-->
×

Warning

JUser: :_load: Unable to load user with ID: 29


ခရီးသွားလုပ်ငန်း(MSME) တွေအတွက် ဘဏ်များနဲ့ချိတ်ဆက်ပြီး ချေးငွေထုတ်ပေးနေ

ခရီးသွားလုပ်ငန်း(MSME) တွေအတွက် ဘဏ်များနဲ့ချိတ်ဆက်ပြီး ချေးငွေထုတ်ပေးနေ Google

အသေးစား၊အလတ်စား ခရီးသွားလုပ်ငန်း(MSME) ကုမ္ပဏီတွေအတွက် MSMEs development subcommittee မှ ဘဏ်များနှင့်ချိတ်ဆက်ပြီး ချေးငွေတွေ ထုတ်ပေးနေတယ်လို့ သိရပါတယ်။

" မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား ခရီးသွားကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းချဲ့ထွင်မှုတွေပြုလုပ်နိုင်ပြီး မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ဘဏ်တွေနဲ့ ချိတ်ဆက် ချေးငွေးထုတ်ပေးတာဖြစ်တယ်`လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး (၅)၊ MSMEs development subcommittee ဥက္ကဋ္ဌ ဦးဖြိုးဇော်ဝေ က ဆိုပါတယ်။

အခုလက်ရှိ MSMEs အနေနဲ့ ရိုးမဘဏ်၊ မြန်မာ့ရှေ့ဆောက်ဘဏ်တို့ နှင့်ချိတ်ဆက်ထားပြီး ချေးငွေများထုတ်ချေးပေးနေပါတယ်။ ချေးငွေတွေကို Smart credit plu ဖြင့် အပေါင်မလိုဘဲ ထုတ်ချေးပေးနေတာဖြစ်ပါတယ်။ ရိုးမဘဏ်အနေနဲ့ ကြိုတင်ခွင့်ပြုငွေ သန်းပေါင်း ၄ဝဝ အထိ သတ်မှတ်ထားရာ သန်းပေါင်း ၂ဝဝ ထုတ်ချေးပြီး ဖြစ်ပါတယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်အနေနဲ့ သန်းပေါင်း ၃၈ဝ ထုတ်ချေးထားတယ်လို့လည်း သိရပါတယ်။

ရိုးမဘဏ်မှာ ချေးငွေတွေကို ၅သိန်းမှ သိန်း၃ဝအထိ ထုတ်ချေးပေးနေပါတယ်။ ငွေချေးလိုသူတွေဟာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းဝင်ဖြစ်ရန်လိုအပ်ပြီး MSME တွင် စာရင်းသွင်းပြီးမှ ငွေချေးမှုတွေ လုပ်ပေးတာဖြစ်ပါတယ်။ အတိုးနှုန်းကတော့ ဗဟိုဘဏ်အတိုးနှုန်းအတိုင်း ပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ သက်တမ်းအပေါ်မူတည်ပြီး ချေးငွေပမာဏပြောင်းလဲသွားဖြစ်ပါတယ်။ ချေးငွေကို သုံးလ ထုတ်ပေးမှာဖြစ်ပြီး တစ်လချင်းစီဆပ်သွားရမယ်လို့ သိရပါတယ်။

လုပ်ငန်းသေးသေးလေးကနေ့ ကမ္ဘာ့နာမည်ကြီးဖြစ်လာတဲ့ နည်းပညာကုမ္ပဏီ (၁၆)ခု

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက" ချေးငွေထုပ်ချေးပေးနိုင်ဖို့ ရိုးမဘဏ် မြန်မာ့ရှေ့ဆောင်ဘဏ်တို့နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နေတယ်။ မြန်မာ့ခရီးသွားဘဏ်နှင့်လည်း ချေးငွေထုတ်ပေးနိုင်ရေး ဆွေးနွေးနေပါတယ်"လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အသေးစား၊ အလတ်စားခရီးသွားလုပ်ငန်းတွေအတွက် အဓိကစိန်ခေါ်မှုကတော့ ငွေကြေးလိုအပ်မှုဖြစ်ပါတယ်လို့လည်း ဦးမင်းသိန်းက ဆိုပါတယ်။ လက်ရှိမှာ MSME အဖွဲ့ဝင်ပေါင်း (၆၀၀)ကျော်အထိရှိကြောင်း သိရပါတယ်။

MSMEs development subcommittee ဥက္ကဋ္ဌ ဦးဖြိုးဇော်ဝေက " လက်ရှိမှာ အစိုးရအနေနဲ့လည်း ခရီးသွားလုပ်ငန်းကို တိုးတက်အောင်လုပ်ဆောင်ပေးနေတာတွေရှိလာတယ်။ နိုင်ငံခြားခရီးသွားတွေ ပိုမိုဝင်ရောက်လာအောင် အစိုးရနဲ့ ခရီးသွား အသင်းအဖွဲ့တွေ ပူးပေါင်းပြီး အခက်အခဲတွေကိုဖြေရှင်းမယ်ဆိုရင် ပြောင်းလဲမှုတွေရှိလာနိုင်မှာဖြစ်တယ်" လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရှိ Tour operator (၉၀)ရာခိုင်နှုန်းဟာ MSM တွေဖြစ်တဲ့အတွက် MSME ကို ထောက်ပံ့မှုတွေလုပ်ဆောင်ပေးတာက ခရီးသွားလုပ်ငန်းကဏ္ဍကို တိုးတက်လာစေနိုင်ပါတယ်လို့လည်း ပြောပါတယ်။


Credit; Ei Ei Kyaw
Myanmar Advertising Directory

Read times
Rate this item
(1 Vote)