-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ပိုင်လုပ်ငန်း စတင်တည်ထောင်ချင်သူတွေအတွက် Jack Ma ရဲ့ အကြံပြုချက်

ကိုယ်ပိုင်လုပ်ငန်း စတင်တည်ထောင်ချင်သူတွေအတွက် Jack Ma ရဲ့ အကြံပြုချက် google

Jack Ma ဟာ Online Shopping Website ကြီးတစ်ခုဖြစ်သော Alibaba တွင် Executive chairman တစ်ယောက်ဖြစ်ပြီး ကမ္ဘာပေါ်တွင်လည်း ၁၈ ယောက်မြောက် အချမ်းသာဆုံး သူဌေးကြီးတစ်ယောက်ဖြစ်ပါတယ်။

Jack Ma က ကိုယ်ပိုင်လုပ်ငန်းရင် ဖြစ်ချင်တဲ့ လူငယ်တွေအတွက် သူ့ရဲ့ အကြံပြုချက်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်။


အသက် ၂၅ နှစ်လောက်မှာ စိတ်မပူပါနဲ့။ ဘယ်အမှားမဆို ကိုယ့်အတွက် ဝင်ငွေရသလို သဘောထားပါ။ အမှားလုပ်မိတာက သင့်အတွက် အရမ်းကောင်းတဲ့ အခွင့်အလမ်းတစ်ခုရတာပါ။ ဒါကြောင့် ကျွန်တော့်ကိုယ် ကျွန်တော်နဲ့ လူငယ်တွေကို ပြောဖြစ်တာက အသက် ၂၀ မတိုင်ခင် တော်တဲ့ကျောင်းသား၊ ကျောင်းသူ ဖြစ်ပါစေ။

 

ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်ဖို့အတွက် အတွေ့အကြုံနည်းနည်းလောက်ပဲ လေ့လာထားပါ။အသက် ၃၀ မတိုင်ခင်မှာတော့ တစ်ယောက်ယောက် အနောက်ကို လိုက်ပါ။ ကုမ္ပဏီငယ်လေး တစ်ခုခုစီသွားပါ။ ပုံမှန်အားဖြင့် ကုမ္ပဏီကြီးတစ်ခုမှာဆိုရင် လုပ်ထုံးလုပ်နည်းတွေကို လေ့လာဖို့ကောင်းပါတယ်။

 

သင်က စက်ယန္တရားကြီးရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဒါပေမယ့် ကုမ္ပဏီငယ်လေး တစ်ခုကိုသွားမယ်ဆိုရင် သင့်အနေနဲ့ စိတ်ထက်သန်မှုတွေ၊ အိပ်မက်တွေကို သိလာပါလိမ့်မယ်။


တစ်ချိန်တည်းမှာပဲ အလုပ်တော်တော်များများကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်သိလာမယ်။ ဒါကြောင့် အသက် ၃၀ မတိုင်ခင်မှာ ဘယ်ကုမ္ပဏီဆိုတာထက် ဘယ် Boss နောက်ကို သင်လိုက်နေသလဲဆိုတာက အရေးပါပါတယ်။ တော်တဲ့ Boss က သင့်ကို တမူကွဲပြားစွာ သင်ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ကိုင်သင့်တဲ့ စီးပွားရေးလုပ်ငန်း ( ၁၀ ) ခု


ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦး ဖြစ်ချင်တယ်ဆိုရင် အသက် ၃၀ နဲ့ ၄၀ ကြားမှာတော့ သင့်အနေနဲ့ ရှင်းရှင်းလင်းလင်း တွေးတောဖို့လိုပါပြီ။ အသက် ၄၀ နဲ့ ၅၀ ကြားမှာတော့ သင်ကျွမ်းကျင်တဲ့ အရာတွေကိုပဲ သင်လုပ်ရတော့မယ်။


အသစ်တွေကို သွားလုပ်ဖို့ မကြိုးစားပါနဲ့။ အရမ်းနောက်ကျသွားပြီ။ အောင်မြင်ကောင်း အောင်မြင်နိုင်ပေမယ့် ရှုံးနိမ့်နိုင်ခြေက အရမ်းများပါတယ်။ ဒါကြောင့် အသက် ၄၀ နဲ့ ၅၀ ကြားမှာ စဉ်းစားပါ။ သင်ကျွမ်းကျင်တဲ့ အရာပေါ် ဘယ်လိုအာရုံစိုက်မလဲပေါ့။


အသက် ၅၀ နဲ့ ၆၀ ကြားမှာတော့ လူငယ်တွေအတွက် အလုပ်လုပ်ပါ။ ဘာလို့လဲဆိုတော့ လူငယ်တွေက သင့်ထက်ပိုလုပ်နိုင်တယ်လေ။ လူငယ်တွေကို အားထားပါ။ ရင်းနှီးမြှုပ်နှံပါ။ သူတို့တွေကျွမ်းကျင်လာအောင်လုပ်ပါ။ အသက် ၆၀ ကျော်လာရင်တော့ ကိုယ့်အတွက်ပဲအချိန်ယူပါတော့။ ကမ်းခြေမှာ နေပူစာလှုံနေရုံပါပဲ။


လူငယ်တွေကို ကျွန်တော်မှာချင်တာက အသက် ၂၅ မှာ အမှားတွေကို လုပ်ရင်လုပ်မိပါစေ။ မစိုးရိမ်ပါနဲ့။ လဲကျရင်ပြန်ထပါ။ ထပ်လဲကျရင် ထပ်ပြီးပြန်ထပါ။ ပျော်ပျော်နေပါ။ အသက် ၂၅ နှစ်အရွယ်မှာ ဘဝကို ပျော်ပျော်သာနေပါ။
 

ဒါကတော့ Jack Ma က ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့ လူငယ်တွေကို ရည်ရွယ်ပြီးပြောခဲ့တာပဲ ဖြစ်ပါတယ်။


#Credit

Myanmar Advertising Directory

Read times
Rate this item
(1 Vote)