-->
×

Warning

JUser: :_load: Unable to load user with ID: 29


အွန်လိုင်းစွယ်စုံကျမ်း Wikipedia ကို တရုတ်မှပိတ်ပင်

အွန်လိုင်းစွယ်စုံကျမ်း Wikipedia ကို တရုတ်မှပိတ်ပင် Google

အွန်လိုင်းစွယ်စုံကျမ်း Wikipedia ကို ပိတ်ပင်မှုကို တရုတ်မှ ချဲ့ထွင်ခဲ့ပြီး ဘာသာစကားအားလုံးကို ပိတ်ပင်ခဲ့တယ်လို့ တရုတ်နိုင်ငံရေးအရအရေးကြီးတဲ့ နှစ်ပတ်လည်မတိုင်ခင် တစ်ပတ်အလိုမှာ အင်တာနက်ဆင်ဆာအုပ်စုက ဖော်ပြခဲ့ပါတယ်။

တရုတ်ဟာ လွန်ခဲ့တဲ့ကာလတွေမှာ Wikipedia ရဲ့ ဘာသာစကားအားလုံးပါတဲ့ တည်းဖြတ်မှုများကို စတင်ပိတ်ပင်ခဲ့ပါတယ်လို့ Open Observatory of Network Interference (OONI) က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၅ တွင် ပိတ်ပင်ခဲ့တဲ့ တရုတ်ဘာသာစကားဗားရှင်းမှလွဲပြီး Wikipedia ရဲ့အခြားဘာသာစကားရှင်း အများစုကို အရင်ကအွန်လိုင်းမှာကြည့်ရှုနိုင်ခဲ့တယ်လို့ OONI က ဖော်ပြခဲ့ပါတယ်။ မေ ၁၆ ရက်တွင် AFP သတင်းဌာနဟာ တရုတ်တွင် Wikipedia ရဲ့ ဗားရှင်းများကို ဖွင့်ကြည့်လို့မရဘူးလို့ ဆိုခဲ့ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီတွေကိုဦးဆောင်နေတဲ့ ကလေး CEO (၈)ယောက်

“အဘက်ဘက်က စဉ်းစားလိုက်ရင် တကယ်အလေးထားတဲ့အရာဟာ တရုတ်ဘာသာနဲ့ရေးထားတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်” လို့ တရုတ်တွင် အွန်လိုင်းဆင်ဆာကိုခြေရာခံတဲ့ Greatfire.org ပူးတွဲတည်ထောင်သူတစ်ဦးရဲ့ နာမည်ဝှက် ချာလီဆမစ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “တရုတ်မှာ အင်တာနက်သုံးသူတွေအတွက် Wikipedia ရဲ့ ဘာသာစကားအားလုံးကို ပိတ်ပင်လိုက်တာဟာ တရုတ်အာဏာပိုင်တွေက အမှန်တရားကို ကြောက်တယ်ဆိုတာ ဖော်ပြနေပါတယ်” ဟု ချာလီဆမစ်က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

Wikipedia ကိုလုပ်ကိုင်နေတဲ့ အကျိုးအမြတ်မယူသောအဖွဲ့အစည်း Wikimedia Fountition က သူတို့ဟာ နောက်ဆုံးပိတ်ပင်မှုကို ရှင်းလင်းပြောကြားထားသော အသိပေးအကြောင်းကြားမှုများကို လက်ခံရရှိခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှစပြီး တရုတ်နိုင်ငံမှာ Wikipedia ကို ကြိုကြားကြိုကြား ပိတ်ပင်ခဲ့တယ်လို့လဲ ဖောင်ဒေးရှင်းက ပြောကြားခဲ့ပါတယ်။

Myanmar Advertising Directory

Read times
Rate this item
(1 Vote)