-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာကျော် Adidas ကုမ္ပဏီကို ဘယ်လိုအခက်အခဲတွေနဲ့တည်ထောင်ခဲ့တာလဲ...?

ကမ္ဘာကျော် Adidas ကုမ္ပဏီကို ဘယ်လိုအခက်အခဲတွေနဲ့တည်ထောင်ခဲ့တာလဲ...? Google

Adi Dassler လို့သိထားတဲ့ Adolf Dassler ကို ၁၉၀၀ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာဗားရီးယားပြည်နယ်၊ Herzogenaurach မြို့မှာ မွေးဖွားခဲ့ပါတယ်။ ရှူးဖိနပ်စက်ရုံလုပ်သား Christoph Dassler ရဲ့ သားဖြစ်ပြီး ရှူးဖိနပ်လုပ်ငန်းထဲကို အသက် ၂၀ မှာစတင်ဝင်ရောက်ခဲ့ပါတယ်။

သူဟာ သူ့အမေရဲ့ ပင်မင်းဆိုင်ထဲမှာ ပတ္တူအထည်စတွေ၊ အခြားပစ္စည်းတွေနဲ့ သူ့ရဲ့ ရှူးဖိနပ်လုပ်ငန်းကိုစတင်ခဲ့ပါတယ်။ သူ့အစ်ကို ဇက်လိုင်း၊ ရုဒေါ့ဖ်တို့ရဲ့ အကူအညီနဲ့ Dassler Brother ဆိုတဲ့ ရှူးဖိနပ်စက်ရုံကို တည်ထောင်ခဲ့ပါတယ်။ အက်ဒီဟာ အဓိကအားကစားပွဲတွေကို တက်ရောက်ပြီး အားကစားသမားတွေကို သူ့ရဲ့ ရှူးဖိနပ်ဝတ်ဆင်အောင် ဆွဲဆောင်ခဲ့ပါတယ်။

၁၉၂၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာတော့ အားကစားသမားအတော်များများက အက်ဒီအလုပ်ရုံကထွက်တဲ့ အထူးရှူးဖိနပ်တွေကို ဝတ်နေကြပါပြီ။ ၁၉၃၀ ခုနှစ်အစောပိုင်းကာလမှာ သူ့ရဲ့ ကုမ္ပဏီက အားကစားအမျိုးပေါင်း ၁၁ မျိုးအတွက် ရှူးဖိနပ်အမျိုးအစားပေါင်း ၃၀ ကို ပြုလုပ်နေပါပြီ။

တစ်ချိန်တည်းမှာ ဂျာမနီမှ ဟစ်တလာပေါ်ထွက်လာပြီး သူတို့ညီအစ်ကိုတွေဟာ နာဇီပါတီထဲကိုဝင်ရောက်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာကျင်းပခဲ့တဲ့ ၁၉၃၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ တာတို အပြေးသမား ဂျက်ဆီအိုဝင်က အက်ဒီစက်ရုံကထုတ်တဲ့ ဆူးချွန်ပါရှူးဖိနပ်ကိုဝတ်ပြီးယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဂျက်ဆီအိုဝင်က မကြုံစဖူးရွှေ ၄ ဆု (နောက် ၄၈ နှစ် ကာတဲ့အထိ စံချိန်မချိုးနိုင်တဲ့စွမ်းဆောင်ရည်)ကိုရရှိခဲ့ပါတယ်။

