှင်တွေကလည်း ဒါကိုခွဲခြားသိတတ်ကြပါတယ်။ လူတွေအများကြီးရှေ့မှာ Presentation လုပ်ရတော့မယ်ဆိုရင် အကြောင်းအရာ၊ အတွေ့အကြုံနဲ့ Confidence က အရေးကြီးဆုံး လက်နက်တွေ ဖြစ်ပါတယ်။ ယုံကြည်မှုရှိရှိ တင်ဆက်နိုင်မှုကို သဘောမကျတဲ့ အလုပ်ရှင် မရှိပါဘူး။

၅။ ကျင့်ဝတ်လိုက်နာခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေး (Ethic & Personality)
ဒီနှစ်ခုကို ခေါင်းစဉ်တစ်ခုအနေနဲ့ ပေါင်းလိုက်ရတဲ့အကြောင်းအရင်းကတော့ သူတို့နှစ်ခုရဲ့ ဆက်စပ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးကောင်းတယ်လို့ သတ်မှတ်ခံရတဲ့ လူတစ်ယောက်ဟာ လူ့ကျင့်ဝတ်နဲ့မညီတဲ့ ကိစ္စတွေကို ချိုးဖောက်ဖို့ တော်တော်လေး ရာခိုင်နှုန်းနည်းသွားပါပြီ။ အဲဒီလိုပဲ အပြန်အလှန်အနေနဲ့ ကိုယ်ကျင့်တရားကောင်းတဲ့သူတွေအတွက် Personality ကောင်းအောင် လုပ်ယူဖို့ လုံးဝမခက်ခဲတော့ပါဘူး။
Credit: Cho Nwe Htun

Read times
Rate this item
(2 votes)