-->
×

Warning

JUser: :_load: Unable to load user with ID: 29


customer တွေ ဘယ်လိုတွေးလဲ?

customer တွေ ဘယ်လိုတွေးလဲ? google.com

ဝယ်သူတွေအနေနဲ့  ကုန်ပစ္စည်းတစ်ခုကိုဝယ်ယူရာမှာ ဈေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းတွေဆိုရင်တော့ ခပ်မြန်မြန် ဆုံးဖြတ်နိုင်ပေမယ့်

ဈေးနှုန်းတွေမြင့်လာတာနဲ့ တစ်ပြိုင်နက် သူ တို့ အနေနဲ့  ဆုံးဖြတ်ရတာဟာ ပိုမိုခက်ခဲပြီး စဉ်းစားစရာတွေများလာတာကို သတိထားမိမှာပါ။

ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။ ရေမွေးဝယ်ချိန် နဲ့  ကော်ဖီမစ်ဝယ်ချိန် တူညီရဲ့ လား?

ဘမ်းစကားနဲ့ ပြောရရင် သောကများတာခြင်းတူရဲ့ လားဆိုတာပြန်တွေး ကြည့် ပေါ့။

ဒီနေ့ မှာ မင်မင်က အဲ့ဒါတွေကိုနဲ့ ပတ်သတ်လို့ ရှင်းပြချင်လို့ပါ...။

Buyer Decision Making Process ( ၀ယ်သူတို့ ရဲ့ အတွေးများ )

Buyer Decision Making Process မှာ အဆင့် 5 ဆင့်ပါဝင်ပါတယ်။ အဲ့တာတွေက...

- လိုတာကိုသိခြင်း ( Need Recognition )

- လိုက်လံရှာဖွေခြင်း ( Information Search )

- နိုင်းယှဉ်လေ့လာခြင်း ( evaluation of alternatives )

- ၀ယ်ယူခြင်း ( purchasing )

- ရလဒ်ဖြန့် ကျက်ခြင်း ( post purchase behavior )

အဲ့လိုအချက်တွေပါဝင်တာဖြစ်ပါတယ်။

ဈေးကွက်သမားတွေဟာ မိမိတို့ ဦးတည်ထားတဲ့ သုံးစွဲသူအုပ်စုအပေါ်မူတည်ပြီး ဘာတွေပါဝင်မလဲဆိုတာကို လေ့လာဆန်းဆစ်ကာ မိမိတို့ လိုအပ်တာရအောင် ပါဝင်လုပ်ကိုင်ရမှာဖြစ်ပါတယ်။

ဆိုတော့ ဥပမာ အနေနဲ့  လူသုံးကုန်ပစ္စည်းတွေနဲ့ ပတ်သတ်တဲ့ အုပ်စုတွေအတွက်ရယ် ( Consumer Products ) ..

ပြီးတော့ company တွေကို ချဉ်းကပ်လုပ်ကိုင်ရတဲ့ အုပ်စုတွေအတွက်ရယ် နှစ်ခုကိုလေ့လာရမယ်။

လုပ်ငန်းသဘောကို မူတည်ကာနဲနဲတော့သဘာဝကွဲမယ်နော်…။ စိတ်မဆိုးကြေး...။

 

Consumer Products  များ ( ကော်ဖီမစ် )

 

လိုတာကိုသိခြင်း 

မနက်စောစောတို့  ၊ အားလပ်ချိန်တို့ ရောက်ရင် ကော်ဖီသောက်ချင်တတ်ကြပါတယ်။ အဲ့လိုအခါမှာ ကော်ဖီကိုလိုက်ရှာကြပါလိမ့်မယ်။ ( ကြော်ငြာနဲ့ ပတ်သတ်လို့ လဲတွေးလို့ ရနိုင်ပါတယ် )

 

လိုက်ရှာခြင်း

အနီးဆုံးဆိုင်သွားမယ်။ သောက်နေကျကိုဝယ်မယ်။

ဒါမှမဟုတ်ရင်လဲ မျက်စေ့ထဲမြင်မိတာဝယ်မယ်ပေါ့ ။

အဲမှာ Awareness နဲ့  Interest ဆိုတာရဲ့ သက်ရောက်မှု ကိုမြင်မိမယ် ထင်ပါတယ်။

 

နှိုင်းယှဉ်လေ့လာခြင်း

တောင်ရွေးမြောက်ရွေး လုပ်တဲ့ကာလပါ။

တွေ့ ရာဆွဲတာလဲဖြစ်နိုင်တယ်။ အရင်ဆုံး မြင်မိတာကိုလှမ်းဆွဲတာလဲဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ Awareness နဲ့  Interest အပြင် Packing နဲ့  Display ရဲ့ အရေးပါပုံကိုပါပိုမြင်လာပြီထင်ပါတယ်။

