-->
×

Warning

JUser: :_load: Unable to load user with ID: 29


တစ်ကမ္ဘာလုံးမှာ ထိပ်ဆုံးရောက်ရှိနေတဲ့ Online Store (၁၁)ခု

တစ်ကမ္ဘာလုံးမှာ ထိပ်ဆုံးရောက်ရှိနေတဲ့  Online Store (၁၁)ခု Google

ကမ္ဘာပေါ်မှာ Oline Stores ပေါင်းဟာ ၂၄ မီလီယံရှိနေပြီး ၆၅၀၀၀၀ သော Stores တွေဟာ $ 1000 လောက် ရောင်းချနေရပါတယ်။

Online Stores တွေ စတင်ဖွင့်လှစ်ပြီးရောင်းချခဲ့တဲ့ အချိန်မှာတော့ ရောင်းအားက 11% လောက်ရရှိခဲ့ပါတယ်။

အခုအောက်မှာဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာ ရောင်းအားကောင်းဆုံးနဲ့ ဒေါ်လာတွေရရှိပြီး ထိပ်ဆုံးရောက်ရှိနေတဲ့ ကုမ္ပဏီ (၁၁)ခုပဲ ဖြစ်ပါတယ်။

၁။ Amazon

1994 ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံးဖြစ်တဲ့ Jeff Bezos ဟာ Amazon ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Amazon ဟာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်ပြီး ဝင်ငွေအများဆုံးရရှိနေတာလဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာဆိုရင် Amazon ရဲ့ ရောင်းရငွေဟာ $177.9 billion အထိ ရရှိခဲ့ပါတယ်။ Amazon မှာ ရောင်းချနေတဲ့ ပစ္စည်းတွေကတော့ လျှပ်စစ်ပစ္စည်း၊ ဆော့ဝဲ၊ အိမ်မွေးတိရိစ္ဆာန် ပစ္စည်း နဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

၂။ Alibaba

ဒုတိယအရောင်းရဆုံးဖြစ် ရပ်တည်နေတာကတော့ Alibaba ဖြစ်ပါတယ်။ ဒီကုမ္ပဏီကို ၁၉၉၉ ခုနှစ်မှာ တရုတ်နိုင်ငံက Jack Ma က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာဆိုရင် Alibaba ရဲ့ ရောင်းရငွေဟာ $22.9 billion အထိ ရရှိခဲ့ပါတယ်။ Alibaba ကုမ္ပဏီမှာတော့ ကုန်ပစ္စည်းအစုံအလင်ကိုရောင်းချနေတာဖြစ်ပါတယ်။

၃။ Ebay

၁၉၉၅ ခုနှစ်မှာ အမေရိကန် ဘီလျံနာ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့ Pierre Omidyar က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာဆိုရင် Ebay ရဲ့ ရောင်းရငွေဟာ $9 billion အထိ ရရှိခဲ့ပါတယ်။ Ebay ဟာ C2C နဲ့ B2C တို့ကို ဆက်သွယ်ပေးတယ့် ecommerce platform တစ်ခုဖြစ်ပါတယ်။

Google+ ဝန်ဆောင်မှုကို Google မှ ဧပြီလအတွင်းအပြီးသတ် ပိတ်သိမ်းမယ်

၎။ Jingdong

၁၉၉၈ ခုနှစ်မှာ တရုတ်လူမျိုး Internet လုပ်ငန်းရှင် Liu Qiangdong က စတင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာဆိုရင် Jingdong ရဲ့ ရောင်းရငွေဟာ $16.9 billion အထိ ရရှိခဲ့ပါတယ်။

၅။ Zappos

၁၉၉၉ ခုနှစ်မှာ Tony Hsieh က Zappos Online Shore ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ Customer တွေကို ဝန်ဆောင်မှုပေးတဲ့ နေရာမှာ အကောင်းဆုံး စီးပွားရေးကုမ္ပဏီ တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာဆိုရင် Zappos ရဲ့ ရောင်းရငွေဟာ $1billion အထိ ရရှိခဲ့ပါတယ်။

၆။ Rakuten

၁၉၉၇ ခုနှစ်မှာ Hiroshi Mikiani ဟာ Rakuten Online Store ကို စတင်တည်ထာင်ခဲ့တာပဲဖြစ်ပါတယ်။ Rakuten က ကမ္ဘာပေါ်မှာ အကြီးဆုံး Wesbite တစ်ခုဖြစ်ပြီး ထိပ်တန်းရောက်နေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆိုရင် Rakuten ရဲ့ ရောင်းရငွေဟာ $0.01billion အထိ ရရှိခဲ့ပါတယ်။

၇။ Home Depot

၁၉၇၈ ခုနှစ်မှာ Home Depot ကို Arthur Blank, Kenneth Langone, Bernard Marcus, Pat Farrah, Ron Brill တို့ဟာ စတင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ Home Depot ဟာ အိမ်ဆောက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း နဲ့ ဝန်ဆောင်မှု စတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဆိုရင် Home Depot ရဲ့ ရောင်းရငွေဟာ $0.23.9 billion အထိ ရရှိခဲ့ပါတယ်။

၈။ Flipkart

စင်ကာပူနိုင်ငံမှာရှိတဲ့ Flipkart Online Store ကို ၂၀၀၇ ခုနှစ်မှာ Sachin Bansal နဲ့ Binny Bansal တို့က စတင်တည်ထောင်ခဲ့တာပါ။ Flipkart ဟာလည်း Amazon လိုပဲ BookStore တစ်ခုပါပဲ။ ၂၀၁၇ ခုနှစ်မှာ ဆိုရင် Home Depot ရဲ့ ရောင်းရငွေဟာ $0.23.9 billion အထိ ရရှိခဲ့ပါတယ်။

ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ဒေါ်လာ (၁) သန်း ရင်းနှီးမြှုပ်နှံမည်

၉။ Zalando

၂၀၀၈ ခုနှစ်မှာ Robert Gentz နဲ့ David Schneider တို့ဟာ Zalando ကို စတင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဆိုရင် Zalando ရဲ့ ရောင်းရငွေဟာ $1.3 billion အထိ ရရှိခဲ့ပါတယ်။

၁၀။ Otto

၂၀၀၆ ခုနှစ်မှာ Anthony Levandowski ဟာ Otto Online Store ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Otto မှာ ရရှိနိင်တဲ့ ကုန်ပစ္စည်းတွေကတော့ အဝတ်အစား၊ အားကစား ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်း စတာတွေပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဆိုရင် Otto ရဲ့ ရောင်းရငွေဟာ $13.6billion အထိ ရရှိခဲ့ပါတယ်။

၁၁။ Wrapping Up

နောက်ဆုံးတစ်ခုကတော့ Wrapping Up ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဂျပန်နိုင်ငံက David james ၂၀၀၆ ခုနှစ်ကစတင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဆိုတော့ Wrapping Up ရဲ့ ရောင်းရငွေဟာ $1billion အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ တစ်ကမ္ဘာလုံးမှာ ထိပ်တန်းရောက်နေတဲ့ Online Store ၁၁ ခုကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Htet Htet Naing
Myanmar Advertising Directory

Read times
Rate this item
(1 Vote)