-->
×

Warning

JUser: :_load: Unable to load user with ID: 29


အေဂျင်စီမှာ အလုပ်ဘယ်လိုလျှောက်မလဲ

ဖုန်းမဆက်ပါနဲ့၊ အေဂျင်စီ ၃/၄ ခုဆီ CV ကို ပေးပို့ပါ ။ အီးမေးလ်နဲ့ ပို့လို့ရရင် ပို့ပါ။ သေသေသပ်သပ် ပုံစံကျကျ စာစီစာရိုက်ပါ။ သတ်ပုံစစ်ပါ။ ခေါင်းပူခံပြီး သေချာပြင်ပါ။

ကျွန်တော့်လုပ်ဖော်ကိုင်ဖက် Kenneth Roman နဲ့ Joel Raphaelson တို့ရဲ့ “အလုပ်ဖြစ်တဲ့ စာရေးနည်း” စာအုပ်မှာတော့ ဒီလို အဖိုးထိုက်အဖိုးတန် အကြံဉာဏ်တွေ ထည့်ထားပေးပါတယ်။

 

၁။ နာမည်အားလုံး မှန်အောင်ပေါင်းပါ။

ကိုယ်လုပ်ချင်တဲ့ ကုမ္ပဏီနာမည်ကို မကြာခဏဆိုသလို မှန်အောင် မပေါင်းနိုင်ကြတာက အလုပ်လျှောက်မယ့် သူတွေအတွက် အံ့အားသင့်စရာပါ။ အစမှာပဲ၊ ကောက်ချက်ချလိုက်တာက “ဒီဝန်ထမ်းက ဒီအလုပ်ကို တကယ်လုပ်ချင်တာ မဟုတ်နိုင်ဘူး။ ကျွန်တော်တို့ နာမည်တောင် မှန်အောင်ပေါင်းဖို့ မတတ်နိုင်တာ”

 

၂။ လျှောက်မယ့်အလုပ်ကို ဖော်ပြပါ။

တစ်ခါတည်း ရှင်းရှင်းရေးပါ။ ဘယ်အရာက စိတ်ဝင်စားစေတာလဲ၊ ကြော်ငြာတစ်ခုလား၊ မိတ်ဆွေက ညွှန်းလို့လား၊ ဘာပဲဖြစ်ဖြစ်ပေါ့။ သုတေသနသမားတစ်ယောက်က အလုပ်လျှောက်လွှာကို ဒီလို ဆန်းဆန်းပြားပြား စထားတာ တွေ့ဖူးပါတယ်။

မစ်စမစ် ခင်ဗျာ - နွေဦးပေါက်ပါပြီ၊ သစ်စေ့တွေကို စိုက်ပျိုးရမယ့် အချိန်ပါပဲ။ အချို့အစေ့တွေက ငယ်တယ်။ ပန်းသီးစေ့လိုပေါ့။ အချို့က ကြီးတယ်။ အုန်းသီးလိုမျိုးပါ။ ငယ်ငယ်ကြီးကြီး၊ ရေမြေကောင်းမှာ စိုက်ပျိုးလိုက်ရင် ကြီးထွား ရှင်သန်နိုင်ပါတယ်။ ဒါမျိုးဆိုရင်တော့ ပျင်းစရာကြီးပေါ့။ တကယ်တမ်း အလုပ်လျှောက်မယ့်သူက ဒီလိုရေးသင့်တာပါ။

မစ်စမစ်ခင်ဗျာ - သုတေသနသမားရာထူး ရှာနေတယ်လို့ ကျွန်တော်နားလည်ပါတယ်။ မစ်စမစ်က ခင်ဗျားပို့တဲ့စာအပေါ် ခန့်မှန်းတဲ့ ဂိမ်းကစားဖို့ အချိန်မရှိပါဘူး။

 

