-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ပိုင်လုပ်ငန်း သေးသေးကနေ စချင်တယ်ဆိုရင်

ကိုယ်ပိုင်လုပ်ငန်း သေးသေးကနေ စချင်တယ်ဆိုရင် google

လူတော်တော်များများက ကိုယ်ပိုင်စီးပွားရေးတွေ စချင်ကြတာပေါ့။

ကိုယ်တိုင် သူဌေးလိုနေချင် လို့ဘဲဖြစ်ဖြစ်၊ ကိုယ်လုပ်ချင်တာ လုပ်ချင်လို့ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အကြောင်းပြချက်ဘဲ ရှိရှိ ကိုယ်ပိုင်စီးပွားရေး လုပ်ချင်တယ်ဆိုတာ ကောင်းပါတယ်။ တစ်ခု သိထားသင့်တာ ကတော့ ပိုက်ဆံတစ်ခုတည်း အပေါ်မှာ ဘာအလုပ်လုပ်ရင် ကောင်းမလဲဆိုတဲ့ မေးခွန်းကို ဖြေလိုက်လို့မရပါဘူး။ တချို့ ဆံပင်ညှပ်ဆိုင်လေး ဖွင့်လိုက်ပါလား။ သန့်ရှင်းရေး ဝန်ဆောင်မှုဆိုရင်ကော စတာတွေ့ရပါတယ်။ ကိုယ်ပိုင်လုပ်ငန်း သေးသေးကနေ စချင်တယ်ဆိုရင် တကယ်စဉ်းစားသင့်တာက ကိုယ်ဘာတွေ ကျွမ်းကျင်သလဲ။ ကိုယ်ဘာတွေ လုပ်နိုင်လဲ။ ကိုယ့်စိတ်အားထက်သန်မှု အမြဲရှိတဲ့ အလုပ်က ဘာတွေလဲ။ ပိုပြီး စနစ်တကျ စဉ်းစားချင်တယ်ဆိုရင်တော့


၁။ စိတ်အားထက်သန်မှု

ငါဘာတွေလုပ်ချင်လဲ ဆိုတာ သေချာစဉ်းစားပြီး စဉ်းစားလို့ ရသမျှ ချရေးထားလိုက်ပါ။ များလေ ကောင်းလေပါဘဲ။


၂။ အရင်းအမြစ်

ငါ လုပ်နိုင်တာ ဘာတွေရှိလဲ။ ဒီနေရာမှာ ကိုယ်ကျွမ်းကျင်တဲ့ အရာတွေ၊ ကိုယ်ပေးနိုင်တဲ့ အချိန်၊ ကိုယ့်မှာရှိတဲ့ ငွေ၊ တခြားအရင်းအမြစ်တွေ စတာတွေ နဲ့ ချိန်ထိုးစဉ်းစားပါ။ အပေါ်မှာ ငါ ဘာလုပ်ချင်တယ်ဆိုတာ ရေးထားတဲ့ စာရင်းထဲကနေ ကိုယ်လုပ်နိုင်တာတွေကို ချန်ထားပြီး ကျန်တာတွေကို ဖျက်လိုက်ပါ။


၃။ ဈေးကွက်

ငါ ဘာလုပ်သင့်လဲ။ ဒီမေးခွန်းကို စဉ်းစားနေတဲ့ အချိန်မှာတော့ ဈေးကွက်နဲ့ ဆိုင်ပါတယ်။ ကိုယ်လုပ်ချင်တာတွေလဲ စဉ်းစားပြီးပြီ။ ကိုယ်လုပ်နိုင်တာတွေလဲ ရွေးချယ်ပြီးပြီဆိုရင်တော့ ကိုယ်ဘာလုပ်သင့်လဲဆိုတာ ဆက်စဉ်းစားရမှာ ဖြစ်ပါတယ်။ ဈေးကွက်အခြေအနေ ဘယ်လိုရှိနေလဲ။ ကိုယ်မှာ ဒီဈေးကွက်ထဲ ဝင်ဖို့အတွက် အဆင်ပြေမလား။ ကိုယ့်စမယ့် လုပ်ငန်းက ပေးမယ့် ထုတ်ကုန်၊ ဝန်ဆောင်မှုတွေကို ဈေးကွက်ရဲ့ လိုအပ်ချက်ဘယ်လောက်ရှိလဲ ဈေးကွက်ယှဉ်ပြိုင်မှု အခြေအနေတွေ ကကော ဘယ်လိုရှိနေလဲ။ စတဲ့မေးခွန်းတွေကို ဖြေပြီး အကောင်းဆုံး အဖြစ်နိုင်ဆုံး တစ်ခုကို ရွေးပြီး စသင့်တယ်လို့ ထင်ပါတယ်။

ဒီလောက်ဆိုရင် ဘယ်လိုလုပ်ငန်းစရင် ကောင်းမလဲဆိုတာမျိုး စဉ်းစားတဲ့အခါ အတိုင်းအတာ တစ်ခုတော့ အကူအညီရမယ်လို့ ထင်ပါတယ်။

 

source; Min

Myanmar Advertising Directory

Read times
Rate this item
(1 Vote)