-->
×

Warning

JUser: :_load: Unable to load user with ID: 29


Game of Thrones ဇာတ်ဝင်ခန်းမှာ ပါဝင်ခဲ့ရာက Starbucks က ဒေါ်လာ ၂ သန်းကျော် ရခဲ့

Game of Thrones ဇာတ်ဝင်ခန်းမှာ ပါဝင်ခဲ့ရာက Starbucks က ဒေါ်လာ ၂ သန်းကျော် ရခဲ့ Google

အမေရိကန် ကော်ဖီ Company တစ်ခုဖြစ်တဲ့ Starbucks ကို ၁၉၇၁ ခုနှစ်မှာ Jerry Baldwin, Zev Siegl နဲ့ Gordol Bowker တို့က စတင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် တစ်ကမ္ဘာလုံးမှာ Starbucks Company ပေါင်းဟာ ၃သောင်းကျော် ရှိနေပါတယ်။ Starbucks မှာ ရောင်းချတဲ့ အစားအသောက်တွေကတော့ ကော်ဖီ၊ ဖျော်ရည်၊ လက်ဖက်ရည်၊ ကွက်ကီး နဲ့ sandwiches စတာတွေ ရရှိပါတယ်။

Starbucks Company ဟာ ဝန်ထမ်းပေါင်း ၂၉၀၀၀၀ ကျော်နဲ့ ရပ်တည်နေတဲ့ Company တစ်ခုလည်း ဖြစ်ပါတယ်။ Starbucks ရဲ့ကော်ဖီခွက်တစ်ခွက်က အမှတ်မထင်မတော်တဆအဖြစ် Game of Thrones ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာပါဝင်ခဲ့ပြီးနောက် Starbucks အနေနဲ့ ပိုမိုလူသိများထင်ရှားခဲ့ရပြီပဲ ဖြစ်ပါတယ်။

မိုဘိုင်းကြော်ငြာလုပ်ငန်း CEO Brian Wong ရဲ့ စီးပွားရေးနည်းဗျူဟာများ

အဆိုပါ မတော်တဆအနေနဲ့ ပါဝင်တဲ့ကော်ဖီခွက်ရဲ့ ဇာတ်ဝင်ခန်းကိုအမြင်စူးရှတဲ့ ကြည့်ရှုသူတစ်ယောက်က တင်္နဂနွေ နေ့ကမြင်တွေ့ခဲ့တာဖြစ်ပြီး social media platform တော်တော်များများမှာ ဂယက်ထစေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Starbucks အနေနဲ့ ကုန်ကျစရိတ် ဒေါ်လာ ၂.၃ သန်းလောက်တန်ဖိုးရှိတဲ့ ကြော်ငြာတစ်ခုကို ဖရီးရလိုက်သလိုပါပဲလို့ တော်တော်များများက မှတ်ချက်ပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ပက်သတ်လို့ Starbucks က မှတ်ချက်ပေးခဲ့တာမျိုးမရှိသလို HBO အနေနဲ့လည်း အဆိုပါဇာတ်ဝင်ခန်းကို အင်္ဂါနေ့က edit ပြန်လုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် Twitter နဲ့ Reddit မှာ Starbucks ပါဝင်တဲ့ Game of Thrones ဇာတ်ဝင်ခန်းဟာ ပျံ့နှံ့နေဆဲပဲဖြစ်ပါတယ်။


Cnbc.com
Myanmar Advertising Directory

Read times
Rate this item
(1 Vote)