-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေး လုပ်ငန်းတစ်ခုအတွက် ဖေ့ဘွတ်ပေ့ခ်ျတစ်ခုရှိဖို့ ဘာ့ကြောင့် လိုအပ်တာလဲ?

စီးပွားရေး လုပ်ငန်းတစ်ခုအတွက် ဖေ့ဘွတ်ပေ့ခ်ျတစ်ခုရှိဖို့ ဘာ့ကြောင့် လိုအပ်တာလဲ? google.com

ဖေ့ဘွတ်ဟာ လူမှုကွန်ရက်တစ်ခုထက် ပိုမိုတဲ့ search engine တစ်ခုအဖြစ်တောင် မြန်မာနိုင်ငံမှာ ထမ်းဆောင်ပါတယ်။ မနက်အိပ်ယာနိုးတဲ့အချိန်ကနေ ညအိပ်ယာဝင်တဲ့အချိန်ထိ လက်ကိုင်ဖုန်းတွေနဲ့စပြီး လက်ကိုင်ဖုန်းတွေနဲ့ဆုံးတယ်။ အဲဒီမှာ ဖေ့ဘွတ်ရဲ့ အခန်းကဏ္ဍက ကြီးကြီးမားမားပါဝင်နေတယ်။

စီးပွားရေးလုပ်ငန်းကြီးငယ်လတ်တွေကလည်း ဒီသဘောတရားကိုနားလည်လာတာနဲ့အမျှ သူတို့ရဲ့ ဈေးကွက်ရှာဖွေရေးဘက်ဂျက်တွေကို offline ကနေပြီး online ဘက်ကိုရွှေ့လာတယ်။

 

စီးပွားရေးလုပ်ဖို့ဆိုရင် ဖေ့ဘွတ်က အရာအားလုံးထက် အခရာကျလာတယ်။

စီးပွားရေးလုပ်ငန်းတိုင်း ဘာလို့ ဖေ့ဘွတ်ပေ့ခ်ျတစ်ခုရှိသင့်တာလဲဆိုတော့

၁။ မြန်မာနိုင်ငံမှာ ဖေ့ဘွတ်အသုံးပြုသူဟာ သန်း ၂၀ ၀န်းကျင်မှာရှိပါတယ်။ ဒီလူအစုအဝေးဟာ စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ ဘယ်လိုမှ မျက်ကွယ်မပြုထားနိုင်တဲ့ပမာဏပါ။

၂။ ဖြစ်နိုင်ချေရှိတဲ့ ၀ယ်သူတွေကို လွယ်လွယ်ကူကူနဲ့ ချိတ်ဆက်နိုင်တယ်။

ဖေ့ဘွတ်ဟာ အသုံးပြုသူတွေရဲ့ နေရာ၊ အသက်၊ စိတ်ပါဝင်စားမှု၊ အသုံးစရိတ်ပုံစံအစရှိတဲ့ တိကျတဲ့ ဒေတာတွေကို ပေးနိုင်တာကြောင့် ကိုယ့်ရဲ့ဖြစ်နိုင်ချေအရှိဆုံးဈေးကွက်ကို ချိတ်ဆက်နိုင်ပါတယ်။

၃။ ဈေးကွက်ရှာဖွေရေးအသုံးစရိတ်ကိုလျှော့ချနိုင်တယ်။

ဖေ့ဘွတ်မှာကြော်ငြာရတာက အခုနောက်ပိုင်းမှာ ဈေးကြီးလာတယ်ဆိုပေမယ့် ဖေ့ဘွတ်မှာငွေကြေးအသုံးချပြီး ထိုးဖောက်ရတာက ဂျာနယ်တွေမှာကြော်ငြာတာထက်တော့ သက်သာနေဆဲပါပဲ။ ထိရောက်မှုလည်း ပိုများပါတယ်။

