-->
×

Warning

JUser: :_load: Unable to load user with ID: 29


တီဗွီမှာ အများဆုံး မြင်တွေ့ရတဲ့ ကြော်ငြာ (၁၀) ခုနဲ့ သုံးထားတဲ့ ကြော်ငြာစရိတ်များ

ကြော်ငြာလေးတစ်ခုထဲနဲ့ သင့်ရဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုတွေကို လူတွေ တစ်ခါထဲ မှတ်မိသွားဖို့က မလွယ်ကူပါဘူး။ ဒါကြောင့် သူတို့ စိတ်ထဲစွဲနေအောင် အမြဲမှတ်မိနေအောင် ခဏခဏ ကြော်ငြာကြရပါတယ်။

တီဗီ၊ ရေဒီယို၊ သတင်းစာ၊ ဖုန်းနဲ့ အွန်လိုင်း စသဖြင့် ကြော်ငြာချန်နယ်ပေါင်းများစွာ ရှိနေပေမဲ့ တကယ်တမ်း စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီကြီးတွေ အများဆုံး အသုံးပြုတဲ့ ကြော်ငြာချန်နယ် တစ်ခုအဖြစ် တီဗွီချန်နယ်က ရပ်တည်နိုင်နေတုန်းပါပဲ။

ဘယ်လိုကုန်ပစ္စည်းတွေ ၀န်ဆောင်မှုတွေက တီဗွီချန်နယ်မှာ အများဆုံး ကြော်ငြာနေကြပြီးတော့ အဲဒီအတွက် ကုမ္ပဏီတွေက တစ်နှစ်အတွင်း ကြော်ငြာစရိတ် ဘယ်လောက်ထိ သုံးစွဲနေကြလဲ ဆိုတာကို အောက်မှာ ကိန်းဂဏန်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။


၁။ Skynet Receiver & Card

နံပါတ်တစ် တီဗွီမှာ အများဆုံး မြင်တွေ့ရမယ့် ကြော်ငြာကတော့ Skynet Receiver & Card ဖြစ်ပါတယ်။ တီဗွီမှာ ကြော်ငြာပေါင်း ၂၂,၀၁၂ ခု ကြော်ငြာထားပြီး အဲဒီအတွက် ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၉.၂ မီလီယံနီးပါး သုံးစွဲထားတာ ဖြစ်ပါတယ်။

၂။ Bella

ဒုတိယကတော့ Bella ဖြစ်ပါတယ်။ Bella ဟာ တီဗွီမှာ ကြော်ငြာပေါင်း ၁၅,၆၇၈ ခု ကြော်ငြာထားပြီး အဲဒီအတွက် ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၃.၄ မီလီယံနီးပါး အသုံးပြုထားပါတယ်။

စီးပွားရေးလောကမှာ အောင်မြင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ဆိုရင်

၃။ Ooredoo

နံပါတ်သုံးကြော်ငြာကတော့ Ooredoo ပါ။ တီဗွီမှာ ကြော်ငြာပေါင်း ၁၂,၃၅၁ ခု ကြော်ငြာထားပြီး ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၃.၃ မီလီယံကျော် သုံးထားပါတယ်။

၎။ Pond’s

နံပါတ်လေးကတော့ Pond’s ဖြစ်ပါတယ်။ တီဗွီမှာ ကြော်ငြာပေါင်း ၇,၀၉၁ ခု ကြော်ငြာထားပြီး ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၂.၆ မီလီယံကျော် သုံးစွဲထားပါတယ်။

၅။ Nivea

နံပါတ်ငါးကတော့ Nivea ဖြစ်ပါတယ်။ တီဗွီမှာ ကြော်ငြာပေါင်း ၅,၇၇၃ ခု ကြော်ငြာထားပြီး ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၂.၃ မီလီယံကျော် သုံးစွဲထားပါတယ်။

၆။ Brand’s

နောက်တစ်ခုက Brand’s ဖြစ်ပါတယ်။ Brand’s ဟာ တီဗွီမှာ ကြော်ငြာပေါင်း ၃,၈၆၉ ခု ကြော်ငြာထားပြီး အဲဒီအတွက် ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၂.၃ မီလီယံနီးပါး အသုံးပြုထားပါတယ်။

၇။ Dumex

နောက်ထပ်ကြော်ငြာတစ်ခုတော့ Dumex ပါ။ တီဗွီမှာ ကြော်ငြာပေါင်း ၄,၀၃၄ ခု ကြော်ငြာထားပြီး ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၁.၉ မီလီယံကျော် သုံးထားပါတယ်။

နိုင်ငံ (၄၆) နိုင်ငံပဲ အသုံးပြုလို့ရတဲ့ Instagram ရဲ့Shopping Option

၈။ MPT

နောက်တစ်ခုက MPT ဖြစ်ပါတယ်။ တီဗွီမှာ ကြော်ငြာပေါင်း ၈,၁၀၃ ခု ကြော်ငြာထားပြီး ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၁.၇ မီလီယံကျော် သုံးစွဲထားပါတယ်။

၉။ Telenor Group

နောက်ထပ် တစ်ခုက Telenor ဖြစ်ပါတယ်။ တီဗွီမှာ ကြော်ငြာပေါင်း ၇,၉၅၉ ခု ကြော်ငြာထားပြီး ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၁.၇ မီလီယံ အသုံးပြုထားပါတယ်။

၁၀။ Clear

နောက်ထပ်ကြော်ငြာတစ်ခုတော့ Clear ပါ။ တီဗွီမှာ ကြော်ငြာပေါင်း ၄,၄၇၇ ခု ကြော်ငြာထားပြီး ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၁.၆ မီလီယံကျော် သုံးထားပါတယ်။

အခြားသော တီဗွီမှာ အတွေ့များတဲ့ ကြော်ငြာတွေကတော့ Ariel, Colgate, Royal Club, Ovaltine, Ensure, Meizan, Mytel, Grand Royal, Canal+, Vito Soy, Head & Shoulders, Nescafe, Oramin-G, Pantene, Garnier, Lifebuoy, Knorr, Milo, Coca Cola နဲ့ Hearty Heart စတဲ့ လူသုံးကုန် အသုံးအဆောင် ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

Su Mon Oo
Source: Nielsen MMRD

Read times
Rate this item
(8 votes)