-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာကဏ္ဍအတွက် print Advertising ရဲ့ရပ်တည်မှု

ကြော်ငြာကဏ္ဍအတွက် print  Advertising ရဲ့ရပ်တည်မှု google.com

ကြော်ငြာသည် လူတွေငွေသုံးချင်အောင် လှုံ့ဆော်ပေးနေခြင်းဖြစ်ရာ ဈေးကွက်စီးပွားရေးစနစ်တွင် ကြော်ငြာ သည် လိုအပ်ချက်ဖြစ်သည်။ ယနေ့ခေတ်တွင် နည်းပညာများတိုးတက်လာသည်နဲ့အမျှ နည်းပညာကို အခြေပြုပြီး ကြော်ငြာလုပ်ငန်းကလည်း ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါပြီ။

သို့သော် ဘယ်လိုပဲ ကြော်ငြာ လုပ်ငန်းများ တိုးတက်လာနေသော်လည်း Print Advertising ရဲ့ရပ်တည်မှုက ပျောက်ကွယ် မသွားသေးပါဘူး။

နေရာတိုင်းမှာ ရှိနေနိုင်တဲ့ Customerတွေအတွက် မိမိတို့ရဲ့လုပ်ငန်းကြော်ငြာကလဲ နေရာတိုင်းမှာ ရှိသင့်ပါတယ်။ ဒီကနေ့ခေတ်မှာ Internetသုံးစွဲမှု မြှင့်တက်လာပေမယ့်လည်း နေရာ၊ဒေသ အမျိုမျိုး ကွဲပြားသွားတဲ့ Customerတွေကို လက်မလွတ်ရလေအောင် Digital မီဒီယာတွေမှာ ကြော်ငြာယုံသာမက Traditional မီဒီယာဖြစ်တဲ့ Print Ads တွေမှာလည်း ဈေးကွက်ချဲ့ထွင်ဖို့လိုအပ်ပါတယ်။

ကြော်ငြာရှင်များဟာ Online Marketing အနေနဲ့ Digital Channel မျိုးစုံနဲ့ Website တွေမှာ ကြောငြာ ထည့်သွင်းမှုတွေကို ပြုလုပ်လာပေမယ့်လည်း တိုးတက်လာတဲ့ နည်းပညာတွေအရ ကြော်ငြာတွေကို Block လုပ်တဲ့ ၀န်ဆောင်မှုတွေကလည်း ပေါ်ထွက်လာပါတယ်။ ဒီ Ads-blockerတွေဟာ Online Advertising အတွက် စိန်ခေါ်မှုတစ်ရပ်ပါ။ ဒါ့ကြောင့် Offline Marketing ဖြစ်တဲ့ Print Ads တွေဟာ Customer တွေဆီ ကြော်ငြာတိုက်ရိုက်ပို့ဆောင်နိုင်တဲ့ ရွေးချယ်စရာ Ads တစ်ခုအဖြစ် ရပ်တည်နေနိုင်တာပါ။

Print Ads တွေကို အကျိုးရှိရှိအသုံးချပြီး Customer တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုခိုင်ခိုင်မာမာယူလိုက်ပါ။
Print Ads ကထိတွေ့လို့ရတဲ့ ခံစားမှုကိုပေးပါတယ်။ မှုင်နံ့လေးကို ရှုရှိုက်နိုင်သလို စာရွက်သားလေးကိုပါ ထိတွေ့ခံစားနိုင်စေတဲ့ ဒီ Print Ads တွေဟာ ပိုမိုမှတ်မိလွယ်စေပါတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါ့ကြောင့် ဒီလို Customer တွေနဲ့ အနီးစပ်ဆုံးထိတွေ့နိုင်စေတဲ့ Print Ads တွေကို ချန်လှပ်ထားလို့ကို မရနိုင်ပါ။

Source; Yangon Directory

(Unicode Version)

Source; Yangon Directory

Read times
Rate this item
(1 Vote)