-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိလုပ်ငန်းကို Year-End Review လုပ်ဖို့အတွက် လိုအပ်တဲ့အချက် (၇)ချက်

မိမိလုပ်ငန်းကို Year-End Review လုပ်ဖို့အတွက် လိုအပ်တဲ့အချက် (၇)ချက် Google

လုပ်ငန်းရှင်တွေတော်တော်များများက အတိတ်ကို ပြန်လည်သုံးသတ်ရန်ထက် အနာဂတ်ကို စီမံကိန်းချဖို့ အားသန်ကြပါတယ်။

ဒါပေမယ့် အရင်က ကိုယ်ဘာတွေမှားခဲ့တယ်၊ ကိုယ့်လုပ်ငန်းက ဘာတွေလိုအပ်နေတယ်၊ ဘယ်လို ပြဿနာတွေကြုံတွေ့နေရတယ်ဆိုတာကို သေသေချာချာ မသိဘဲနဲ့ ပြုပြင်ဖို့၊ စီမံကိန်းချဖို့ မဖြစ်နိုင်ပါဘူး။ Year-End Review လုပ်ခြင်းက ကိုယ့်ရဲ့လုပ်ငန်းတစ်ခုလုံးကို ကိုယ်မြင်နေကျပုံစံမဟုတ်ဘဲ အပေါ်စီးက ကြည့်နေသလို ရှင်းရှင်းလင်းလင်း မြင်ရရန်ဖြစ်ပါတယ်။ Review လုပ်တဲ့ အခါမှာလည်း အမှန်အတိုင်း မြင်တဲ့အတိုင်း တိတိကျကျ လုပ်ဖို့အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ရင် Review ၁၀ ခါ လုပ်လည်း အလကား ဖြစ်ပါတယ်။ အောက်မှာတော့ ကိုယ့်ရဲ့ လုပ်ငန်းကို Year-End Review လုပ်ဖို့အတွက် Guideline ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ကိုယ်သိချင်တာတွေ Review လုပ်ချင်တာတွေအတွက် မေးခွန်းများကို စာရင်းလုပ်ခြင်း

မေးခွန်းတွေကို စာရင်းလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လုပ်ငန်းနဲ့ပက်သက်တဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ မကြည့်မိမှာ၊ မေ့သွားတာတွေဖြစ်သွားမှာ စိုးတာကြောင့် ဖြစ်ပါတယ်။ ဥပမာ ဒီနှစ်လုပ်ငန်းရဲ့ အောင်မြင်မှုတွေကဘာတွေလဲ၊ အောင်မြင်မှုတွေက ကိုယ့်လုပ်ငန်းကြီးထွားမှုအပေါ်ဘယ်လို အကျိုးသက်ရောက်မှုတွေရှိလဲ 2019 မှာ အကြီးမားဆုံး စိတ်ပျက်စရာ၊ပြဿနာကဘာလဲ၊ ဖြစ်လာတဲ့ ပြဿနာတွေအတွက် ဘယ်လိုမဟာဗျူဟာတွေ ချမှတ်ပီးဖြေရှင်းခဲ့သလဲ၊ မျှော်လင့်မထားတဲ့ ပြဿနာတွေ၊ အသုံးစရိတ်တွေ ရှိခဲ့သလား၊ ရှိခဲ့ရင် လာမဲ့နှစ်မှာ ပိုကောင်းအောင် ဘယ်လိုအစီအစဉ်တွေချမလဲ။


၂။ ကိုယ့်ရဲ့ စာရင်းစာအုပ်များကို ပြန်လည်စီစစ်ပါ

တချို့လုပ်ငန်းရှင်တွေအတွက် အပန်းမကြီးပေမယ့် တချို့သူတွေအတွက်တော့ ချွေးပြန်စရာ၊ ခေါင်းကိုက်စရာ ကိစ္စကြီးဖြစ်နေတတ်ပါတယ်။ ကိုယ်တိုင်လုပ်နိုင်ရင် လုပ်ပါ၊ မလုပ်နိုင်ရင် စာရင်းကိုင် (Bookkeeper) တစ်ယောက်ကို ငှားတာဖြစ်ဖြစ်၊ အပြင်က Accounting Firm တစ်ခုကို Outsourcing လုပ်တာဘဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။


၃။ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို လေ့လာသုံးသပ်ပါ

Year-End Review လုပ်တဲ့အခါမှာ နောက်တစ်ဆင့်ကတော့ ကိုယ့်လုပ်ငန်းလက်ရှိမှာ ဘယ်လိုအခြေအနေ၊ အဆင့်မှာရှိနေတယ်ဆိုတာ သိအောင်လုပ်ဖို့လိုပါတယ်။ လက်ရှိအခြေအနေတွေကို သိဖို့အတွက် Balance Sheet, Income Statement နဲ့ Cash Flow Statement တွေကိုကြည့်ခြင်းဖြင့် ကိုယ့်လုပ်ငန်းရဲ့အခြေအနေ၊ ကြွေးမြီစုစုပေါင်း၊ အမြတ်တွေ သိနိုင်ပါတယ်။


