-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်တဲ့ ကြော်ငြာတွေကို ခဏခဏ ထပ်ပြီး ပွဲထုတ်ပါ

တကယ်လို့ ကြော်ငြာကောင်းကောင်းတစ်ခု ဖန်တီးဖြစ်ခဲ့ရင် ရောင်းအားမရပ်ခင်အထိ ထပ်ပြီး ကြော်ငြာရမှာ ဖြစ်ပါတယ်။

ကြော်ငြာကောင်းတွေက သူတို့ရဲ့ ရမှတ်တွေကို အာနိသင် မကုန်ခင်မှာပဲ စွန့်လွှတ်ခံလိုက်ကြရပါတယ်။

 

မဂ္ဂဇင်းတစ်ခုတည်းမှာ အကြိမ်များများထည့်တာက ကြော်ငြာရဲ့ အားပေးမှုကို မကျဆင်းစေနိုင်ဘူးလို့ သုတေသနတွေကပြောတယ်။ အနည်းဆုံး ၄ ကြိမ်လောက်အထိ ထိရောက်မှု တူညီတာကို တွေ့ရပါတယ်။ ( အကြိမ်များများဆိုပေမယ့် ၄ ကြိမ်ကနေ ၈ ကြိမ်လောက်အထိပဲလို့ ယူဆပါတယ်။ )

 

ခင်ဗျားက ရပ်ကြည့်နေတဲ့ ပရိတ်သတ်ကြီးကို ကြော်ငြာနေတာ မဟုတ်ဘူး။ သွားလာနေတဲ့ လူတွေကို ကြော်ငြာနေတာပါ။ မနှစ်က လက်ထပ်ထားတဲ့ စုံတွဲကို ရေခဲသေတ္တာတစ်လုံး ရောင်းလိုက်တဲ့ ကြော်ငြာက ဒီနှစ်မှ လက်ထပ်မယ့် စုံတွဲကို ရောင်းရသလို အဆင်ပြေစေပါလိမ့်မယ်။

 

Read More … ပြီးပြည့်စုံတဲ့ Domain Name တစ်ခုကို ရရှိနိုင်ဖို့ လိုအပ်သော အချက် (၁၀) ချက်

 

ထိရောက်တဲ့ ကြော်ငြာတစ်ခုဟာ ရေဒါက ဖမ်းယူနေသလို အလားအလာကောင်းတွေကို ဈေးကွက်ထဲကို ဝင်လာတာနဲ့ ဖမ်းယူနိုင်ပါတယ်။ ရေဒါကောင်းတစ်ခု ယူပါ။ လွှင့်ထားပြီး ဖမ်းယူပါစေ။

 

ဟင်နရီဖို့ဒ်က တစ်ခါတုန်းက သူ့ကြော်ငြာကို ကိုင်ထားတဲ့ စာစီသမားကို ပြောဖူးတယ်။ ဘီလ်ရေ၊ ခင်ဗျားကမ်ပိန်းကတော့ အတော်ကောင်းပဲနော်၊ ဒါပေမယ့် အမြဲတမ်း သုံးရမှာလား။ စာစီသမားက ပြန်ပြောတယ်။ မစ္စတာဖို့ဒ်၊ တကယ်တော့ ကြော်ငြာက ရုပ်လုံးမပေါ်သေးပါဘူး။ ဖိုဒ့်က ဆွေးနွေးပွဲ တော်တော်များများမှာ မကြာခဏဆိုသလို တွေ့တွေ့နေတယ်။

 

ဒီလိုအငြင်းအခုန်ကို စေ့စပ်ဖို့ အကောင်းဆုံးနည်းကတော့ ခင်ဗျားလုပ်တဲ့ ကမ်ပိန်းရဲ့ ရောင်းအားသက်ရောက်မှုကို ပုံမှန်ကာလတစ်ခု သတ်မှတ်ပြီး တိုင်းတာဖို့ပါပဲ။ လူတွေ ရိုးသွားပြီလို့ သုတေသန ရလာဒ်တွေက ဖော်ပြတဲ့အထိ သုံးဖို့ပါပဲ။

 

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )

Myanmar Advertising Directory

Read times
Rate this item
(2 votes)