-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ငန်း လုပ်ဆောင်တဲ့နေရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက်

စီးပွားရေးလုပ်ငန်း လုပ်ဆောင်တဲ့နေရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် Google

စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာတဲ့နေရာမှာ ကြုံတွေ့ရနိုင်တဲ့အခက်အခဲများကို နည်းပါးစေဖို့ ဆက်လက်ဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားပါတယ်။

ဒါ့အပြင် မြန်မာ့ဈေးကွက်ကို ဝင်ရောက်ကြမယ့် ရင်းနှီးမြှုပ်နှံသူများ ရင်ဆိုင်နေရတဲ့ အခက်အခဲများကို လျှော့ချစေရန် ဝန်ကြီးဌာနအနေနဲ့ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဆက်လက် ပြောကြားပါတယ်။

“လုပ်သာကိုင်သာရှိသော ကြိုတင်ခန့် မှန်းနိုင်သော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရန်အတွက် ပါဝင်ပတ်သက်သူအားလုံးနဲ့အတူ ပွင့်လင်းစွာလုပ်ဆောင်နိုင်ဖို့ အစိုးရအနေနဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်လျက်ရှိနေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားပါတယ်။

ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့ရတဲ့ အခက်အခဲများကို လျှော့ချရန်အတွက် အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုစီမံကိန်း(MIPP) ကိုလည်း ယခင်နှစ်က မိတ်ဆက်ပေးခဲ့ကြောင်း ပြောကြားပါတယ်။

“MIPP ရဲ့ ရေရှည်မျှော်မှန်းချက်ကတော့ တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းမှမျှတပြီး ကွယ်ဝတဲ့ လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးရန်နဲ့တွန်းအားပေး လည်ပတ်တဲ့ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုရရှိစေဖို့ပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရက “မြန်မာနိုင်ငံရဲ့ရေ ရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) လို့ခေါ်တဲ့ ပြီးပြည့်စုံတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးအစီအစဉ် တစ်ခုကိုလည်း မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒီစီမံကိန်းက နောင်အနာဂတ် ပြုပြင်ပြောင်းလဲမှုများ အားလုံးအတွက် စည်းလုံးပြီး သင့်လျော်တဲ့လမ်းပြမြေပုံတစ်ခုကို ထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားပါတယ်။

Content ရေးတဲ့နေရာမှာ အခြေခံကျပေမယ့် မေ့လျော့နေတတ်တဲ့ အချက် (၂) ချက်

မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) အသေးစိတ်ရေးဆွဲထားတဲ့ မဟာဗျူဟာမြောက်စီမံကိန်းတစ်ခုဖြစ်ပြီး ဦးစားပေးကဏ္ဍ၊ အစီအစဉ်ချမှတ်ခြင်း၊ ဟာဗျူဟာမြောက်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနဲ့ ကဏ္ဍအားလုံးမှ ရင်းနှီးမြှုပ်နှံမှုများကို ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးတွင် ဆောင်ရွက်ရာတွင် ထောက်ပံ့ကူညီပေးမည် ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြုပ်နှံနေသူများကို စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက လုပ်သာကိုင်သာရှိပြီး ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးပေးမယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၁ဝ ရက်က ရန်ကုန်မြို့မှာရှိတဲ့ Lotte ဟိုတယ်မှာ ကျင်းပတဲ့ Yangon Investment Forum တွင် ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်တောက်ပရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းရာတွင် ရင်းနှီးမြှုပ်နှံသူများရဲ့အထောက်အပံ့များကို " at အစိုးရဘက်မှလည်း အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ဆက်လက်ပြောကြားပါတယ်။


credit
Myanmar Advertising Directory

Read times
Rate this item
(1 Vote)