-->
×

Warning

JUser: :_load: Unable to load user with ID: 29


Product မကောင်းတာလား...Customer စိတ်ဝင်စားအောင်မလုပ်နိုင်တာလား...?

Product မကောင်းတာလား...Customer စိတ်ဝင်စားအောင်မလုပ်နိုင်တာလား...? google.com

သူငယ်ချင်းတစ်ယောက် ကျွန်တော်ကိုပြောဖူးတယ် ။

“ငါ တစ်ယောက်ယောက်နဲ့ရည်စားဖြစ်ဖို့စဉ်းစားမယ်ဆိုရင် ငါအပြင်ပန်းကိုမကြည့်ပါဘူး ။

ငါက စိတ်ရင်းစိတ်ထားကိုအဓိကထားပြီးကြည့်မှာ ။

ဒါပေမဲ့ ငါကြိုက်တဲ့ မိန်းကလေးတွေက ဘာလို့ချောတာ ၊ ခန့်တာ ကိုကြည့်ပြီးကြိုက်ကျတာလဲ မသိဘူး?

ဘာဖြစ်လို့ ငါလို့သစ္စာရှိတဲ့ သာမာန်ယောကျာ်းကို မကြိုက်ကြတာလဲကွာ”

အခွံကိုကြိုက်ကြတယ်ကွာ (ကျွန်တော်ကို ညည်းပြနေတယ်)

ကျွန်တော်လဲ “ဟုတ်တယ် သူတစ်ယောက်ယောက်နဲ့တွဲတော့မယ်ဆိုရင် စိတ်အတွင်းပိုင်းထိကြည့်ရမှာ”

ပြီးတော့ ကျွန်တော်လဲ ခုဏကသူငယ်ချင်းပြောသလို ကျွန်တော်လဲညည်းဖူးတယ် ၊

ဘာဖြစ်လို့လဲဆိုတော့ ကြည့်လိုက်ရင် စတိုင်ကျသလိုလို ၊ ကိုယ့်ကိုကိုယ် အားပေးသလိုမျိုးဖြစ်လို့နေမှာပါ ။

ဒါပေမဲ့ ကျွန်တော်စိတ်ထဲမှာအတွေးတွေထွက်လာတယ်။

“အမှန်တရားကို လက်ခံလိုက်တော့ ၊ ကျွန်တော်တို့လူတစ်ယောက်ရဲ့ စိတ်အတွင်းပိုင်းကို နားလည်အောင်လုပ်ချင်တယ်ဆိုတာ အရင်ဆုံး သူ့ရဲ့အပြင်ပိုင်း တစ်ခုခုကိုစိတ်ဝင်းစားရမယ်”

“အခုမင်းငါ့ဆီ ကောင်မလေးတွေအကြောင်းတွေလာညည်းပြနေတာကလဲ မင်းသူ့ရဲ့ မျက်နှာကိုသဘောကျလို့လေ”

ဒါမှမဟုတ် မင်းသူ့ခန္ဓာကိုယ်ပုံစံကိုသဘောကျလို့...

ဒါမှမဟုတ် မင်းသူ့အသံကိုကြိုက်လို့...

ဒါမှမဟုတ် သူ့ရဲ့အပြုအမူကို သဘောကျလို့...

ဒါမှမဟုတ် သူ့ရဲ့အသားအရေကိုသဘောကျလို့...

ဒါမှမဟုတ် သူ့ရဲ့အကျင့်ကို ကြိုက်လို့...

ဒါမှမဟုတ် ကြည့်လိုက်အရမ်းစိတ်ကောင်းရှိတယ်ထင်ပြီးသဘောကျလို့ …စသဖြင့်

အဲ့ဒါကြောင့်မင်းက … အင်းဒါငါကြိုက်တဲ့ ပုံစံ ပဲဆိုပြီး မင်းကလိုက်ကြိုက်တယ်လေ...

အဲ့နောက်ပိုင်းမင်းသူနဲ့ တွဲချင်တယ် ။

နောက်မှ မင်းသူ့ရဲ့ စိတ်နေစိတ်ထားကို ပိုသိချင်လာတယ်လေ။

အကျင့်ဆိုတဲ့အရာကအရေးမကြီးဘူးလို့မင်းပြောတယ်လေ ၊

နောက်ချစ်လာရင် တစ်ယောက်ကိုတစ်ယောက် နားလည်မှုယူပြီး တဖြည်းဖြည်းပြင်သွားလို့ရပါတယ်လို့ပြောတယ်လေ ဟုတ်ဘူးလား ?

မင်းသူ့ကိုတွေ့ပြီး Heart ထိလို့ မင်းက သူ့စိတ်ထားကိုပိုနားလည်ဖို့ မင်းကိုယ့်ကိုကိုယ်အခွင့်အရေးပေးတယ်မလား?

