-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘီလီလျံနာတွေ ခရီးလည်ပတ်ဖို့ အကောင်းဆုံးနိုင်ငံများစာရင်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ

ဘီလီလျံနာတွေ ခရီးလည်ပတ်ဖို့ အကောင်းဆုံးနိုင်ငံများစာရင်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ Google

Business Insider ဝက်ဘ်ဆိုက်က ကမ္ဘာပေါ်တွင် အချမ်းသာဆုံးဘီလျံနာ သူဌေးကြီးများကြား ခရီးသွားလည်ပတ်ဖို့ ရေပန်းစားတဲ့ နိုင်ငံများစာရင်းကို စုစည်းဖော်ပြရာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန် အခြေစိုက်စီးပွားရေး သတင်းအချက်အလက် ဝက်ဘ်ဆိုက်ကြီးက ယနေ့ ခေတ် ဘီလျံနာသူဌေးကြီးများအနေနဲ့ လနှင့်ချီကြာမြင့်သော အပန်းဖြေခရီးများ သွားရောက်ဖို့ ပိုမိုစိတ်ဝင်စားလာပြီး သဘာဝ ပတ်ဝန်းကျင် အလှအပရှုခင်းတွေပေါများတဲ့ နေရာများကို ပိုမိုစိတ် ဝင်စားလာတယ်လို့ ဖော်ပြပါတယ်။

Business Insider က တန်ဖိုးကြီး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Original Travel နှင့် ပူးပေါင်းပြီး ၂၀၁၉ အတွက် ဘီလျံနာ သူဌေးကြီးများရဲ့ စိတ်အာရုံကို အဖမ်းစားနိုင်ဆုံး ခရီးစဉ် ဖြစ်နိုင်တဲ့ နိုင်ငံ ၁၅ ခုကို စိစစ် ရွေးချယ်ဖော်ပြခဲ့ပါတယ်။

နိုင်ငံ (၄၆) နိုင်ငံပဲ အသုံးပြုလို့ရတဲ့ Instagram ရဲ့Shopping Option

အဲဒီစာရင်းမှာ ပြင်သစ်၊ ဗြိတိန်တို့လိုပဲ ဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာနေတဲ့ နိုင်ငံများ၊ အာဖ ရိကတိုက်မှ ရှုခင်းလှပတဲ့ နိုင်ငံ များန့ အရှေ့တောင်အာရှ၊ တောင်အာရှဒေသများမှ အိန္ဒိယ၊ ဘူတန်နဲ့ မြန်မာနိုင်ငံတို့လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး  Business Insider က ဖော်ပြထားတဲ့ ဘီလျံနာသူဌေးကြီးတွေ ပိုင်ဆိုင်တဲ့ ဇိမ်ခံရွက်လှေများ ကို ရန်ကုန်နှင့် ပုဂံတို့ကြား ဧရာဝတီမြစ်ကြောင်း အတိုင်း အစုန်၊ အဆန် သွားလာ ရင်း ရှုမျှော်ခင်းများကို ခံစားကြည့်ရှုနိုင်တဲ့ အကောင်းဆုံး ခရီးသွားအတွေ့အကြုံတစ်ခု ဖြစ်လာမယ် ပါဝင်ပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံရဲ့အလှဆုံးကမ်းခြေ တစ်ခုဖြစ်တဲ့ ငပလီကိုလည်းမဖြစ်မနေ သွားရောက်သင့် ကြောင်း Original Travel က ထောက်ခံချက်ပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့တော် ရန်ကုန်တွင်လည်း ရွှေတိဂုံစေတီတော်ကြီးဟာ ကမ္ဘာလှည့်ခရီးသွားတိုင်း အရောက်သွားကြတဲ့ အထင်ကရနေရာတစ်ခုလို့ Original Travel က ဆိုပါတယ်။

Original Travel က ရန်ကုန်အလည်အပတ် ခရီးစဉ်အတွက် ဝန်ဆောင်မှုပေးတဲ့အခါ ရှင်ပြုရဟန်းခံ အလှူပွဲတွေမှာပါ ကမ္ဘာလှည့်ခရီးသွားတွေ ပါဝင်နိုင်အောင် ကူညီပေးနေတယ်လို့သိရပါတယ်။

Business Insider က ဖော်ပြတဲ့ ဘီလျံနာသူဌေးကြီးများ အလည်အပတ်သွားရောက်ဖို့ စိတ်အဝင်စားဆုံး အခြားနိုင်ငံ ၁၄ ခုဟာ မွန်တီနီဂရိုး၊ အိုမန်၊ ပြင်သစ်၊ ဗြိတိန်၊ အိန္ဒိယ၊ ချီလီ၊တူရကီ၊ ဆီချလိစ်၊ ရဝမ်ဒါ၊ဘူတန်၊ ကိုလံဘီယာ၊ အိုက် စလန်၊ ဂျပန်နှင့် အီဂျစ်တို့ ဖြစ်ပါတယ်။

Ref: Business Insider

Myanmar Advertising Directory

Read times
Rate this item
(1 Vote)