-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေအာင္ျမင္တဲ့ Online Business တစ္ခုျဖစ္ဖို႔ လိုအပ္တဲ့ အခ်က္ (8) ခ်က္

ေအာင္ျမင္တဲ့ Online Business တစ္ခုျဖစ္ဖို႔ လိုအပ္တဲ့ အခ်က္ (8) ခ်က္ google.com

web ပိုင္းဆိုင္ရာမွာ အျမဲ ျပည့္စံုအားရစရာ ျဖစ္ေနပါေစ

web ဆိုတဲ့ အထဲမွာ သင့္ရဲ့ website ေတြ social media profile ေတြ page ေတြ ထားလံုးပါဝင္ပါတယ္။ သင့္ရဲ့ brand အတြက္ web ပိုင္းဆိုင္ရာအားလံုးကို

အရည္အေသြးျမွင့္ထားရမွာပါ။ ဥပမာ – သင့္ရဲ့ social media page ေတြ website ေတြအားလံုးမွာ သင့္လုပ္ငန္းရဲ့အေၾကာင္း အျမဲ update ျဖစ္ေနမယ့္ အခ်က္အလက္ေတြကို ထည့္ထားသင့္တဲ့အျပင္ လူသံုးမ်ားျပီး လိုက္ေလ်ာညီေထြျဖစ္မယ့္ keyword ေတြသံုးသင့္ပါတယ္။ ဒါေတြဟာ ေနာက္ပိုင္းေစ်းကြက္တိုးခ်ဲ့မယ့္ေနရာမွာ အသံုးဝင္လာမွာပါ။

Customer ေတြရဲ့ သတင္းအခ်က္အလက္ေတြကို လံုလံုျခံဳျခံဳသိမ္းဆည္းေပးပါ

online ကရသမ်ွ customer ေတြရဲ့ အခ်က္အလက္ေတြကို လံုျခံဳစြာ သိမ္းထားေပးဖို႔ သင့္မွာတာဝန္ရွိပါတယ္။ အခ်က္အလက္ေတြအားလံုးကို device အမ်ိဳးမ်ိဳးမွာ သိမ္းထားျပီး back up လုပ္ထားသင့္တာပါ။ ဒါ့အျပင္သံုးသမ်ွ system အားလံုးကို update လုပ္ထားသင့္ျပီး သင္ခြင့္ျပဳထားသူေတြသာ ဝင္ေရာက္အသံုးျပဳခြင့္ရွိဖို႔ ထိန္းခ်ဳပ္စီမံထားသင့္ပါတယ္။ မလိုအပ္ေတာ့ အခ်က္အလက္ေတြ (ဥပမာ- credit card နဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြ) ကို အလိုအေလ်ာက္ဖ်က္ေပးနိုင္တဲ့ system မ်ိဳးေတြလည္း သံုးသင့္ပါတယ္။

ျပိဳင္ဖက္ေတြကို ေလ့လာပါ

သင့္ရဲ့ ျပိဳင္ဖက္ေတြအေၾကာင္း သိထားဖို႔ကလည္း အေရးၾကီးပါတယ္။ ဒါမွသာ သင့္ကိုေက်ာ္ျပီး ဘာလို႔သူတို႔ကို customer ေတြက ေရြးသလဲ ဒါမွမဟုတ္ သင့္ရဲ့ျပိဳင္ဖက္ေတြကိုေက်ာ္ျပီး သင့္ကို ဘာေၾကာင့္ေရြးသလဲဆိုတာ သိနိုင္မွာပါ။ သင့္ရဲ့ ျပိဳင္ဖက္ေတြ အသံုးျပဳတတ္တဲ့ social media ေတြအေၾကာင္းကိုလည္း သတိျပဳ ေလ့လာ သင့္ပါတယ္။ ဒါ့အျပင္ သူတို႔သံုးတတ္တဲ့ keyword ေတြကို google ကေပးထားတဲ့ tools ေတြသံုးျပီး ေလ့လာၾကည့္ပါ။