၃။ တိကျရှင်းလင်းပါ။

ခင်ဗျားလိုချင်တဲ့အလုပ်ကို ရှင်းရှင်းလင်းလင်းရေးထားတာနဲ့၊ နောက်မှတွဲပါတဲ့ ခင်ဗျားရဲ့အောင်မြင်မှုတွေ၊ လက်မှတ်တွေဖက် စာဖတ်သူစိတ်ရောက်ပြီပဲ။ ကိုယ့်အရည်အချင်းကို ရေးသားရာမှာ အတ္တဆန်ဆန် စိတ်ကူးပုံဖော်တာတွေ ရှောင်ပါ။ ဥပမာ - “ ရည်မှန်းချက်နဲ့ အကောင်းဆုံးအတွက် အားထုတ်မှုက ကျွန်တော့်ရဲ့ စွမ်းအားအကြီးဆုံး ပိုင်ဆိုင်မှုပါ ” ဆိုတာမျိုး။

 

၎။ မိမိကိုကိုယ်စားပြုပါ၊ တည့်တည့်ရေးပါ၊ သဘာဝကျပါ။

ခင်ဗျားဟာ လူသားတစ်ဦးဖြစ်ပြီး လူသားတစ်ဦးထံကို စာရေးနေတာပါ။ နှစ်ဖက်လုံးက အဖွဲ့အစည်းတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် စီးပွားရေးသဘောဆောင်သင့်တယ်။ ယဉ်ကျေး သင့်တယ်။ ထောင့်နေတာ၊ ယျေဘူယျဆန်တာ မဖြစ်သင့်ပါဘူး။

စာက ခင်ဗျားကိုယ်စားပြုလေ၊ ပြိုင်ဖက်တွေကြားတွေ ထင်ရှားလေပါ။ ဒါပေမယ့် ပိုမိုချဲ့ကားတဲ့ အရည်အချင်းတွေနဲ့တော့ စာဖတ်သူကို အရောင်မဆိုးပါနဲ့။ အင်တာဗျူးမှာ မပြောတဲ့ စကားမျိုးကို စာထဲ ဘာကြောင့် ထည့်ရေးမလဲ။ စာတစ်ကြောင်းတိုင်းဟာ ခင်ဗျားရှေ့ကထိုင်ပြောနေသလို ဖြစ်နေရင်၊ စာထဲမှာ စွမ်းအားတွေ ထည့်လိုက်တာပါပဲ။

 

၅။ တိကျတဲ့ တွေ့ဆုံချိန်ကို အဆိုပြုပါ။

အင်တာဗျူးဘယ်လိုတွေ့ချင်တာလဲဆိုတာ ရှင်းရှင်းလင်းလင်းတိတိကျကျရေးပြီး ပို့ပါ။ ဒါမျိုး ဘူးလုံးနားမထွင်း ရေးတာမျိုးတွေရှောင်ပါ - “ခင်ဗျားဆီက ဆက်သွယ်ပေးဖို့ မျှော်နေမယ်” “ခင်ဗျားအချိန်ပေးတာ၊ အသိမှတ်ပြုတာ ကျေးဇူးတင်ပါတယ်” “ဒီရာထူးနဲ့ပတ်သက်လို့ ခင်ဗျားနဲ့တွေ့ရဖို့ အခွင့်အလမ်းကို စောင့်နေတယ်။” ဆိုတာမျိုးတွေပါ။ ဒီအပြောမျိုးတွေက အလုပ်များတဲ့ ကိုယ်လျှောက်ထားတဲ့ကုမ္ပဏီကို ဝန်ပိုစေတယ်။ သူ့ကို ဘာကြောင့် အလုပ်ရှုပ်စေမလဲ။

ကိုယ့်က စပြီးစီစဉ်ပါ။ ဒီလိုမျိုးပေါ့ - “ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းကို အင်တာဗျူးတွေ့ဖြစ် မဖြစ် ဖုန်းဆက်မေးပါမယ်” “အင်တာဗျူးအတွက် မနက်ပိုင်း ၈နာရီ ၄၅ မတိုင်ခင်အမြဲအားပါတယ်။ ကြာသာပတေးနေ့ဆိုရင် နေ့လည် ၂ နာရီခွဲလောက်ပါ။ ဒီအချိန်တွေမှာ တွေ့ဖို့အဆင်ပြေ မပြေ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်း ဖုန်းဆက်မေးပါမယ်"

