-->
×

Warning

JUser: :_load: Unable to load user with ID: 29


Linkedin မှာလဲ Facebook လိုပဲ Reaction တွေပေးနိုင်ပြီ

Linkedin မှာလဲ Facebook လိုပဲ Reaction တွေပေးနိုင်ပြီ Google

စီးပွားရေးလုပ်ငန်းရှင်တွေ အသုံးများတဲ့ Linkedin က Post တွေကို Like တစ်ခုထဲပေးနိုင်တယ်ဆိုပေမယ့် အခုဆိုရင်တော့ လူမှုကွန်ယက်စာမျက်နာမှာလိုပဲ Reaction တွေပေးလို့ရနေပြီလို့သိရပါတယ်။

သင့်ရဲ့ Linkedin Newfeed မှာ ပေါ်လာတဲ့ Content တွေကို Like အပြင် Celebrate, Love, Insightful, Curious ဆိုပြီး Reaction အသစ်လေးတွေကိုပေးလို့ရပါပြီ။

လူမှုကွန်ယက်စာမျက်နှာလိုပဲ Like ကအရှေ့ဆုံးကဖြစ်ပြီးတော့ သူရဲကနောက်မှာတော့ Reaction အသစ်လေးတွေကို ထပ်မံပေးလို့ရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

အသုံးပြုသူ User တွေကို မိမိတို့ရဲ့ ခံစားချက်ပေါ်မှုတည်ပြီး ကြိုက်နှစ်သက်ရာ Reaction တွေကို ရွေးချယ်ပြီး အသုံးပြုလို့ ရပါတယ်။

Facebook ကတော့ ၂၀၁၆ ခုနှစ်လောက်ကတည်းက Reaction တွေကို ပေးလို့ရနေတာဖြစ်ပါတယ်။

Facebook က ပို့စ်တွေကို ပေးလို့ရနိုင်တဲ့ Reaction တွေကတော့ Like, Love, HaHa, Wow, Sad, Angry ဆိုပြီးတော့ ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ဖြစ်တဲ့ဘီလ်ဂိတ်ရဲ့ နည်းပညာမျိုးစုံသုံးစံအိမ်တော်အကြောင်း

Linkedin ရဲ့ Facebook နဲ့ မတူတဲ့ အချက်ကတော့ Negative Reaction အပါတဲ့အချက်ပဲ ဖြစ်ပါတယ်။

Facebook မှာတော့ Sad တွေ၊ Angry ဆိုပြီး Nagative Reaction တွေပါပေမယ့် Linked ကတော့ Postive Reaction တွေကိုပဲပါဝင်ပါတယ်။

Linkedin ကို အသုံးပြုသူတွေအနေနဲ့ iOS ရော၊ Android တွေမှာ Reaction ကို အခုကနေစတင်ပြီး တစ်ကမ္ဘာလုံး အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ Linkedin ကို အသုံးပြုသူဦးရေစုစုပေါင်းဟာ သန်း ၅၀၀ ရှိပြီးတော့ လစဉ်အသုံးပြုသူကတော့ သန်း ၂၅၀ ရှိနေပါတယ်။


Htet Htet Naing
Myanmar Advertising Directory

Read times
Rate this item
(1 Vote)