Online မွာ နာမည္ေကာင္းရပါေစ

Online business မွာ အဓိကကေတာ့ ကိုယ့္ brand ရဲ့ ဂုဏ္သတင္းေကာင္းေကာင္းပ်ံ႔ေနဖို႔ပါပဲ။ အမွားအေသးစားတစ္ခုခုလုပ္မိရင္ေတာင္ သင့္ရဲ့ brand ကို နာမည္ပ်က္ေစနိုင္ပါတယ္။ ဒါအတြက္ ေသာ့ခ်က္ကေတာ့ ထိန္းခ်ဳပ္မႈပါပဲ။ သင့္ရဲ့ brand အတြက္ google alerts notification ေတြ သံုးထားပါ။ ဒါမွသာ သင့္ရဲ့ brand အေၾကာင္းေျပာထားသမ်ွကို သိနိုင္ပါလိမ့္မယ္။ ဒါ့အျပင္ သင္ျဖစ္ေစခ်င္တဲ့ branding နဲဲ႔ social media လမ္းညႊန္ခ်က္ေတြကို တရားဝင္သတ္မွတ္ထားေပးတာကလည္း ေနာက္ပိုင္း သင့္ရဲ့ brand ကိုု ကိုယ္စားျပဳ ေရးသားတင္ျပသူေတြအတြက္ သတိျပဳစရာတစ္ခုျဖစ္လာေစမွာပါ။

Internet connection ေကာင္းေကာင္းရပါေစ

Internet connection ေကာင္းေကာင္းရဖို႔အတြက္ ပိုက္ဆံသံုးရာမွာ မနွေျမာပါနဲ႔။ Connection မေကာင္းတဲ့အခါ အေရးၾကီးတဲ့ order ေတြ customer ေမးခြန္းေတြကို လက္လြတ္သြားနိုင္လို႔ အခ်ိန္တိုအတြင္းမွာပဲ သင့္ရဲ့လုပ္ငန္းရပ္ဆိုင္းသြားနိုင္ပါတယ္။

အျမဲတမ္း up-to-date ျဖစ္ေနပါေစ

Online ေလာကဆိုတာ အျမဲတမ္းေျပာင္းလဲတိုးတက္ေနတာမ်ိဳးပါ။ အျပင္ေလာကမွာထက္ အလ်ွင္အျမန္ တိုးတက္ေနတဲ့အျပင္ social media ပိုင္းမွာလည္း အျမဲတမ္း သစ္လြင္ ေျပာင္းလဲ ေနတာေတြ႔ရမွာပါ။ သင့္ရဲ့ web page ေတြ social media page ေတြဟာလည္း အစဥ္အျမဲ ထိပ္ဆံုးက up to date ျဖစ္ေနမွသာ Online marketing နဲ႔ branding ပိုင္းမွာ ေအာင္ျမင္မွာပါ။

ဇြဲရွိပါ

ဒါကေတာ့ business ေလာကထဲကို ဝင္လိုက္တာနဲ႔ မျဖစ္မေန လက္ခံရမယ့္ အခ်က္ပါ။  သင္သာ မွန္မွန္ကန္ကန္လုပ္မယ္ဆိုရင္ မဆုတ္မနစ္ၾကိဳးစားခဲ့တဲ့အက်ိဳးေတြကို ျပန္ခံစားရမွာပါပဲ။ သင့္အတြက္ လိုအပ္တာက ဇြဲရွိဖို႔နဲ႔ ကိုယ့္ရည္ရြယ္ခ်က္ကို အာရုံစိုက္ဖို႔ပါ။

အဆံုးသတ္ေတြကို နားလည္သေဘာေပါက္ပါ

တခ်ိဳ႔ အၾကံအစည္ေတြကေတာ့ က်ဆံုးတတ္တာ ဓမၼတာပါပဲ။ သင့္ရဲ့အၾကံအစည္ လံုးဝ မေအာင္ျမင္ နိုင္ေတာ့ဘူး ဆိုတဲ့အခ်ိန္ကို သတိျပဳမိပါေစ။ ေသဆံုးျပီးသားအရာကို ျပန္အသက္သြင္းမရေတာ့ဘူးဆိုတာလက္ခံပါ။ ျပီးေတာ့ လိုအပ္ရင္ ေနာက္တစ္ခုေျပာင္းစဥ္းစားဖို႔ မေၾကာက္ပါနဲ႔။

