-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပြိုင်ဘက်တွေထက်သာအောင် မိမိတို့ SEO ကို ဘယ်လိုကောင်းအောင်လုပ်မလဲ?

ပြိုင်ဘက်တွေထက်သာအောင် မိမိတို့ SEO ကို ဘယ်လိုကောင်းအောင်လုပ်မလဲ? Google

ယနေ့ခေတ် အင်တာနက်သုံးသူတွေဟာ ဘာပဲလိုလို Google ကိုအသုံးပြုပြီး ရှာဖွေမူပြုလုပ်ကြပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ Website ကို Customer တွေ ရှာတွေ့နိုင်ဖို့ SEO ဆိုတဲ့ နည်းပညာတစ်ခုရှိပါတယ်။ ဒီမှာတော့ ပြိုင်ဘက်တွေထက်အမြဲ အသာစီးရနေစေဖို့  Search Engine နဲ့ ပက်သက်ပြီး အဓိကကျတဲ့ အချက် (၄)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ Search Engine ဘယ်လို အလုပ်လုပ်တယ်ဆိုတာ လေ့လာပါ

တစ်ချို့ Blog တွေ၊ YouTube Channel တွေက Search Engine တွေမှာ ဘယ် Features အသစ်တွေပေါ်လာတယ်၊ ဘယ် Features တွေကတော့ ဘယ်လို Update ဖြစ်သွားတယ်၊ Search Engines တွေရဲ့ Algorithm အပြောင်းအလဲတွေနဲ့ ပက်သက်ပြီးတင်လေ့ရှိပါတယ်။ အဲဒီ new Features တွေ၊ Algorithm Updates တွေအပေါ်မူတည်ပြီး ကိုယ့်ရဲ့ Website ကိုဘယ်လိုမျိုး ထိထိရောက်ရောက် SEO လုပ်ရမလဲဆိုတာကို Suggest ပေးလေ့ရှိပါတယ်။


၂။ အဲဒီအပြောင်းအလဲတွေက ကိုယ့်ရဲ့ Website ကိုဘယ်လိုမျိုး သက်ရောက်မူရှိလဲဆိုတာ လေ့လာပါ

Major Search Engines တွေက Mobile အသုံးပြုတဲ့ သူတွေအတွက် သူတို့ ရဲ့ Search Result က ကောင်းကောင်းအလုပ်လုပ်ဖို့ User Experience ကို Improvement လုပ်ခဲ့ကြပါတယ်။ ဆိုလိုတာက ကိုယ်ရဲ့ Website က Mobile Friendly မဖြစ်ရင်၊ Mobile မှာ ကြည့်ရတာအဆင်မပြေရင် Traffic ရသင့်သလောက် ရမှာမဟုတ်ပါဘူး။

လုပ်ငန်းရှင်များ Business Email ကိုအသုံးပြုသင့်တဲ့ အကြောင်းအရင်း


၃။ ကိုယ်နဲ့ အမျိုးအစားတူတဲ့ အခြား Websites တွေကနေ Inspiration ယူပါ

အခြားကိုယ်နဲ့ အမျိုးအစားတူတဲ့ Website ဒါမှမဟုတ် လုပ်ငန်းတူတဲ့ Websites တွေက ဘာတွေလုပ်နေလဲ။ သူတို့ က Free Shipping ပေးလား၊ Special Offers တွေရောရှိလား၊ Website Design ကရောဘယ်လိုနေလဲ၊ သူတို့ ရဲ့ Website ကို Image အသစ်တွေနဲ့ ပုံမှန် Update လုပ်လေ့ရှိလား၊ သူတို့ ရဲ့ Website က Social Media နဲ့ ကောချိတ်ဆက်ထားသလား ဆိုတာတွေကို လေ့လာပြီး Inspiration ယူသင့်ပါတယ်။


၎။ ကိုယ့်ရဲ့ Clients ​တွေ၊ Customers ​တွေနဲ့ စကားပြောကြည့်ပါ

များသောအားဖြင့် ကိုယ့်ရဲ့ Clients တွေ၊ Customers တွေက ကိုယ်ဆီမှာ ဘာတွေလိုအပ်နေတယ်၊ ဘာတွေကိုပြောင်းလဲသင့်တယ် ဆိုတာကိုသိကြပါတယ်။ ဥပမာပြောရရင် ကိုယ့်မှာမရှိသေးတဲ့ Content အမျိုးအစားတွေ၊ လိုအပ်နေတဲ့ Features တွေ၊ ဖုန်းမှာ Website ကိုကြည့်ရတာ အဆင်မပြေရင် Website က Mobile Friendly ဖြစ်ဖို့ လိုတယ်ဆိုတာမျိုးတွေ၊ ပြီးတော့ သူတို့ ကဘယ်လို Product (or) Service မျိုးကို ရှာဖွေနေကြတယ်၊ လိုချင်နေကြတယ် ဆိုတာမျိုးပါ။ ဒီအချက်(၄)ချက် ကို သိခြင်းဖြင့် မိမိတို့  SEO နဲ့ ပတ်သက်ပြီး ပြိုင်ဘက်တွေထက် အတိုင်းအတာတစ်ခုအထိ အသာစီးရနိုင်ပါပြီ။


Source; Digital Whisperer

Myanmar Advertising Directory

Read times
Rate this item
(0 votes)