-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၀၁၇ ခုနှစ်အတွင်းမှာမြန်မာနိင်ငံရဲ့ကြေငြာအရရှိဆုံးမီဒီယာတစ်ခုအဖြစ်ရပ်တည်နိင်ခဲ့တဲ့ Mango Media

၂၀၁၇ ခုနှစ်အတွင်းမှာမြန်မာနိင်ငံရဲ့ကြေငြာအရရှိဆုံးမီဒီယာတစ်ခုအဖြစ်ရပ်တည်နိင်ခဲ့တဲ့ Mango Media google.com

ဇူလိုင်လ ၂၈ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ press release အရ မြန်မာနိင်ငံရဲ့အကြီးဆုံးမီဒီယာတွေထဲကတစ်ခုဖြစ်တဲ့ Mango Media ဟာ

၂၀၁၇ ခုနှစ်အတွင်းမှာ ကြေငြာတွေ ဒေါ်လာ ၄၄ သန်းဖိုးကို ကြော်ငြာရှင် အမျိုးမျိုးတို့အတွက် နေရာချပေးခဲ့ပါတယ်။

ဒါကြောင့် သူတို့ရဲ့ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းထားနိင်ဆဲဖြစ်ပါတယ်။

RECMA(Research Company Evaluating The Media Agency Industry) ရဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွက် ထုတ်ပြန်ခဲ့တဲ့ report အရ

Mango Media အနေနဲ့ ၂၀၁၇ အတွင်းမှာ အဓိကပြိုင်ဘက် ၈ ခုရှိတဲ့ မြန်မာ့မီဒီယာအေဂျင်စီဈေးကွက်ရဲ့ ၃ ပုံ ၁ ပုံကိုသိမ်းပိုက်နိင်ခဲ့တာဖြစ်ပါတယ်။

Mango Media အနေနဲ့ ဈေးကွက်ဝေစုရဲ့ 33.8% ကိုရယူနိင်ခဲ့ပြီး သူ့အောက် ဒုတိယနေရာကိုရရှိခဲ့တဲ့ အေဂျင်စီက 16.3% သာရရှိခဲ့တာကြောင့် နှစ်ဆကျော်လောက်ကွာခြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တတိယနေရာမှာရှိတဲ့အေဂျင်စီက 15.3% သာရှိခဲ့တာကြောင့် ဒုတိယနဲ့တတိယနေရာက နှစ်ယောက်ပေါင်းထက်ကို သူတို့ရဲ့ ဝေစုပမာဏက သာလွန်ခဲ့ပါတယ်။

RECMA ဆိုတာက ကမ္ဘာအနှံ့မှာရှိတဲ့ professional media indutry တွေရဲ့ ranking တွေနဲ့ report တွေကို အဓိကသုတေသနလုပ်တဲ့ ကုမ္ပဏီတစ်ခုပါ။

၎င်းအနေနဲ့ နိင်ငံပေါင်း ၉၀ လောက်က အေဂျင်စီပေါင်း ၁၄၀၀ လောက်ရဲ့ ဒေတာတွေကို သေသေချာချာစာရင်းပြုစုထားတယ်လို့လည်း သိရပါတယ်။

Mango Media ရဲ့ Chief Executive Officer ဖြစ်သူ Rose Swe က " ကျွန်မတို့အနေနဲ့ မြန်မာနိင်ငံရဲ့မီဒီယာလောကမှာ Indutry အသီးသီးမှာရှိတဲ့ Brand တွေက

ကြော်ငြာတွေအတွက် ပိုက်ဆံသိပ်မသုံးချင်တော့တဲ့ အခြေအနေမှာတောင် ဦးဆောင်သူနေရာရနေဆဲဖြစ်တာကို အရမ်းပဲကျေနပ်အားရမိပါတယ်။

ကျွန်မတို့အနေနဲ့ ကျွန်မတို့ Mango Media ကို ယုံယုံကြည်ကြည်နဲ့အလုပ်လာအပ်တဲ့ Client တွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

ဒါကြောင့်လည်း ကျေးဇူးတုံပြန်တဲ့အနေနဲ့ သူတို့ရဲ့ marketing budget အကျိုးရှိရှိအသုံးချနိင်ဖို့ အကောင်းဆုံးကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါဟာကျွန်မတို့နဲ့လက်တွဲဖို့အတွက် ဆုံးဖြတ်ခဲ့တဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်မမှားဖူးဆိုတာကို ပြသနိင်ခဲ့တဲ့ အကောင်းဆုံးသက်သေပဲဖြစ်ပါတယ် "လို့ပြောကြားသွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ နှစ်လယ်ပိုင်းလောက်မှာ Mango Media အနေနဲ့ client conflict management တွေအတွက် Passion Point Media ကိုစတင်တည်ထောင်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ Mango Media အနေနဲ့ client conflict တွေကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းပေးနိင်ခဲ့ပါတယ်။

Rose Swe က " ကျွန်မတို့ရဲ့ media market ကပုံမှန်လေးကြီးထွားနေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ Mango Media အနေနဲ့ ဈေးကွက်အခြေအနေကိုအမြဲတမ်းလေ့လာစူးစမ်းနေပြီး

customer တွေရဲ့လိုအပ်ချက်ကိုလည်း အမြဲတမ်းနားစွင့်နေပါတယ်။

ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့ client တွေအတွက်အကောင်းဆုံးတွေကိုပဲ အမြဲပေးနိင်ဖို့အတွက် ဆက်လက်ကြိုးစားနေပါတယ်" လို့လည်းပြောကြားခဲ့ပါတယ်။

မြန်မာနိင်ငံရဲ့ ပေါ်ထွန်းလာတဲ့ မီဒီယာဈေးကွက်က ခန့်မှန်းခြေဒေါ်လာသန်း ၂၀၀ လောက်ရှိတယ်လို့လည်း RECMA ရဲ့ report အရ သိရပါတယ်။

Recommended for you-ဝယ်သူလည်းကြိုက် အမြတ်လည်းများစေတဲ့ MVP (Minimum Viable Product)

Source : Mizzima Myanmar

Read times
Rate this item
(2 votes)