ဒီလိုအခြေအနေမှာ ဖုန်းဆက်မေးတာက တဖက်လူအတွက် အဆင်ပြေစေပါတယ်။ ခင်ဗျားသူ့ကိုမခေါ်ရင်၊ သူက ခင်ဗျားကို ဖုန်းဆက်ရတာ၊ စာပို့ရတာနဲ့ အလုပ်ရှုပ်ပါတယ်။ ကိုယ်အဆင်ပြေတဲ့အချိန် တွေ့နိုင်ဖို့ ကုမ္ပဏီဖက်ကို တတ်နိုင်သလောက် လမ်းရှင်းပေးတဲ့ အကြံပါပဲ။  ကြော်ငြာလုပ်ငန်းမှာ အလုပ်လျှောက်သူတွေရဲ့ မရေးတတ်မသားတတ်ဖြစ်မှုကို ကျွန်တော်အမြဲ အံ့အားသင့်ပါတယ်။ မကြာသေးမှီကပဲ ဒီဥပမာကို တည့်တည့်တွေ့ရပါသေးတယ်။ ရေးထားတာက -

“ကျွန်တော့်ပန်းတိုင်ကတော့ ပိုပြီးစိန်ခေါ်မှုပြင်းထန်တဲ့ အတွေ့အကြုံတွေနဲ့အတူ ဈေးကွက်ဖော်ဆောင်မှုနဲ့ ကြော်ငြာလုပ်ငန်းမှာ ကျွမ်းကျင်မှုတည်ဆောက်ဖို့ပါ။ ပညာရေးဖက်မှာတော့ အတော်လေး ပြည့်စုံပြီလို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရည်မှန်းချက်က စီးပွားရေးဆိုင်ရာ မျှော်မှန်းချက်တွေကို အောင်မြင်နိုင်စေဖို့ ဈေးကွက်ဆက်ဆံရေးနယ်ပယ်တွေက အတွေ့ကြုံတွေကို လက်တွေ့အသုံးချနိုင်တဲ့ အကြီးပိုင်းစီမံခန့်ခွဲမှုရာထူး ရရှိဖို့ပါ။ ကျွန်တော့်ရဲ့ Creative နောက်ခံနဲ့ ကျွမ်းကျင်မှုများက ရည်မှန်းချက်များ၊ မဟာဗျူဟာများနဲ့ ဈေးကွက်ဆက်ဆံရေး အစီအစဉ်များကို အောင်မြင်စေနိုင်ဖို့ ကျယ်ပြန့်နှံစပ်ပါတယ်"

ကျွန်တော့်အကြံကို ယူမယ်ဆိုရင်တော့၊ ကြော်ငြာလုပ်ငန်းက အလုပ်အကိုင်ကို ကမ္ဘာပေါ်က တခြားဘယ်အလုပ်ထက်မဆို ပိုပြီးစိတ်ဝင်စားမှ လျှောက်သင့်ပါတယ်လို့ ပြောချင်ပါတယ်။

အလုပ်အမျိုးအစားတွေမှ ပုံလို့ပါပဲ။ ကျွမ်းကျင်မှုအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနဲ့။ အမျိုးသမီးတွေလည်း လုပ်လို့ရနေပါတယ်။ တစ်ချို့နေရာတွေဆိုရင် အမျိုးသားတွေထက်အောင် ပိုအဆင်ပြေနေတာရှိပါတယ်။ လစာတွေလည်း ကောင်းကြပါတယ်။ Cosimo de Medici က ပန်းပုဆရာ Cellini ကိုပေးတဲ့ ရွှေတွေလောက်တော့ မမှန်းနဲ့ပေါ့။ ချမ်းသာဖို့ လွယ်တဲ့နည်းတွေမှ အများသား။

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )

 

Read times
Rate this item
(1 Vote)