နိဂံုးခ်ဳပ္အေနနဲ႔ ေျပာခ်င္တာကေတာ့ business တစ္ခုကို ေအာင္ေအာင္ျမင္ျမင္ထူေထာင္ဖို႔ အခက္အခဲေတြေတာ့ ရွိမွာပါပဲ။ ဒီလိုအခက္အခဲေတြကို ေလ်ာ့ပါးရင္ဆိုင္နိုင္ဖို႔ အေကာင္းဆံုးနည္းလမ္းက အခ်ိန္ယူေလ့လာျပီးမွ ျဖည္းျဖည္းမွန္မွန္ တိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ဆိုတာ မေမ့ပါနဲ႔။ 

Credit; Myanmar Online Entrepreneur

(Unicode Version)

web ပိုင်းဆိုင်ရာမှာ အမြဲ ပြည့်စုံအားရစရာ ဖြစ်နေပါစေ

web ဆိုတဲ့ အထဲမှာ သင့်ရဲ့ website တွေ social media profile တွေ page တွေ ထားလုံးပါဝင်ပါတယ်။ သင့်ရဲ့ brand အတွက် web ပိုင်းဆိုင်ရာအားလုံးကို အရည်အသွေးမြှင့်ထားရမှာပါ။ ဥပမာ – သင့်ရဲ့ social media page တွေ website တွေအားလုံးမှာ သင့်လုပ်ငန်းရဲ့အကြောင်း အမြဲ update ဖြစ်နေမယ့် အချက်အလက်တွေကို ထည့်ထားသင့်တဲ့အပြင် လူသုံးများပြီး လိုက်လျောညီထွေ​ဖြစ်​မယ့် keyword တွေသုံးသင့်ပါတယ်။ ဒါတွေဟာ နောက်ပိုင်းစျေးကွက်တိုးချဲ့မယ့်နေရာမှာ အသုံးဝင်လာမှာပါ။

Customer တွေရဲ့ သတင်းအချက်အလက်တွေကို လုံလုံခြုံခြံုသိမ်းဆည်းပေးပါ

online ကရသမျှ customer တွေရဲ့ အချက်အလက်တွေကို လုံခြံုစွာ သိမ်းထားပေးဖို့ သင့်မှာတာဝန်ရှိပါတယ်။ အချက်အလက်တွေအားလုံးကို device အမျိုးမျိုးမှာ သိမ်းထားပြီး back up လုပ်ထားသင့်တာပါ။ ဒါ့အပြင်သုံးသမျှ system အားလုံးကို update လုပ်ထားသင့်ပြီး သင်ခွင့်ပြုထားသူတွေသာ ဝင်ရောက်အသုံးပြုခွင့်ရှိဖို့ ထိန်းချုပ်စီမံထားသင့်ပါတယ်။ မလိုအပ်တော့ အချက်အလက်တွေ (ဥပမာ- credit card နဲ့ပတ်သက်တဲ့အချက်အလက်တွေ) ကို အလိုအလျောက်ဖျက်ပေးနိုင်တဲ့ system မျိုးတွေလည်း သုံးသင့်ပါတယ်။

ပြိုင်ဖက်တွေကို လေ့လာပါ

သင့်ရဲ့ ပြိုင်ဖက်တွေအကြောင်း သိထားဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှသာ သင့်ကိုကျော်ပြီး ဘာလို့သူတို့ကို customer တွေက ရွေးသလဲ ဒါမှမဟုတ် သင့်ရဲ့ပြိုင်ဖက်တွေကိုကျော်ပြီး သင့်ကို ဘာကြောင့်ရွေးသလဲဆိုတာ သိနိုင်မှာပါ။ သင့်ရဲ့ ပြိုင်ဖက်တွေ အသုံးပြုတတ်တဲ့ social media တွေအကြောင်းကိုလည်း သတိပြု လေ့လာ သင့်ပါတယ်။ ဒါ့အပြင် သူတို့သုံးတတ်တဲ့ keyword တွေကို google ကပေးထားတဲ့ tools တွေသုံးပြီး လေ့လာကြည့်ပါ။

