-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook က သင့်အကြောင်းဘာတွေ သိနေသလဲ??? ဘာတွေမှတ်သားထားသလဲဆိုတာ ကို သိရမယ့်နည်းလမ်း

Facebook က  သင့်အကြောင်းဘာတွေ သိနေသလဲ???  ဘာတွေမှတ်သားထားသလဲဆိုတာ ကို သိရမယ့်နည်းလမ်း google.com

Facebook ဟာ သုံးစွဲသူတွေရဲ့ အချက်အလက် တွေကိုသိမ်းဆည်းထားပါတယ်။ ဘယ်လောက်ထိတောင် အသုံးပြုသူတွေအကြောင်းကို Facebookက သိလည်းဆိုရင် သင် Facebook ကိုစသုံခဲ့တဲ့နေ့ ကတည်းက
ဒီနေ့အထိ ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေ share ခဲ့တယ်၊ ဘာတွေ Like လုပ်ခဲ့ တယ်ဆိုတာအကုန်လုံး ရဲ့ မှတ်တန်းတွေရှိနေပါတယ်။ Facebook မှာ သင့်အနေနဲ့ status တင်တာ message ပို့တာတွေ၊

Friend request ပို့တာတွေ၊ သင်check in ၀င်ခဲ့တဲ့နေရာတွေ စတာတွေအကုန်လုံး မှတ်သားထားပါတယ်။
Facebook က သင့်အကြောင်းဘာတွေမှတ်ထား လည်းဆိုတာကို သိချင်တယ်ဆိုရင် archive file တစ်ခုကို
download လုပ်ပြီးကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် သင် က Facebook အကောင့်ကို ဖျက်တော့မယ်ဆိုရင်
လည်း Facebook မှာ သင်လုပ်ခဲ့တဲ့ history ကို download လုပ်ပြီး သိမ်းထားနိုင်ပါတယ်။
သင့် data က အောက်ပါအတိုင်း download လုပ်နိုင်ပါတယ်။
• Facebook.com/settings ကိုသွားပါ
• "Download a copy of your Facebook data."
ကိုနှိပ်ပါ
• "Download Archive." ကိုနှိပ်ပါ။
• နည်းနည်းကြာတဲ့အခါမှာ download လုပ်လို့ ရပြီဖြစ်ကြောင်း Facebook က သင့်ကိုသတိပေးပါလိမ့်မယ်။
• Facebook ကသင့် email ကို Link တစ်ခုပို့လာပါလိမ့်မယ် link ကနေ Zip file တစ်ခု
Download လုပ်လို့ရပါလိမ့်မယ်။
အဲဒီ file က နေ သင့်အချက် အလက်တွေအကုန်လုံးကို ပြန်ကြည့်လို့ရပါတယ်။ သင် Facebook သုံးခဲ့သမျှ သက်တမ်း တစ်လျှောက်လုပ်ခဲ့တဲ့ အကြောင်းအရာအစုံပဲဖြစ်ပါတယ်။

Read-ဇာတ်လမ်းပုံစံကြော်ငြာဆောင်းပါး

Source; Strategy First Journal

Read times
Rate this item
(2 votes)