-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့် Product ရဲ့ပြိုင်ဖက်ကို ယှဉ်ရတဲ့ အခါ...

ကိုယ့် Product ရဲ့ပြိုင်ဖက်ကို ယှဉ်ရတဲ့ အခါ... google.com

ပထမဆုံးကြည့်သင့်တာက ကိုယ့် Product ကို ဘယ်လောက် လူသိလို့ သူ့ Product ကို ဘယ်လောက် လူသိတယ် ဆိုတာပါပဲ..။

 

ပြီးရင် Brand Image လို့ ခေါ်တဲ့ ကိုယ့်ကုန်စည် ရဲ့ တင့်တယ်မှု .. ကောင်းသတင်းပါ..။

တင့်တယ်မှု မရှိတဲ့ ဘယ်ကုန်စည်မဆို ပြိုင်ပွဲထဲမှာ ကြာရှည်မနေနိုင်ပါဘူး..။

ပြီးတော့ Competitive Advantage ဆိုတဲ့ သူများမယှဉ်နိုင်တဲ့ အသာစီး ရမှု .. ဒါကတော့ သူ့ဖက်ကိုယ့်ဖက် နှစ်ဖက်စလုံး ကြည့်ရမှာပါ..

ပြီးရင် ထုတ်လုပ် ကုန်ကျစရိတ် အဝဝ .. အသေးစိတ်ကစ တွက်တတ်ဖို့ လိုပါမယ်..။

‘ဒီလောက်ဆိုရပါပြီ’ ဆိုရင် ကုန်ပြီသာမှတ်..။

ထုတ်လုပ်စရိတ်ကို ခြွေတာနိုင်မယ့် နောက်တစ်နည်းက လူတွေအများကြီသုံးပြီး လုပ်ရတဲ့လုပ်ငန်းစဉ်တွေ ကို လျှော့ချဖို့ပါ..

တတ်နိုင်သမျှ လူနေရာမှာ စက်ကို အစားထိုး..။

ကိုယ့်ကုန်စည်ကို ဖြန့်ချိတော့မယ်ဆိုတရင် ဈေးကွက်ရဲ့ ပမာဏ ကို မပြတ်လေ့လာပါ..။

ဈေးကွက်ရဲ့ အကြိုက်ဟာ အမြဲတန်းပြောင်းနေတယ် ဆိုတာလဲ မမေ့ပါနဲ့..။

ကိုယ့်ကုန်စည်ရဲ့သဘာဝ (Nature of Product) ဟာ ဒါတွေ ဖြစ်နိုင်ပါတယ်..။

သက်တမ်းသတ်မှတ်ချက်ရှိပြီး ထပ်တလဲလဲ ဝယ်သုံးရမယ့် ကုန်စည်၊

တစ်ခါဝယ်ထားပြီးအချိန်တော်တော်ကြာတဲ့ အထိ ထပ်မဝယ်တော့မယ့် ကုန်စည်၊

မူရင်း ကုန်စည်ကိုဝယ်ယူပြီး အပိုပစ္စည်းတွေ ထပ်မံ ဝယ်ယူ ဖြည့်တင်းလဲလှယ် သုံးစွဲရမယ့် ကုန်စည်၊

စားရင်းသောက်ရင်းကုန်သွားမယ့် ကုန်စည်၊

ဖေါ်ရွေမှုကို အခြေပြုရတဲ့ ဝန်ဆောင်မှု ကုန်စည်၊

ဒါတွေကို ဝယ်သူသုံးစွဲမယ့် ဈေးကွက်ဟာ အကျယ်ကြီးပါ..။

ဈေးကွက် သစ် ရှာဖို့ မကြောက်ပါနဲ့.. မပျင်းပါနဲ့..။ မရောင့်ရဲပါနဲ့ ။

ဈေးကွက်ရှာရာမှာ ကုန်နိုင်တဲ့ ပိုက်ဆံကို မနှမြောပါနဲ့..။

လုပ်သင့်တဲ့ ကြော်ငြာကို မတွန့်တို ပါနဲ့။ ဈေးကွက် အသစ်တွေ့တိုင်းလဲ ရောင်းကောင်းလိမ့်မယ်..

မြတ်စွန်းလိမ့်မယ် လို့ မျှော်လင့်မထားပါနဲ့..။ ဒါတွေဟာ စွန့်စားမှုတွေပါ..။

သတ္တိလိုပါတယ်..။ မ “စွန့်” ရဲရင် မ “စား” ရပါဘူး..။ ဈေးကွက်ကို ချဲ့ထွင်နိုင်မယ့် နည်းလမ်းကို အမြဲစဉ်းစားနေပါ..။

သူများဆီက အကြံဉာဏ်ယူသင့်ရင် ယူပါ။

အကျိုးအမြတ်ကို အများကြီး မျှော်လင့်ထာမယ့်အစား သင့်တင့်မျှတတဲ့ အကျိုးအမြတ်ကိုပဲ စဉ်းစားထားပါ..။

ကိုယ်ရင်းနှီးထားတာနဲ့ ကိုယ်တင်သင့်တဲ့ အကျိုးအမြတ်ရာခိုင်နှုန်းကိုတွက်ချက် သတ်မှတ်ထားပါ။

ခြေလှမ်းသစ်တွေကို အမြဲပြင်ထားပါ..။

ခရီးစဉ်အသစ် အတွက် လန်းဆန်းတက်ကြွနေပါစေ။

ပြိုင်ဖက် ပေါ်လာပြီ ဆိုရင် ကြောက်စိတ် ဝင်တတ်ကြပါတယ်..။

မကြောက်ပါနဲ့ .. သူ့မှာ ကိုယ့်ထက်သာတဲ့ငွေကြေး အတတ်ပညာ လူအင်အား စတာတွေ ရှိနိုင်ပါတယ်..။

ဈေးကွက်ထဲမှာ အရှုံးခံပြီး ထိုးဖောက်နိုင်ပါတယ်..။ ဒါတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင် ထားပါ..။

အဲဒါကို ပဲ ဗျူဟာ .. (strategy) လို့ ခေါ်တာပါ..။

အဲဒါကတော့ သေသေချာချာ ကျကျနန ပြင်ဆင်ထားဖို့ လိုပါတယ်..။

ဗျူဟာ ရေးဆွဲရာမှာလဲ ကို်ယ့်ဖက်ကချည်းအသာစီး ရမယ်လို့ တွေးမထားပဲ အခက်အခဲကြုံရင် ရင်ဆိုင်နိုင်ဖို့

အကြပ်အတည်း ထဲက ရုန်းကန်ဖေါက်ထွက် နိုင်ဖို့ ဆိုတာတွေပါ စဉ်းစားပြီးထည့်သွင်း ရေးဆွဲထားဖို့ လိုပါတယ်..။

ကိုယ့်အလုပ်ကို ကိုယ် အကောင်းဆုံး လုပ်ခြင်းနဲ့သာ ပြိုင်ဖက်ကို ယှဉ်နိုင်ပါလိမ့်မယ်..။

Recommended for you-ပရိုပီသတယ်ဆို တာ ဘယ်လိုမျိုးလဲ

Credit; kaunglone

Read times
Rate this item
(1 Vote)