-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိကိုယ်ကိုယ် ထက်မြက်ဖို့ ဘယ်လိုပျိုးထောင်မလဲ???

မိမိကိုယ်ကိုယ် ထက်မြက်ဖို့ ဘယ်လိုပျိုးထောင်မလဲ??? google.com

အမှောင်ဆိုတဲ့ စိတ်ပျက်အားငယ်ခြင်း ရဲ့ အလွန်မှာ အလင်းနဲ့တူတဲ့ ပျော်ရွှင်ခြင်းတွေ က သင့်အတွက်စောင့်နေပါတယ်။ 

ရဲရဲ ကြီးစွာ ရှေ့တိုးသွားလိုက်ပါ။ လောကမှာ နောက်ပြန်လှည့်လို့မရတာပဲ ရှိတယ်။ ကျော်ဖြတ်သွားလို့ မရတဲ့ အရာ ဆိုတာ

မရှိဘူးဆိုတာ သင်မမေ့ပါနဲ့။

ပျော်ရွှင်ခြင်းနိဒါန်း အတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ကြည့်ကြမယ်လေ။

ဒီနေ့ကစပြီး ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ယူစွာနဲ့ ရှင်သန်လိုက်ပါ။ အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်အောင်ကြိုးစားပါ။

လူတစ်ချို့(ဒါမှမဟုတ်) အရာ တစ်ချို့ကို အရမ်းဂရုစိုက်တာတို့ ၊ အလေးထားတာမျိုးတို့ မလုပ်ပါနဲ့။ လောကကြီးကအမြဲ မမျှတနိုင်ပါဘူး။

လူတိုင်းဟာ ကိုယ် ပိုအလေးထားတဲ့လူ ၊ ကိုယ်ပိုအလေးထားရတဲ့ အရာရှေ့မှာဆို ကိုယ်ဟာအမြဲတန်ဖိုးကျရလို့ပါ။

ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာကို အတတ်နိုင်ဆုံး ရှောင်ပါ။ စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတယ် ဆိုတာ လူနုံ၊ လူညံ့တွေသာ လုပ်တဲ့ အလုပ်ပါ။

ကိုယ့်ကိုယ်ကိုယ် နည်းနည်းဖြစ်ဖြစ် ထက်မြတ်နေပါစေ။ လုံးဝမထက်မြတ်တာထက်စာရင် နည်းနည်းဖြစ်ဖြစ် ထက်မြတ်တာက ဘာမှမသိပဲ တုံးအနေတာ

ထက်စာရင် သင့်အတွက် ပိုကောင်းပါသေးတယ်။

တကယ်လို့ သင်ဟာမပျော်ဘူး ၀မ်းနည်းနေတယ်ဆိုရင် စောင်ထဲဝင်ပြီး အားရပါးရ ငိုချ ပစ်လိုက်ပါ။ သင့် စိတ်ကြိုက် ငိုပြီးသွားရင်တော့

ပျော်ရွှင်တဲ့ နေ့ရက်တွေကို ဖြတ်သန်းဖို့ စတင်လိုက်ပါ။

ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်နိုင်ပါစေ။ သင်စိတ်ပျက်လက်ပျက်ဖြစ်လို့ရတယ်။ ဒါပေမယ့် မျှော်လင့်ချက်တော့ မမဲ့ပါစေနဲ့။

Tomorrow is another day ဆိုတာကို ယုံယုံ ကြည်ကြည်နဲ့ လက်ခံလိုက်ပါ။

Read-အဆိုးမြင်စိတ်ဟာလည်း တန်ဖိုးရှိပါတယ်

လက်တွေ့ဘ၀မှာ သင်ဟာ ဘယ်လောက်ပဲ ဆင်းရဲ ပင်ပန်းနေပါစေ အမှောင်လွန်ရင် လင်းရောက်မယ် ဆိုတာကိုေ

ခါင်းမာမာနဲ့ပဲဆက်ပြီးယုံကြည်နေပါ။

Credit;နိုင်းနိုင်းစနေ

Read times
Rate this item
(2 votes)