-->
×

Warning

JUser: :_load: Unable to load user with ID: 29


တောင်ကိုရီးယားဒေတာသုံးသပ်ရေး ကုမ္ပဏီတစ်ခုကို Facebook မှ တရားစွဲဆို

တောင်ကိုရီးယားဒေတာသုံးသပ်ရေး ကုမ္ပဏီတစ်ခုကို Facebook မှ တရားစွဲဆို google

လူမှုမီဒီယာကြီး Facebook ရဲ့ စည်းမျဉ်းများကို ထိန်းကွပ်ပေးဖို့အတွက် တာဝန်ယူရတဲ့ တောင်ကိုရီးယားဒေတာသုံးသပ်ရေး ကုမ္ပဏီတစ်ခုကို Facebook က တရားစွဲဆိုခဲ့ကြောင်းကို မေ ၁၀ ရက်နေ့တွင် ကြေညာခဲ့ပါတယ်။

Facebook မှာ App တွေ လည်ပတ်ဖို့အတွက် သဘောတူညီချက်များကို လိုက်နာအကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့မှုနဲ့ Rankewave ကုမ္ပဏီကို ကယ်လီဖိုးနီးယား တရားရုံးတွင် Facebook က တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။

ကြော်ငြာနှင့် ဈေးကွက်ဆိုင်ရာ အချက်အလက်များကို အသုံးပြုရာတွင် Rankewave ဟာ Facebook နဲ့ ကိုက်ညီရမယ့် မူဝါဒများကိုပူးပေါင်းဆောင်ရွက်ခဲ့ခြင်းရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေတယ်လို့ လူမှုမီဒီယာကုမ္ပဏီကြီးက ပြောကြားခဲ့ပါတယ်။

နာမည်ကြီး အဖွဲ့အစည်းတွေကို ဒုက္ခရောက်စေခဲ့တဲ့ ကမ္ဘာ့အသက်ငယ်ဆုံး Hacker များ

Rankewave နဲ့ သက်ဆိုင်တဲ့ App နဲ့ Account များကို Facebook က ရပ်ဆိုင်းထားပြီး စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ဖို့ အမိန့်ချမှတ်ပေးရေးအတွက် တရားရုံးကို တောင်းဆိုထားကြောင်း Facebook ရဲ့တရားရေးဆိုင်ရာ ဒါရိုက်တာဂျက်စီကာရိုမေရိုက ပြောကြားခဲ့ပါတယ်။

အသုံးပြုသူများရဲ့ အချက်အလက်များ နဲ့ ပုဂ္ဂလိကလုံခြုံရေးအချက်အလက်များ ပေါက်ကြားမှုအတွက် အရှုပ်တော်ပုံနှင့် ရင်ဆိုင်နေရသော Facebook ဟာ ပြီးခဲ့သည့် သုံးလပတ်တွင် အမြတ်ဒေါ်လာဘီလျံနဲ့ချီ ပြီး ထိုးကျသွားခဲ့ပါတယ်။

အသုံးပြုသူများရဲ့ အချက်အလက်များအား ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်က Facebook ကို ဒေါ် လာ ၃ ဘီလျံမှ ၅ ဘီလျံအကြား ဒဏ်ငွေချ မှတ်ဖွယ်ရှိတယ်လို့ သုံးလပတ်ဝင်ငွေအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)