-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook က Post တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုရင်

Facebook က Post တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုရင်ွGoogle

မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၆ သန်းမှာ ၉၀ ရာခိုင်နှုန်းသောသူတွေဟာ Facebook ကို အသုံးပြုနေကြပါတယ်။

အရင်တုန်းကဆိုရင် မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်တွေကို သတင်းစာတွေ၊ ဂျာနယ်တွေကနေ တစ်ဆင့်လေ့လာကြပြီး ယခုခေတ်မှာဆိုရင်တော့ Facebook ကိုပဲ အသုံးပြုပြီး သတင်းအချက်အလက်တွေကို ဖတ်ရှုနေကြပါပြီ။

ဒီလို ၁၈ မီလီယံလောက် အသုံးပြုနေကြတဲ့ Facebook မှာဆိုရင် အမုန်းစကားတွေဖြန့်ဝေတဲ့ ပို့စ်တွေကို မြင်တွေ့ကြမှာဖြစ်တယ်။ အဲ့ဒီလို အမုန်းစကားတွေကို ဘယ်လိုရင်ဆိုင်တားဆီးမလဲ။ ဒီအမုန်းစကားတွေဟာ လူဘယ်နှယောက်လောက်ကို လွှမ်းမိုးအမြစ်တွယ်စေမလဲ​။ အဲ့ဒါတွေကို ကျော်သွားပြီး အမုန်းစကားတွေပြောနေတာတွေကို မသိကျိုးကျွန်ပြုပြီးပဲနေကြမလား ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ စတာဖြေရှင်းနိုင်မယ့် နည်းလမ်းလေးကို ဒီနေရာ ပြောပြပေးချင်ပါတယ်။

ဒီပွဲမှာ ဆွေးနွေးသွားမယ့် ပညာရှင်တွေကတော့ Mongolian Center ရဲ့ ပူးပေါင်းတည်ထောင်သူ Munkhchimeg Davaasharav, FES Mongolia ရဲ့ Country Director Niels Higewisch နဲ့ Phandeeyar မှ Tech for Peace Manager ဒေါ်ကေသီဝင်း တို့ပဲဖြစ်ပါတယ်။

လူတွေ ငွေသုံးချင်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ ကြော်ငြာ

ဒါကတော့ ဖန်တီးရာကပြုလုပ်ကျင်းပမယ့် Peaceful Speech on Social Media ဆိုတဲ့ စကားဝိုင်းလေးပဲဖြစ်ပါတယ်။ ဒီစကားဝိုင်းမှာ အမုန်းစကားတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ပတ်သက်ပြီး မွန်ဂိုလီးယားက ဝါရင့်ပညာရှင်တွေရဲ့ အတွေးအမြင်နဲ့ အတွေ့အကြုံတွေကို ဖလှယ်သွားမှာဖြစ်လို့ ဗဟုသုတရစေမယ့်ပွဲလေးဖြစ်ပါတယ်။

Peaceful Speech on Social Media ဆိုတဲ့ စကားဝိုင်းကို ဧပြီလ ၂၃ ရက် (အင်္ဂါနေ့) ညနေ ၆နာရီခွဲကနေ ၈နာရီခွဲထိ ၆၂၈/၆၃၆ ကုန်သည်လမ်းမှာရှိတဲ့ Royal River View Condo (၁၀လွှာ) မှာ Civic Tech Talks နဲ့ ဖန်တီးရာတို့က ပူးပေါင်းကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်လို့ Facebook နဲ့ ပတ်သက်ပြီး အတွေးအမြင်တွေကို လာရောက်ပါဝင်ဆွေးနွေးနိုင်ပါတယ်။

ဒီပွဲလေးကို စိတ်ဝင်စားလို့ တက်ရောက်ချင်သူတွေအနေနဲ့ http://www.eventnook.com/event/peacefulspeech ဒီ Link လေးကို စာရင်းပေးသွင်းနိုင်ပါတယ်။

Source; Phandeeyar
Myanmar Advertising Dierctory

 

Read times
Rate this item
(1 Vote)