-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာပေါ်မှာ အကာင်းဆုံးဆိုပြီး သတ်မှတ်ခံထားရတဲ့ အလုပ်အကိုင် (၅)ခု

ကမ္ဘာပေါ်မှာ အကာင်းဆုံးဆိုပြီး သတ်မှတ်ခံထားရတဲ့ အလုပ်အကိုင် (၅)ခု Google

အလုပ်လုပ်ဖို့အတွက် ရွေးချယ်တဲ့အခါမှာ ကိုယ်လည်းကြိုက်ပြီး လစာလည်းကောင်းတဲ့အလုပ်တွေကို ရွေးချယ်ပြီးလုပ်ကြပါတယ်။

ဒါပေမယ့်တစ်ခါတစ်လေမှာ ကိုယ့်စိတ်ကြိုက်မဟုတ်ပေမယ့် လစာတွေအရမ်းကောင်းလို့ ရွေးချယ်လိုက်ရတဲ့ အလုပ်တွေလည်းရှိတယ်။ တချို့အလုပ်တွေဆိုရင် အရမ်းခက်ခဲလွန်းလို့ လုပ်ရတာတောင် စိတ်ပင်ပန်းတဲ့အထိဖြစ်ရတာတွေ ရှိပါတယ်။ ဒါပေမယ့်တော်တော်များများက အကောင်းဆုံးအလုပ်အကိုင်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ အလုပ်တွေလည်း ဒီလောကကြီးမှာရှိနေပါသေးတယ်။ ဒါတွေကတော့

၁။ Disney Imagineer

8 10 DL 00997

ဒီအလုပ်ကတော့ Disney က ခန့်တဲ့အလုပ်ဖြစ်ပါတယ်။ တောင်အမေရိကားနဲ့ အာရှမှာလုပ်လို့ရတဲ့ဒီအလုပ်က စိတ်ကူးယဉ်ခြင်းနဲ့ အင်ဂျင်နီယာအတတ်ပညာကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ စိတ်ကူးယဉ်သမားနဲ့ လက်တွေ့သမားနှစ်ခုလုံးကို တစ်ပြိုင်တည်းလုပ်ခွင့်ရမယ့်အလုပ်ပါ။ ကိုယ့်ရဲ့ရူးသွပ်လှပါပေ့ဆိုတဲ့ စိတ်ကူးတွေကို Disney Amusement Park တွေမှာ တကယ့်အဆောက်အဦး အစစ်တွေအနေနဲ့ဖန်တီးရမှာ ဘယ်လောက်တောင်မိုက်လဲ။ တစ်ခုတော့ရှိပါတယ်။ ဒီအလုပ်ကိုလုပ်ချင်ရင် အင်ဂျင်နီယာတော့ ဖြစ်မှရမှာဖြစ်ပါတယ်။

၂။ Private Island Caretaker

polynesia 3021072 1920

ကိုယ်တိုင်ကျွန်းတွေကို မပိုင်ရရင်တောင် သူများပိုင်တဲ့ကျွန်းလှလှလေးတွေမှာ နေခွင့်ရတဲ့အလုပ်ကလည်း အကောင်းဆုံးအလုပ်တွေထဲမှာ ပါတယ်။ ကျွန်းကိုစောင့်ရှောက်ရတာမို့ တာဝန်ကြီးပြီးတော့ ပင်ပန်းတယ်ဆိုပေမယ့် ကိုယ်တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ် ရှုခင်းလှလှလေးမှာ ဘဝကိုဖြတ်သန်းရမှာလေ။ တစ်နှစ်ကိုပျမ်းမျှ ဒေါ်လာ ၁၅,ဝဝဝ ကနေ ဒေါ်လာ ၁၂ဝ,ဝဝဝ လောက်ရပါတယ်တဲ့။

