-->
×
Warning
JUser: :_load: Unable to load user with ID: 29
သင် ကမ္ဘာကြီးကိုရွေးချယ်ပါ၊ ကမ္ဘာကြီးက သင့်ကိုမရွေးချယ်ပါစေနဲ့
သင် ကမ္ဘာကြီးကိုရွေးချယ်ပါ၊ ကမ္ဘာကြီးက သင့်ကိုမရွေးချယ်ပါစေနဲ့ google.com
အချိန်အခါ တော်တော်များများမှာ ကျွန်တော်တို့ဟာ သူများကို အသက်ရှင်ပြနေတယ်။ သူများတွေ ဘယ်လို အသက်ရှင်နေသလဲဆိုတာကိုလည်း စိတ်ဝင်တစား ကြည့်နေတတ်တယ်။
သူများတွေ ဘယ်လိုထင်တယ်၊ ဘယ်လိုခံစားတယ်၊ ဘယ်လို မှတ်ချက်ပြုတယ်၊ ဘယ်လို ပြောလာတယ် စသည်ဖြင့် တစ်ဖြေးဖြေးနဲ့ သိသိသာသာ၊ မသိမသာ သူများခံစားချက် ကြိုးကိုင်ရာ အောက်မှာ ရောက်မှန်းမသိရောက်ရှိပြီး မျက်နာဖုံးစွတ်တတ်လာပါတယ်။
စိတ်ထဲမှာ စဉ်းစားနေတာကတစ်မျိုး မျက်နာအမူအရာကတစ်မျိုး ပြောထွက်လာတဲ့စကားက နောက်တစ်မျိုး အလိုလို ဟန်ဆောင်တဲ့ဘ၀ကို ကျရောက်သွားပါတယ်။ စိတ်ချမ်းသာစေချင်လို့၊ အားနာလို့ အထင်လွှဲမှာ စိုးလို့၊ မကြိုက်ဘူး ထင်လို့ အထင်သေးသွားမှာစိုးလို့၊ တစ်မျိုးမြင်သွားမှာ ကြောက်လို့၊ ဒါတွေအခြေခံပြီး လူမူဆက်ဆံ ပါတော့တယ်။
Read-ကိုယ့်ဘ၀ကို တစ်နေ့ တစ်ခြားတိုးတက်စေနည်း
သင့်ကို မနှစ်သက်တဲ့ လူများအဖို့ သင်ကောင်းတဲ့အကွက် ဘယ်လိုပဲ ရွေးပြရွေးပြ သင်ကောင်းလေ သူတို့ မကြည်လေ ဖြစ်နေမှာပဲ၊ ဒီလိုဆိုရင်...ဘာလို့ အပင်ပမ်းခံပြီး သူ့ကို အထင်ကြီးအောင် ကြိုးစားတော့မှာလဲ
သင်လျှောက်လှမ်းခဲ့ရတဲ့ လမ်းခရီး၊ သင်ပင်ပမ်းခဲ့ရတဲ့ အတွေ့အကြုံ သင့်စိတ်ထဲက ခံစားချက်၊ သူတို့ သိကြမှာ မဟုတ်ပါ။
သင်ဟာ ဒီကမ္ဘာကြီးကို ရွေးချယ်သူ ဖြစ်သင့်ပါတယ်။ ဒီကမ္ဘာကြီးက သင့်ကို ရွေးချယ်တာမျိုး မဖြစ်သင့်ပါဘူး၊
ကိုယ့်ကိုယ်ကို လမ်းကြောင်းမယ်၊ ကိုယ့်ကိုယ်ကို ပဲ့ကိုင်မယ်၊ကိုယ့်ပုံစံနဲ့ကိုယ် အသက်ရှင်မယ်။
သူများကို အသက်ရှင်ပြဖို့ လုံးဝ စိတ်မကူးသင့်တော့ပါဘူး။
(Unicode Version)
အချိန်အခါ တော်တော်များများမှာ ကျွန်တော်တိုု့ဟာ သူများကိုု အသက်ရှင်ပြနေတယ်။ သူများတွေ ဘယ်လိုု အသက်ရှင်နေသလဲဆိုုတာကိုုလည်း စိတ်ဝင်တစား ကြည့်နေတတ်တယ်။
