-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်လျှောက်တဲ့လမ်း ဘယ်လိုရွေးမလဲ

လူတစ်ယောက်ဟာ အရာရာမှာ ထူးချွန်ဖို့ မဖြစ်မနေလိုအပ်တယ်လို့တော့ မိမိတစ်ဦးတစ်ယောက်ထဲရဲ့ အမြင်အရ လုံးဝမထင်မိပါဘူး။ မိမိရဲ့ အားသာချက်တစ်ခုကိုရအောင် အရင်ရှာဖွေပြီး အဲ့ဒီအားသာချက်ကို အရောင်တင်တာက ပိုပြီး ယုတ္တိရှိတဲ့လုပ်ရပ်လို့မြင်မိတယ်။

အရာရာမှာတော်ရင်တော့ကောင်းတာပေါ့။ ဒါပေမယ့် အဲ့ဒါက လူအများစုအတွက် မဖြစ်နိုင်ပါဘူး။
ဝါသနာပါတာတွေကတော့ အများကြီးပေါ့။ကျွန်တော်ဆိုရင် သီချင်းဆိုခြင်း၊ စနူကာထိုးခြင်း၊ ဂစ်တာတီးခြင်း၊ စာရေးခြင်း စာဖတ်ခြင်း ၊ အင်္ဂလိပ်စကားလေ့လာခြင်း၊ ရုပ်ရှင်ကြည့်ခြင်းစတာတွေ အကုန်ဝါသနာပါတယ်။ ဒါပေမယ့်သီချင်းဆိုဖို့ကလည်း အသံက ပုံမလာ၊ ကီးတောင် မနည်းဝင်အောင်ဆိုရတယ်၊ ဂစ်တာကလည်း ပုံမှန်တီးဖြစ်တယ်ကို မရှိဘူး။
ဝါသနာတွေထဲက ယုတ္တိအရှိဆုံး ၊ မိမိနဲ့အလိုက်ဖက်ဆုံး ဝါသနာကို ရွေးထုတ်ရပါတယ်။ ကျွန်တော်က စာဖတ်တာ၊ စာရေးတာ၊ အင်္ဂလိပ်စာသင်တာကို ရွေးထုတ်လိုက်တယ်။ အဲ့ဒီအပေါ် ဖိပြီးလေ့လာတယ်။ တဖြေးဖြေးနဲ့ တိုးတက်လာတယ်။အဲ့ဒါတွေနဲ့အသက်မွေးဝမ်းကြောင်းပြုလာနို်င်တယ်။အကယ်၍ ကျွန်တော်က နှစ်ပေါင်း၂၀၀လောက် အသက်ရှည်မယ့်သူဆိုရင်တော့ကျွန်တော့်ဝါသနာတွေ အားလုံးကို အချိန်
ပေးပြီး လုပ်ဖြစ်မှာပါ။ ဒါပေမယ့် အများဆုံးနေရာ ၈၀၊ ၉၀ ပေါ့။ ဒီတော့ Time က အကန့်အသတ်ရှိလာတယ်။ အဲ့ဒီတော့ဖြစ်ချင်တာတွေထဲက ယုတ္တိအရှိဆုံးအရာတွေကို ဦးစားပေးပြီး အရောင်တင်ရတယ်။Priority (ဦးစားပေး) လုပ်ရမယ့် အရာတွေကို ခွဲထုတ်တတ်လာတယ်။
ဘောလုံး တစ်သင်းအောင်မြင်တယ်ဆိုတာတိုက်စစ်မှုး တစ်ဦးထဲကြောင့် မဟုတ်ပါဘူး။သူ့နေရာနဲ့သူထူးချွန်တဲ့ ကစားသမားတွေကြောင့်ပါ။ မိမိတာဝန်ယူရတဲ့နေရာကို ထူးထူးချွန်ချွန် စွမ်းဆောင်ပြနိုင်သူတွေပါ။ေ နရာတော်တော်များများ ကစားနိုင်ပြီးနာမည်ကြီးတဲ့သူဆိုတာ လက်ချိုးရေလို့ရပါတယ်။ သူတို့က များသောအားဖြင့် ပါရမီရှင်တွေဖြစ်နေတတ်ပါတယ်။ ကိုယ်ကရော…ပါရမီရှင်ပဲလား….အကုန်လုံးတော်
အောင် ကြိုးစားမယ်ဆိုလည်း ကျွန်တော်ကတော့ မတားပါဘူး။ သင့်ဘဝရဲ့ အချိန်အားလုံးကို သင်ပဲပိုင်ပါတယ်။ ဒီစာကအဲ့ဒီအချိန်တွေကို ဘယ်လို အသုံးချမလဲဆိုတာ တစ်ချက်လောက် ပြန်စဉ်စားဖို့တိုက်တွန်းတဲ့စာပါ။

Recommended for u- သူမတူအောင် တိုးတက်ဖို့ဘာတွေလုပ်ရမလဲ?

Source: မိုးရှင်း(I.M.T)

Read times
Rate this item
(2 votes)