-->
×

Warning

JUser: :_load: Unable to load user with ID: 29


ယုံကြည်ခြင်းမခံရသူသည် ခေါင်းဆောင်ကောင်းတစ်ယောက် ဘယ်တော့မှ ဖြစ်မလာနိုင်ပါ

ယုံကြည်ခြင်းမခံရသူသည် ခေါင်းဆောင်ကောင်းတစ်ယောက် ဘယ်တော့မှ ဖြစ်မလာနိုင်ပါ google.com

ခေါင်းဆောင်တစ်ယောက်ဟာ ပညာအရည်အချင်းပိုင်းဆိုင်ရာမှာ အဘယ်သို့သော အစွမ်းအစတွေနဲ့ ပြည့်စုံနေပါစေ။ မိမိချက်မှတ်ထားတဲ့လမ်းကြောင်း၊ မိမိသတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ၀န်ထမ်းတွေ တက်ညီလက်ညီ လိုက်နာဖို့ဆိုရင်တော့

မိမိအပေါ်ဝန်ထမ်းတွေ ယုံကြည်မှုရှိဖို့က သိပ်အရေးကြီး လာပြန်ပါတယ်။

System ကျကျလည်ပတ်နေပြီးသော ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းခွင်တွေမှာသာ သင်ကခေါင်းဆောင် တစ်ယောက်ဖြစ်နေခဲ့ရင်တော့ မဆိုသာလှပေမယ့် အကယ်၍များသင်ဟာ အသစ်စတင်တည်ထောင်စ လုပ်ငန်းတစ်ခု ဒါမှမဟုတ် ဖရိုဖရဲ ကစဉ့်ကလျား ဖြစ်နေတဲ့ အဖွဲ့အစည်းတစ်ခုကို သင်တာဝန်ယူရတဲ့ အခါမျိုးမှာဆို သင်ချမှတ်တဲ့ လမ်းကြောင်း သင်အုပ်ချုပ်မယ့်စနစ်ကိုသင်နဲ့ လက်တွဲလုပ်ကိုင်မယ့် ၀န်ထမ်းတွေရဲ့ “ယုံကြည်မှု” အပြည့်ရှိဖို့လိုကြောင်းကို သင်ကောင်းကောင်းနားလည်လာပါလိမ့်မယ်။

သင်သူတို့အပေါ်ထားတဲ့ စိတ်သဘောထားမှန်ကန်မှု ၊ ခေါင်းဆောင်ကောင်းပီသမှု သနားကြင်နာမှု၊ ဘက်မလိုက်မှု လုပ်ငန်းအပေါ်စစ်မှန်တဲ့ စိတ်စေတနာနဲ့ ကြိုးစားမှုအစရှိတဲ့ စိတ်ဓါတ်မျိုးတွေအပါ် ယုံကြည်မှု အပြည့်ရှိလာကြတဲ့အချိန်မှာ

ယုံကြည်မှုနဲ့ထပ်တူ အကောင်းဆုံးတွေ ဖြစ်လာဖို့လည်း စိတ်နှလုံးသားထဲက ပြင်းပြင်းပြပြဆန္ဒပြရင်း ယုံကြည်မှုကနေ လက်တွေ့ဖြစ်ဖို့က ထက်သန်တဲ့ ဆန္ဒသာ ရှိနေခဲ့မယ်ဆိုရင် သင်ရဲ့စစ်မှန်တဲ့ နှလုံးသားအပေါ် ယုံကြည်မှုအပြည့်ရှိပြီး သူတို့ရဲ့ လက်တွေကို သင့်ကိုကမ်းပေးခြင်းအားဖြင့် သင်တို့ တက်ညီလက်ညီနဲ့ အောင်မြင်တဲ့ “Team” တစ်ခု ဖြစ်လာမှာ ဖြစ်သလို သင်ကိုယ်တိုင်လည်း ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။

 

Read times
Rate this item
(1 Vote)