၎။ ရည်မှန်းချက်

ကိုယ့်လုပ်ငန်းရဲ့ လက်ရှိအခြေအနေတွေသိပြီဆိုရင် အရင်နှစ်က ကိုယ်ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေ ဘယ်လောက်အတိုင်းအတာအထိ အကောင်ထည်ပေါ်သလည်းဆိုတာကို Review လုပ်ရပါမယ်။ ကိုယ်ရည်မှန်းထားတာတွေအတိုင်း ဖြစ်လာသလား ဒါမှမဟုတ် မဖြစ်လာဘူးဆိုရင် ဘာကြောင့်လည်းဆိုတာကို အဖြေရှာရပါမယ်။ ဒီလိုတွေလုပ်ခြင်းအားဖြင့် နောင်လာမယ့် နှစ်တွေအတွက် Business Plan၊ Marketing Plan ၊ Budget Plan တွေ ဆွဲတဲ့နေရာမှာလည်း အများကြီးအထောက်အကူရစေပါတယ်။

Stock နဲ့ Bond ဆိုတဲ့ ရှယ်ယာနှစ်မျိုးရဲ့ ကွားခြားချက်များ
၅။ ဝန်ထမ်းတွေကို Feedback ပေးပါ

ကိုယ့်လုပ်ငန်းရဲ့ အောင်မြင်မှုတွေက ဝန်ထမ်းတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ နှစ်တစ်နှစ်ကုန်ခါနီးတိုင်း အချိန်တစ်ခုယူပီး ဝန်ထမ်းတွေကို Feedback ပေးသင့်ပါတယ်။ ဒါမှ ဝန်ထမ်းတွေရဲ့ အခြေအနေနဲ့ နောက်နှစ်မှာ သူတို့ဘာတွေတိုးတက်အောင်၊ သူတို့ဆီက ကိုယ်ကဘာတွေမျှော်လင့်တယ်ဆိုတာကို သိနိုင်မှာပါ။ Performance မကောင်းတဲ့ ဝန်ထမ်းတွေကို Warning ပေးတာ၊ တော်တဲ့ ဝန်ထမ်းတွေကို Year End Bonus ပေးတာတွေလုပ်သင့်ပါတယ်။ ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ Training တွေ၊ သင်တန်းတွေ ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။


၆။ ပေးရန်ရှိ၊ ရရန်ရှိ ကြွေးမြီများတောင်းယူခြင်း၊ ရှင်းလင်းခြင်း

နှစ်သစ်ကို မကူးခင် ကိုယ်ပေးရန်ရှိသောအကြွေးများကို တတ်နိုင်သလောက် ပေးဆပ်ရပါမယ်။ ကိုယ်ရရန်ရှိသော အကြွေးတွေကိုလည်း တတ်နိုင်သလောက် ပြန်လည်တောင်းယူရပါမယ်။ ကိုယ်နဲ့ အဆင်မပြေတဲ့ Supplier တွေ၊ ကြွေးကျန်ရှိသူများကိုလည်း လာမယ့်နှစ်မှာ ဒီနှစ်လိုမဖြစ်အောင် လုပ်ငန်းကိုမထိခိုက်အောင် လက်တွဲဖြုတ်သင့်ရင်ဖြုတ်ရပါမယ်။


၇။ နောက်နှစ်အတွက် စီမံကိန်းချခြင်း

ကိုယ့်လုပ်ငန်းရဲ့ Balance Sheet၊ Income Statement ၊ Cash Flow Statement တွေကို ကြည့်ပီးပီ လုပ်ငန်းရဲ့အခြေအနေတွေကိုလည်း သိရပီဆိုရင် လာမဲ့နှစ်အတွက် ပြင်ဆင်ရပါမယ်။ နောက်လာမဲ့နှစ်အတွက် Business Plan၊ Marketing Plan၊ Budget Plan စတာတွေကို ရေးဆွဲတာတင်မဟုတ်ပဲနဲ့ အကောင်ထည်ပေါ်အောင် ဘယ်လိုလုပ်ရမလည်းဆိုတာကိုပါ ပြင်ဆင်ထားရပါမယ်။

နှစ်တစ်နှစ်ရဲ့ အဆုံးသတ်က ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် အကောင်းဆုံးအချိန်ပါဘဲ။ Year-End Review ကနေ သိလာတဲ့ Information တွေက လုပ်ငန်းရဲ့အနာဂတ်အတွက် တန်ဖိုးရှိတဲ့ အရာတွေပါ။ ဒါတွေကို သိခြင်း၊လိုက်နာကျင့်သုံးခြင်းက လုပ်ငန်းရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေကို ဆုံးဖြတ်ပေးနိုင်ပါတယ်။

Source; Balance
Myanamr Advertising Directory

 

Read times
Rate this item
(2 votes)