မင်းကောင်းကောင်းခေါင်းကိုင်ပြီးစဉ်းစားပါ ။

မင်းငါ့ကိုထိုင်ညည်းပြနေတာ မင်းသူ့ရဲ့အပြင်ပန်းတစ်ခုခုကို အရင်သဘောကျလို့မဟုတ်ဘူးလား ။

ဒါပေမဲ့ ဟိုဘက်က မင်းကို လှည့်မှမကြည့်တာ ။

ပြီးတော့ ဟိုတုန်းက မင်းကိုကြိုက်တဲ့ကောင်မလေးတွေလဲရှိတာပဲ ဘာဖြစ်လို့ မင်းကပြန်မကြိုက်တာလဲ ?

အတွင်းပိုင်း စိတ်အတွင်းကို ကြည့်တယ်ဆို ?

လက်ခံလိုက်တော့ အဲ့ဒါမင်းအကြိုက်မဟုတ်လို့လေ Heart မှမထိတာ ဘယ်ကြိုက်မလဲ !

ဒါကြောင့် အပြင်ပိုင်းက မင်းကိုထိမှ မင်းကိုစိတ်ဝင်စားအောင်လုပ်နိုင်မှ မင်းကသူတို့အတွင်းပိုင်းကိုကြည့်မှာလေ။

မဟုတ်ဘူးမပြောနဲ့ … မင်းဒီနေ့ center တစ်ခုသွားတယ်ဆိုပါစို့ ။

မင်းဘေးကိုဖြတ်သွားတဲ့ လူတိုင်းကို မင်းက သူတို့စိတ်ထားဘယ်လိုနေလဲ ဆိုပြီးလိုက်ကြည့်မှာလား ?

ဘယ်သူမှ အဲ့လိုမလုပ်ဘူး ။

မှန်တယ်မလား ?

ဒါကြောင့် သူများသဘောကျအောင်လုပ်နိုင်တဲ့သူက သာ တာပဲ !

မုန့်ဆိုင်တစ်ဆိုင်မှာ Menu နဲ့ မုန့်နှစ်မျိုးကိုယှဉ်ပြထားတယ်။

နှစ်မျိုးလုံးကို မင်းတစ်ခါမှ မစားဖူးဘူး ။

တစ်မျိုးကတော့ ကြည့်လိုက်ရင်စားချင်စိတ်တောင်မရှိတော့တဲ့ မုန့် ၊ နောက်တစ်ခုက ရောင်စုံနဲ့ စားချင်စဖွယ်လေး ။

နှစ်မျိုးလုံးက မင်းအရသာမသိဘူးဆိုရင် မင်းရွေးပိုင်ခွင့်ရှိတယ်ဆိုရင် စားချင်စရာကောင်းတဲ့မုန့်ကိုမင်းရွေးမှာပဲ ။

ဘာဖြစ်လို့လဲဆိုတော့ စွဲဆောင်မှုရှိလို့ ။

တကယ်ဆိုရင် စားချင်စရာမကောင်းတဲ့ရုပ်ဆိုးတဲ့မုန့်က ပိုပြီးစားကောင်းရင်စားကောင်းလိမ့်မယ် ။

ဒါပါပဲ လူသဘာဝ အပြင်ပိုင်းကိုကြည့်ပြီးအရင်ဆုံးဖြတ်တတ်တဲ့အကျင့်ရဲ့ ဥပမာပါ။

ကိုယ့်ကိုစွဲဆောင်နိုင်ရင် ကိုယ်စိတ်ဝင်စားတာပါပဲ

တကယ်ဆိုရင် ဈေးရောင်းတာလဲ ဒီလိုပါပဲ ။ စိတ်ပိုင်းဆိုင်ရာအားလုံးတူပါတယ်။

အပြင်ပိုင်း heart မထိဘူးဆိုရင် ၊ အတွင်းပိုင်းကိုလိုက်မကြည့်ပါဘူး ။

အကယ်၍ ဒီနေ့ သူငယ်ချင်းခင်ဗျားက Offline မှာပဲဖြစ်စေ ၊ Online မှာပဲဖြစ်စေ ဈေးရောင်းတယ်ဆိုရင် ခင်ဗျားပစ္စည်းအရမ်းကောင်းရင်ကောင်းနေမယ် ။

အဲ့ဒါကတော့ ခင်ဗျားအသိဆုံးပါ ။

ဒါပေမဲ့ ခင်ဗျားက သူများစိတ်ဝင်စားအောင်မလုပ်နိုင်ဘူးဆိုရင် ၊ မရောင်းတတ်ဘူးဆိုရင် ၊ promote မလုပ်တတ်ဘူးဆိုရင် ၊

present လုပ်တာ heart မထိဘူးဆိုရင် ၊ အရေးကြီးဆုံးက content မရေးတတ်ဘူး ၊မလုပ်တတ်ဘူးဆိုရင်

- သေချာတာက နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတော့ “တိတ်ဆိတ်ခြင်း” ပဲဖြစ်လာမှာပါ ။

ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ ခင်ဗျား products ရဲ့အတွင်းအရည်အချင်းကို အရင်ဆုံး လိုက်ကြည့်ချင်မှာမဟုတ်ပါဘူး။

Recommended for you-ကိုယ်ကမ၀ယ်နိုင်တာလား…….. သူကဈေးကြီးနေတာလား?

Credit; blackbin

Read times
Rate this item
(2 votes)