 

ဝယ်ယူခြင်း

ဝယ်လိုက်ပါပြီ။

 

ရလဒ်ဖြန့် ကျက်ခြင်း 

ကောင်းတာမကောင်းတာတွေလာပါပြီ။

ကောင်းရင်ကောင်းသလို ၊ မကောင်းရင်မကောင်းသလို .. နောက်တစ်ခါ သောက်ချင်လာရင် အခုဖြစ်နေတဲ့ခံစားချက်က သက်ရောက် ပါလိမ့်မယ်။

 

Industrial Market ( Company ချင်းချဉ်းကပ်ကြသူများ )

 

လိုတာကိုသိခြင်း

မိမိတို့  လုပ်ဆောင်နေတဲ့လုပ်ငန်းအတွက် လည်ပတ်ရတာ နှောင့်နှေးနေပြီဆိုရင် Management တို့  Purchasing တို့ ဟာလှုပ်ရှားရပါပြီ။

လိုအပ်ချက်ကိုသိနိုင်ဖို့ ကတော့ မိမိတို့ ပုံမှန်ကိုထိခိုက် လို့ ဖြစ်စေ ၊ ပြိုင်ဖက်တွေရဲ့  လှုပ်ရှားမှုကြောင့်ဖြစ်စေ ၊ တစ်စုံတစ်ရာသော သက်ရောက်မှုတွေကြောင့်ဖြစ်စေ Company တစ်ခုဟာ လှုပ်ရှားလာရပါတယ်။

 

လိုက်ရှာခြင်း 

Directory စာအုပ်ကိုလှန်မယ် ။ သက်ဆိုင်ရာ ကုန်ပစ္စည်းနဲ့ ပတ်သတ်တဲ့ Journal တွေကိုဖတ်မယ်။

သက်ဆိုင်ရာ ပစ္စည်းတွေရောင်းတတ်သောနေရာတွေဆီသွားမယ်။

ပြီးတော့ Proposal တွေ ၊ Quotation တွေခေါ်မယ်။

 

နှိုင်းယှဉ်လေ့လာခြင်း 

ရလာတဲ့ ဈေးတွေ ၊ Quotation တွေ ၊ Proposal တွေမှာပါလာတဲ့ ဈေးတွေ Terms and Condition တွေကိုယှဉ်ချကာ ဘယ်ဟာကကိုယ့်အတွက် ပိုက်ဆံကုန်ရတန်မလဲ ဆိုတာကို ဆုံးဖြတ်ရတဲ့ ကာလဖြစ်ပါတယ်။

Payment Terms ( ငွေပေးချေမှု ) ဟာလဲအရေးပါတဲ့ အချက်ဖြစ်ပါတယ်။

ပစ္စည်းက တန်ဖိုးကြီးလေ သူတို့ အတွက်ပိုပြီး အသေးစိတ်လေပါပဲ။

 

ဝယ်ယူခြင်း

ပိုက်ဆံချေရုံနဲ့ မပြီးသေးပါဘူး။ Consumer နဲ့ အလွန်ကွာသွားတဲ့ အချက်ပါ။

မကောင်းလို့  ပြန်လဲတာတို့  ၊ အာမခံပေးတာတို့  ၊ လာပြတဲ့ Sample နဲ့ မတူတာတို့  အားလုံးပါဝင်နေပါတယ်။

 

ရလဒ်ဖြန့် ကျက်ခြင်း

ဒါလဲတူတူပါပဲ ။ မှန်းထားသလို ၊ ရောင်းသူဖက်က အာမခံထားသလို ဖြစ်မလာရင် နှစ်ဖက်ကြားမှာ ကိစ္စများကြပါသေးတယ်။

ဘာပဲဖြစ်ဖြစ် နောက်တစ်ကြိမ် ရွေးချယ်မှု/ မရွေးချယ်မှုအပေါ် သက်ရောက်ပါသေးတယ်။

ကဲ… ဒါပဲ ။

အရေးကြီးတဲ့သဘောတရားကိုတိုတိုလေးရေးလို့  မလေးနက်ဘူးလို့ မထင်ပါနဲ့ ။ တန်ဖိုးရှိတဲ့ မိတ်ဆွေတို့ ရဲ့  အချိန်ကိုအလွန်တန်ဖိုးထားမိလို့ သာဖြစ်ပါတယ်။

Recommended for you-သင့်လုပ်ငန်းနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်ချင်လား?

Source; onlineknowledge

Read times
Rate this item
(3 votes)