-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလောကမှာ အောင်မြင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ဆိုရင်

စီးပွားရေးလောကမှာ အောင်မြင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ဆိုရင် Google

စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်မှုတွေရရှိစေရန် အတွေးအခေါ်တွေကို ဆွေးနွေးသွားမယ့် what Makes A Good Leader ဆိုတဲ့ Workshop တစ်ခုကို ရန်ကုန်မြိုနဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပမယ့်ပွဲကို ဧပြီလ ၆ရက် (စနေနေ့)၊ နေ့လည်၂နာရီကနေ ၆နာရီအထိ Novotel Hotel, Bagan Room (လေးလွှာ)ပြုလုပ်သွားမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ ဧပြီလ ၇ရက် (တနင်္ဂနွေနေ့)၊ နေ့လည်၂နာရီကနေ ၆နာရီအထိ Mecure Mandalay Hill Resort Hotel, Alaunghaya Ballroom Room (ပထမထပ်) မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။


what Makes A Good Leader ဆိုတဲ့ Workshop ကို STUDY ABROAD Information Centre မှ ဖိတ်ကြားထားတဲ့ သြစတြေးလျနိုင်ငံ Murdoch University ရဲ့ Lecture Dr. Anne Palmer က မြန်မာကျောင်းသူ၊ ကျောင်းသားတွေအတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အခက်အခဲမရှိ အဆင်ပြေချောမွေ့မှုရှိစေရန် ဟောပြောသွားမှာဖြစ်ပါတယ်။

ဘီလီလျံနာတွေ ခရီးလည်ပတ်ဖို့ အကောင်းဆုံးနိုင်ငံများစာရင်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ


ဒီနေ့ခေတ်မှာ နိုင်ငံတကာတွင် စီးပွားရေးဘာသာရပ်ကို စိတ်ပါဝင်စားသူများပြားလာပြီး၊ တာဝန်ယူ ဦးဆောင်မှုရှိသော ခေါင်းဆောင်များ အများအပြားလိုအပ်ပါတယ်။ ဒါကြောင့် ဒီ Workshop မှာ စီးပွားရေးလောကတွင် အောင်မြင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်ရမယ့် အချက်တွေ၊ သဘောထားကွဲလွဲမှုတွေအတွက် ဖြေရှင်းရမယ့် နည်းလမ်းတွေ၊ ဆွေးနွေးပြောတဲ့နေရာမှာ ရှိသင့်ရှိထိုက်တယ့် အရည်အချင်းတွေ စတဲ့ လက်တွေ့ Activity များကို ပြုလုပ်သွားမှာဖြစ်လို့ ဗဟုသုတရစေမယ့်ပွဲဖြစ်ပါတယ်။


လူဦးရေကန့်သတ်ထားတာ့ဖြစ်လို့ ဒီ Workshop ကို တက်ရောက်ချင်တဲ့ သူတွေအနေနက် ကြိုတင်စာရင်းပေးသွင်းချင်တယ်ဆိုရင် https://bit.ly/2TPE0rn မှာ ပေးသွင်းနိုင်ပါတယ်။ ဖုန်းနဲ့ဆက်သွယ် စာရင်းပေးသွင်းချင်တယ်ဆိုရင် ရန်ကုန်ရုံး ၀၉၅၁၅၁ ၀၀၈ နဲ့ မန္တလေးရုံး ၀၉၄၂၀၀ ၉၉၉၉ ၇ တို့ကို ဆက်သွယ်စာရင်းပေးသွင်လို့ရပါတယ်။ ကြိုတင် စာရင်းပေးသွင်းထားသူများအတွက် Workshop အတွင်း Coffee ဖြင့် ဧည့်ခံသွားမှာ ဖြစ်ပါတယ်။


Source; Study Abroad Education
Myanmar Advertising Directory

Read times
Rate this item
(1 Vote)