Online မှာ နာမည်ကောင်းရပါစေ

Online business မှာ အဓိကကတော့ ကိုယ့် brand ရဲ့ ဂုဏ်သတင်းကောင်းကောင်းပျံ့နေဖို့ပါပဲ။ အမှားအသေးစားတစ်ခုခုလုပ်မိရင်တောင် သင့်ရဲ့ brand ကို နာမည်ပျက်စေနိုင်ပါတယ်။ ဒါအတွက် သော့ချက်ကတော့ ထိန်းချုပ်မှုပါပဲ။ သင့်ရဲ့ brand အတွက် google alerts notification တွေ သုံးထားပါ။ ဒါမှသာ သင့်ရဲ့ brand အကြောင်းပြောထားသမျှကို သိနိုင်ပါလိမ့်မယ်။ ဒါ့အပြင် သင်ဖြစ်စေချင်တဲ့ branding နဲဲ့ social media လမ်းညွှန်ချက်တွေကို တရားဝင်သတ်မှတ်ထားပေးတာကလည်း နောက်ပိုင်း သင့်ရဲ့ brand ကိုု ကိုယ်စားပြု ရေးသားတင်ပြသူတွေအတွက် သတိပြုစရာတစ်ခုဖြစ်လာစေမှာပါ။

Internet connection ကောင်းကောင်းရပါစေ
Internet connection ကောင်းကောင်းရဖို့အတွက် ပိုက်ဆံသုံးရာမှာ မနှမြောပါနဲ့။ Connection မကောင်းတဲ့အခါ အရေးကြီးတဲ့ order တွေ customer မေးခွန်းတွေကို လက်လွတ်သွားနိုင်လို့ အချိန်တိုအတွင်းမှာပဲ သင့်ရဲ့လုပ်ငန်းရပ်ဆိုင်းသွားနိုင်ပါတယ်။
အမြဲတမ်း up-to-date ဖြစ်နေပါစေ

Online လောကဆိုတာ အမြဲတမ်းပြောင်းလဲတိုးတက်နေတာမျိုးပါ။ အပြင်လောကမှာထက် အလျှင်အမြန် တိုးတက်နေတဲ့အပြင် social media ပိုင်းမှာလည်း အမြဲတမ်း သစ်လွင် ပြောင်းလဲ နေတာတွေ့ရမှာပါ။ သင့်ရဲ့ web page တွေ social media page တွေဟာလည်း အစဉ်အမြဲ ထိပ်ဆုံးက up to date ဖြစ်နေမှသာ Online marketing နဲ့ branding ပိုင်းမှာ အောင်မြင်မှာပါ။

ဇွဲရှိပါ

ဒါကတော့ business လောကထဲကို ဝင်လိုက်တာနဲ့ မဖြစ်မနေ လက်ခံရမယ့် အချက်ပါ။ သင်သာ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် မဆုတ်မနစ်ကြိုးစားခဲ့တဲ့အကျိုးတွေကို ပြန်ခံစားရမှာပါပဲ။ သင့်အတွက် လိုအပ်တာက ဇွဲရှိဖို့နဲ့ ကိုယ့်ရည်ရွယ်ချက်ကို အာရုံစိုက်ဖို့ပါ။

အဆုံးသတ်တွေကို နားလည်သဘောပေါက်ပါ

တချို့ အကြံအစည်တွေကတော့ ကျဆုံးတတ်တာ ဓမ္မတာပါပဲ။ သင့်ရဲ့အကြံအစည် လုံးဝ မအောင်မြင် နိုင်တော့ဘူး ဆိုတဲ့အချိန်ကို သတိပြုမိပါစေ။ သေဆုံးပြီးသားအရာကို ပြန်အသက်သွင်းမရတော့ဘူးဆိုတာလက်ခံပါ။ ပြီးတော့ လိုအပ်ရင် နောက်တစ်ခုပြောင်းစဉ်းစားဖို့ မကြောက်ပါနဲ့။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ business တစ်ခုကို အောင်အောင်မြင်မြင်ထူထောင်ဖို့ အခက်အခဲတွေတော့ ရှိမှာပါပဲ။ ဒီလိုအခက်အခဲတွေကို လျော့ပါးရင်ဆိုင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက အချိန်ယူလေ့လာပြီးမှ ဖြည်းဖြည်းမှန်မှန် တိုးတက်အောင် လုပ်ဆောင်ဖို့ဆိုတာ မမေ့ပါနဲ့။

 

Read times
Rate this item
(0 votes)