သူများတွေ ဘယ်လိုုထင်တယ်၊ ဘယ်လိုုခံစားတယ်၊ ဘယ်လိုု မှတ်ချက်ပြုတယ်၊ ဘယ်လိုု ပြောလာတယ် စသည်ဖြင့် တစ်ဖြေးဖြေးနဲ့ သိသိသာသာ၊ မသိမသာ သူများခံစားချက် ကြိုးကိုုင်ရာ အောက်မှာ ရောက်မှန်းမသိရောက်ရှိပြီး မျက်နာဖုံးစွတ်တတ်လာပါတယ်။
စိတ်ထဲမှာ စဉ်းစားနေတာကတစ်မျိုး မျက်နာအမူအရာကတစ်မျိုး ပြောထွက်လာတဲ့စကားက နောက်တစ်မျိုး အလုုိလိုု ဟန်ဆောင်တဲ့ဘဝကိုု ကျရောက်သွားပါတယ်။ စိတ်ချမ်းသာစေချင်လိုု့၊ အားနာလိုု့ အထင်လွှဲမှာ စိုုးလိုု့၊ မကြိုက်ဘူး ထင်လိုု့ အထင်သေးသွားမှာစိုုးလိုု့၊ တစ်မျိုးမြင်သွားမှာ ကြောက်လိုု့၊ ဒါတွေအခြေခံပြီး လူမူဆက်ဆံ ပါတော့တယ်။
အချိန်ကြာလာတော့ အရင်းနီးဆုုံး လူတွေရဲ့ ရှေ့မှာတောင်မှဒီမျက်နာဖုုံးဟာ ချွတ်လိုု့မရ ဖြစ်လာပါတယ်။ ချွတ်လည်း မချွတ်ချင်တော့ပါ။ သေသေချာချာ ပြန်လည် စမ်းစစ်ကြည့်လိုုက်တော့ တစ်ခုုခုုတော့ မှားနေတာ အမှန်ပါ။ သင့်ကိုု တကယ်ချစ်တဲ့ လူများဟာ သင်ကောင်းစားတာကိုု မြင်ချင်နေမှာပဲ သူတိုု့လည်း ပကတိဖြစ်တဲ့ သင့်ကိုု သိချင်မြင်ချင် နေကြမှာပါ။
သင့်ကိုု မနှစ်သက်တဲ့ လူများအဖိုု့ သင်ကောင်းတဲ့အကွက် ဘယ်လိုုပဲ ရွေးပြရွေးပြ သင်ကောင်းလေ သူတိုု့ မကြည်လေ ဖြစ်နေမှာပဲ၊ ဒီလိုုဆိုုရင်...ဘာလိုု့ အပင်ပမ်းခံပြီး သူ့ကိုု အထင်ကြီးအောင် ကြိုးစားတော့မှာလဲ
သူများကိုု အသက်ရှင်ပြရတဲ့ ဘဝဟာ အချိန်ကုုန်တယ်၊ ပင်ပန်းတယ်၊ ပြီးရင် စိတ်မောတယ်။ နောက်ဆုံုးတော့ ပျော်ရွှင်မူအစစ်နဲ့ ဝေးဝေးသွားရပါတယ်။ အခြားသူများဟာ အခြားသူများသာ ဖြစ်တယ်။
သင်လျှောက်လှမ်းခဲ့ရတဲ့ လမ်းခရီး၊ သင်ပင်ပမ်းခဲ့ရတဲ့ အတွေ့အကြံု သင့်စိတ်ထဲက ခံစားချက်၊ သူတိုု့ သိကြမှာ မဟုုတ်ပါ။
သင်ဟာ ဒီကမ္ဘာကြီးကိုု ရွေးချယ်သူ ဖြစ်သင့်ပါတယ်။ ဒီကမ္ဘာကြီးက သင့်ကိုု ရွေးချယ်တာမျိုး မဖြစ်သင့်ပါဘူး၊
ကိုုယ့်ကိုုယ်ကိုု လမ်းကြောင်းမယ်၊ ကိုုယ့်ကိုုယ်ကိုု ပဲ့ကိုုင်မယ်၊ကိုုယ့်ပုံုစံနဲ့ကိုုယ် အသက်ရှင်မယ်။
သူများကိုု အသက်ရှင်ပြဖိုု့ လုံုးဝ စိတ်မကူးသင့်တော့ပါဘူး။
Credit; Sayar Aung Ko Latt
Read times
Rate this item
(1 Vote)