၃။ Ben & Jerry’s Flavor Guru

9423104534 d05b049cd0 c zx3hmz

ဒီအလုပ်လေးကတော့ အမေရိကားမှာ လုပ်ရတဲ့အလုပ်လေးပါ။ ဒီအလုပ်က ငယ်ငယ်ကလေးအရွယ်မှာဆိုရင်တော့ အလိုချင်ဆုံးအလုပ်ဖြစ်မှာပါ။ ရေခဲမုန့်တွေ ၊ သကြားလုံးတွေနဲ့ တခြားအချိုရည် ၊ သကြားရည်တွေကိုရောပြီး အရသာနဲ့ပြည့်စုံတဲ့ အချိုပွဲတွေဖန်တီးရတာပါ။ ပြီးတော့ “Quality Control” ဆိုပြီး နာမည်ခံပြီးတော့ စမ်းထားသမျှ အချိုပွဲတွေကို အရသာခံတာပေါ့။ ဒီအလုပ်က ကျန်းမာရေးနဲ့တော့အရမ်းကြီး ကိုက်ညီမယ်မထင်ဘူး။

လုပ်ငန်းပြိုင်ဘက်တွေကို အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ့် အချက် (၈)ချက်
၎။ Water Slide Tester

Resort waterslide tester

ဒီအလုပ်ကိုတော့ ကလေးဘဝက စိတ်ကူးယဉ်တဲ့အလုပ်လို့ ထင်ရင်လည်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် Water Slide တွေကို စမ်းပြီးတော့ စီးတဲ့အလုပ်က အပြင်မှာတကယ်ရှိပါတယ်။ ဒီမှာလို Water Boom မှာ ပိုက်ဆံတွေပေးပြီး သွားစီးစရာမလိုဘူး။ သူကစီးပေးလို့တောင် အလကားပိုက်ဆံတွေရသေးတာ။ ဒါပေမယ့်လည်း တစ်ချိန်လုံး Water Slide တွေစီးနေတယ်ဆိုပြီး အပျော်တွေပဲရှိတယ်လို့ မထင်လိုက်နဲ့နော်။ Water Slide စီးရင်း အမြင့်တွေ ၊ အရှိန်တွေ ၊ ရေရဲ့သိပ်သည်းဆတွေနဲ့ ရေသွယ်မြောင်းတွေကနေ အဆင်းတွေကို လိုက်ပြီးစစ်ဆေးရတာပေါ့။ ဒါပေမယ့်လည်း ဒီလိုလုံခြုံရေးအတွက် စစ်ဆေးရတာတွေအပြင် အများကြီးလည်းပျော်ရပါသေးတယ်။


၅။ Professional Netflix Watcher

Cable TV Alternatives

ဒါကတော့ Netflix ကို ပိုက်ဆံပေးပြီး မကြည့်ရတဲ့အပြင် Netflix ကို အိမ်မှာနေရင်းနဲ့ပဲ ထိုင်ကြည့်ပေးနေလို့ ပိုက်ဆံရတဲ့အလုပ်ဆိုတာ ရှိပါတယ်တဲ့။ တစ်နေ့လုံး ဆိုဖာလေးမှာထိုင်ပြီး Netflix ကိုကြည့်ပေးဖို့ ပိုက်ဆံပေးပြီးခိုင်းထားတဲ့ သီးသန့်ရွေးချယ်ထားတဲ့ လူနည်းစုအုပ်စုလေးဆိုတာ အပြင်မှာရှိပါတယ်။ သူတို့ရဲ့အလုပ်က တီဗီရှိုးတွေနဲ့ ရုပ်ရှင်တွေကို တစ်နေကုန်ထိုင်ကြည့်ပြီး ကွန်ပျူတာကမသိနိုင်တဲ့ စိတ်ခံစားချက်ပိုင်းနဲ့ဆိုင်တဲ့ ရှုထောင့်တွေကို ကဏ္ဍတွေခွဲပေးရတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဇိမ်ခံမွေ့ရာမှာ စမ်းအိပ်ပေးရတဲ့အလုပ်တို့၊ ပွေ့ဖက်ပေးရတဲ့အလုပ်တို့၊ ခရီးလျှောက်သွားပေးပြီး ပိုက်ဆံရတဲ့အလုပ်တို့လည်းရှိပါသေးတယ်။

Source; Piki(Akhayar)
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)