-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာနိုင်ငံရဲ့ လေထုညစ်ညမ်းမှုကို နည်းပညာသုံးပြီး ဘယ်လိုသိနိုင်မလဲ...?

မြန်မာနိုင်ငံရဲ့ လေထုညစ်ညမ်းမှုကို နည်းပညာသုံးပြီး ဘယ်လိုသိနိုင်မလဲ...? Google

ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ ပြီးခဲ့တဲ့လတွေကစပြီး သိပ်အခြေအနေ မကောင်းတော့ပါဘူး။ မနက်ပိုင်းတွေမှာ အသက်ရူကြပ်တဲ့ အခက်အခဲတွေ၊ သင်နဲ့ နေအလင်းရောင်ကြားမှာ မှောင်မှိုင်းနေတာတွေကို သတိထားမိကြမှာပါ။

ဒါကြောင့် သင်နဲ့ သင့်အနားတွေမှာ မမြင်နိုင်တဲ့ အမှုန်အမွှားလေးတွေ ပျံ့နှံ့နေပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ အခက်အခဲတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ data အချက်အလက်တွေအရ မနက်ခင်းတွေမှာ AQI က ၁၅၀ ထက် ကျော်လွန်နေပါတယ်။

ရန်ကုန်မြို့ရဲ့ တိကျသေချာတဲ့ လေထုအရည်အသွေးကို ဒေတာတွေ ပိုမိုကောက်ခံပြီး အခုမှာတော့ ရရှိနိုင်တဲ့ ဒေတာတွေက နည်းသေးတဲ့အတွက် ဒီ့ထက်ပိုပြီး တိကျတဲ့ဒေတာတွေရရှိဖို့ လိုအပ်ပါတယ်။

Connect Univercity က Dr.Page နဲ့ သူ့ ကျောင်းသူကျောင်းသားတွေရဲ့ ကျေးဇူးနဲ့ ပြီးခဲ့တဲ့နှစ်က data အချက်အလက်တွေ အများကြီးရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အသိုင်းအဝန်းကလူတွေ ဒီထက်ပိုပြီး ကူညီနိုင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

အရောင်းသမားတွေသိထားသင့်တဲ့ အရောင်းပိတ်နည်းများ

ဒီတော့ လေထုအရည်အသွေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒေတာသိပ္ပံ အမြင်နဲ့ တွေ့ဆုံဆွေးနွေးမယ့် “လေထုအရည်အသွေး နဲ့ ဒေတာနည်းပညာများ” ဆိုတဲ့ပွဲကို ဖန်တီးရာကပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲဟာ Data Tada Program (ဒေတာ တံတား) ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

“လေထုအရည်အသွေး နဲ့ ဒေတာနည်းပညာများ” ပွဲကို ဧပြီလ ၆ရက် (တနင်္ဂနွေနေ့) ၊ နေ့လည် ၃နာရီကနေ ၄နာရီအထိ ဖန်တီးရာတည်ရှိရာနေရာဖြစ်တဲ့ ကုန်သည်လမ်း၊ Royal River View Condo ( ၁၀လွှာ ) မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံရဲ့ လေထုအရည်အသွေးကို အချိန်ကာလနဲ့ ပိုင်းခြားပြီး အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပြီး ဆန်းစစ်မှုတွေကို တိုက်ရိုက်လက်တွေ့ coding လုပ်ပြီး ပြသမှာဖြစ်လို့ ဒေတာသုတေသီ၊ ကျွမ်းကျင်သူ၊ ဒေတာ ဆန်းစစ်သူတွေ တက်ရောက်သင့်တဲ့ပွဲ ဖြစ်ပါတယ်။

“လေထုအရည်အသွေး နဲ့ ဒေတာနည်းပညာများ” ပွဲမှာ လေထုညစ်ညမ်းမှု အခြေခံ အချက်အလက်များအကြောင်း မိတ်ဆက်ပြီး နေ့စဉ်နေ့တိုင်း တိုင်းတာရရှိသော အချက်အလက်များ ထပ်တူညီမျှမှု (Cyclic Pattern) များကို အသုံးချကာ ခြားနားခြင်းပြဿနာတွေကို လေ့လာမှာဖြစ်ပါတယ်။

ဒီပွဲမှာ ဟောပြောသွားမယ့်သူတွေကတော့ Data Scientist တစ်ယောက်ဖြစ်တဲ့ Niquo မှ Python အသုံးပြုခြင်းတွေကို ရှင်းလင်းပြမှာ ဖြစ်ပြီး၊ Alex မှ R အသုံးပြုခြင်းတွေကို ရှင်းလင်းပြမှာဖြစ်ပါတယ်။ ဒါ့အပြင် Connect University မှ ကျောင်းသူကျောင်းသားများက Data ကောက်ယူခြင်းအတွေ့အကြုံကို ဝေမျှခြင်း နဲ့အမေးအဖြေ ကဏ္ဍတွေလဲ ပါဝင်မှာဖြစ်ပါတယ်။

“လေထုအရည်အသွေး နဲ့ ဒေတာနည်းပညာများ” ဆိုတဲ့ပွဲကို လေ့လာချင်လို့ တက်ရောက်ချင်တဲ့သူတွေအနေနဲ့ ဖုန်းနံပါတ် 09 260 072 463 နဲ့ အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


Source; Phandeeyar
Myanmar Advertising Directory

Read times
Rate this item
(1 Vote)