အက်ဒီရဲ့ ရှူးဖိနပ်တွေရောင်းအားတက်ခဲ့ပေမယ့် ဖြစ်အံ့ဆဲဆဲစစ်ကြောင့် အက်ဒီတို့ညီအစ်ကိုတွေရဲ့ ကုမ္ပဏီဟာ ပျက်စီးခဲ့ရပါတယ်။ ရုဒေါ့ဖ်က စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရပြီး အက်ဒီက နာဇီစစ်သားတွေအတွက် ဖိနပ်လုပ်ပေးရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတော့ အက်ဒီနဲ့ရုဒေါ့ဖ်တို့ဟာ ကုမ္ပဏီကိုပြန်ဖွဲ့စည်းဖို့ကြိုးပမ်းခဲ့ပေမယ့် ညီအစ် ကိုနှစ်ဦးစိတ်ဝမ်းကွဲမှုကြောင့် ဆက်ဆံရေးပျက်ပြားခဲ့ရပါတယ်။

အက်ဒီဟာ သူ့ရဲ့ nick name နဲ့ သူ့ရဲ့ နောက်ဆုံးနာမည်ရဲ့ ရှေ့ဆုံးစာလုံးသုံးလုံးကိုယူပြီး Adidas ဆိုတဲ့ကုမ္ပဏီကိုဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ အက်ဒီဟာ ပုံသွင်း သတ္တုဘုတွေပါတဲ့ ပထမဆုံးရှူးဖိနပ်တွေကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းက ဟန်ဂေရီအသင်းကိုအနိုင်ရပြီး ကမ္ဘာ့ဖလားရခဲ့ပါတယ်။

အောင်သွယ်နည်းပညာအသစ်ဖြစ်တဲ့ Secret Crush ကိုချဲ့ထွင်တော့မယ့် Facebook

အဲဒီပွဲမှာ ဂျာမနီဘောလုံးသမားအားလုံး Adidas ရှူးဖိနပ်ကိုဝတ်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူ့ရဲ့ ကုမ္ပဏီဟာ ကမ္ဘာ့ဈေးကွက်မှာ အားကစားရှူးဖိနပ်တွေကို အဓိကပံ့ပိုးရောင်းချတဲ့ ကုမ္ပဏီကြီးတစ်ဖန်ဖြစ်လာခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်မှာ အက်ဒီဟာ သူ တို့ရဲ့ နာမည်ကြီးအစင်းသုံးကြား ရှူးဖိနပ်တွေရောင်းချနိုင်မှုနဲ့အတူ အားကစားအဝတ်အစားတွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။

အဲဒီနှစ်ရောမမြို့မှာကျင်းပတဲ့ အိုလံပစ်ပြိုင် ပွဲမှာ အားကစားသမားအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းဟာ Adidas ရှူးဖိနပ်တွေကိုဝတ်ဆင်ခဲ့ပါတယ်။ အက်ဒီဟာ သူ့ရဲ့ ကုန်အမှတ်တံဆိပ်ကို အရောင်းမြှင့်ဖို့အတွက် Adidas ပိုင်ရှင်တစ်ယောက်အနေနဲ့ သူ့အသက်မွေးမှုတစ်လျှောက်မှာ နာမည်ကြီးအားကစားသမားအ တော်များများကို မျက်နှာချိုသွေးခဲ့ရပါတယ်။

၁၉၆၃ ခုနှစ်မှာ Adidas ဘောလုံးတွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်ကတည်းက အဓိကပြိုင်ပွဲတွေအားလုံးရဲ့ တရားဝင်ဘောလုံးတွေဟာ Adidas ရဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ Adolf Adi Dassler ဟာ ကွယ်လွန်ခဲ့ပါတယ်။

သူသေဆုံးချိန်မှာတော့ သူ့ဇနီးနဲ့သားတို့ဟာ လွန်ခဲ့တဲ့နှစ် ၆၀ နီးပါးက သူတည်ထောင်ခဲ့တဲ့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း Adidas ဟာ ကမ္ဘာ့အားကစားလောကမှာ ဒုတိယအကြီးဆုံး ကုမ္ပဏီအဖြစ် Nike ရဲ့ နောက်ကနေ ရပ်တည်လျှက်ရှိနေဆဲပါ။

Source; Thuta Zone
Myanmar Advertising Directory

Read times
Rate this item
(0 votes)