၎။ ဈေးကွက်ကို တိတိကျကျရွေးချယ် ထိုးဖောက်နိုင်တယ်။

တီဗီကြော်ငြာ တစ်ခုဟာ ဘယ်သူတွေကိုပဲ ပြချင်တယ်ဆိုတာမျိုးလုပ်လို့မရဘူး။ အဲဒီအတွက် ဖြစ်နိုင်ချေ ဆိုတာက တစ်နိုင်ငံလုံးမြင်နိုင်တယ်ဆိုပေမယ့် တကယ်တမ်းက ကိုယ့်ရဲ့ ဈေးကွက်မဟုတ်တဲ့သူတွေ အများကြီးပဲ။ ဥပမာ အမျိုးသမီးအသုံးအဆောင်တစ်ခုကို တီဗီမှာကြော်ငြာတဲ့အခါ အမျိုးသားတွေမြင်တွေ့မှုက ဘာမှအကျိုးသက်ရောက်မှုမရှိဘူး။ ဖေ့ဘွတ်ကတော့ ကိုယ်ရွေးချယ်ချင်တဲ့ဈေးကွက်ကို အတိအကျ ရွေးချယ် လို့ရတယ်။ ဒါက မားကက်တင်းရဲ့STPမှာ အရေးအကြီးဆုံးပဲမလား။

၅။ ကိုယ့်ရဲ့ အခြေအနေဘယ်လိုရှိလဲဆိုတာကိုအချိန်နဲ့အမျှသိနိုင်တယ်။

တီဗီကြော်ငြာတစ်ခု ပေါက်မပေါက်ဆိုတာ၊ မဂ္ဂဇင်း ဂျာနယ်တစ်ခုပေါက်မပေါက်ဆိုတာကို တိုင်းတာဖို့က တော်တော်ခက်ပေမယ့် ဖေ့ဘွတ်ပေါ်တင်ထားတဲ့ပို့စ်တစ်ခု ပေါက်မပေါက်ဆိုတာကတော့ အချိန်နဲ့အမျှ တပြေးညီသိနိုင်တယ်။ အဲဒီထက်ပိုကောင်းတာက ဘယ်နေရာတွေက နှစ်သက်တာလဲ၊ ဘယ်လိုအသက်အရွယ် အတိုင်းအတာလဲတွေ ကအစသိနိုင်တယ်။ အချက်အလက်တွေဟာ ဈေးကွက်ရှာဖွေရေးအတွက်တော့ ရွှေလိုအဖိုးတန်ပါတယ်။

၆။ ၀ယ်သူတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်တယ်။

ကိုယ်ဟာ ပိုင်ရှင်တစ်ယောက်ဆိုရင် ၀ယ်သမျှဖောက်သည်တိုင်းနဲ့ ထိတွေ့နိုင်ဖို့ဆိုတာက မလွယ်ကူတဲ့အရာ။ အဲဒီထက်ပိုမလွယ်တာက ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ပါ။ ဖေ့ဘွတ်ကတော့ ၀ယ်သူနဲ့ ရောင်းသူကြား ဆက်သွယ်ရေး အခက်အခဲကိုပြေလည်စေနိုင်တယ်။ ပိုမိုဆက်သွယ်မှုကောင်းမွန်စေတယ်။

၇။ ကိုယ့်ပြိုင်ဘက်တွေကို စောင့်ကြည့်နိုင်တယ်။
ထူးခြားတဲ့ အသုံးဝင်မှုလို့ ပြောရမလားပဲ။ ဖေ့ဘွတ်မှာ ကိုယ်နဲ့လုပ်ငန်းတူတဲ့ ပြိုင်ဘက်ပေ့ခ်ျတွေကို စောင့်ကြည့်စာရင်းထဲထည့်ပြီး စွမ်းဆောင်ရည်ချင်းကို နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့အားနည်းချက်တွေကိုပြင်ဆင်တာ၊ အတုယူတာတွေလုပ်လို့ရပါတယ်။

၈။ လုပ်ငန်းကို လူသားဆန်စေတယ်။
ဖေ့ဘွတ်ပေ့ခ်ျရှိခြင်းက လုပ်ငန်းကို ပိုပြီးလူသားဆန်ဆန်မြင်နိုင်ဖို့ အကူအညီပေးတယ်။ လုပ်ငန်းတစ်ခုကို လူသားဆန်ဆန်မြင်စေခြင်းက ၀ယ်သူတွေနဲ့စကားပြောဆိုဆက်ဆံတဲ့အခါမှာ အထောက်အကူပေးပါတယ်။ မြန်မာနိုင်ငံက ပေ့ခ်ျတွေထဲမှာ KFC Page လိုမျိုး။ နိုင်ငံခြားကပေ့ခ်ျတွေထဲမှာ Wendy လိုမျိုးတွေပါ။

Credit; Thurein Hlaing Win

Read times
Rate this item
(1 Vote)