-->
×

Warning

JUser: :_load: Unable to load user with ID: 29


အကောင်းဆုံးသော ကြော်ငြာစာသားတွေကို ဘယ်လို ရွေးချယ်ကြမလဲ

ကြော်ငြာစာသားဟာ လူတွေနိစ္စဓူဝသုံးနေကြတဲ့ စကားလုံးမျိုးတွေ ဖြစ်သင့်ပါတယ်။ ဒီလိုလေးပေါ့။

“ ကာနေရှင်းတံဆိပ် အကောင်းဆုံးနို့ဆီ
အခုထိုင်နေတုန်း လက်ထဲမှာရှိပြီ
နို့ညစ်ဖို့မလို မြက်ရိတ်ဖို့မသွား
ဗူးကိုဖောက်ပြီး ချက်ခြင်းစား “
စကားပြေမရေးပါနဲ့။ ကိုယ့်ကုန်ပစ္စည်းက သူ၊ သူမကို ဘာတွေလုပ်ပေးမှာလည်းပဲ ပြောရမှာ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ပြောရမှာပါ။

ဇတ်လမ်းသဘောနဲ့ ရေးရမှာပါ။ ဇစ်ပိုကြော်ငြာရဲ့ ခေါင်းစီးနောက်က စာသားတွေလို ဖြစ်ပါတယ်။ “ အံ့သြဖွယ်ရာ ဇစ်ပိုမီးခြစ်ရဲ့အကြောင်းပါ၊ ငါးကြီးရဲ့ ဗိုက်ထဲက ပြန်ရပြီးတဲ့အထိ သုံးလို့ ရနေသေးတယ်။ ”

John Caples ရဲ့ International Correspondant School အတွက်ရေးပေးတဲ့ ဒီစာသားကတော့ အကျော်ကြားဆုံး ကြော်ငြာတွေထဲက တစ်ခုဖြစ်ပါတယ်။ ခေါင်းစီးက “ ကျွန်တော်စန္နရားခုံမှာ ထိုင်လိုက်တော့ လှောင်ကြပါတယ်။ ဒါပေမယ့် စပြီးတီးခတ်ချိန်မှာတော့… ” ဆိုပြီး ဖြစ်ပါတယ်။

နှိုင်းယှဉ်ပြတာတွေ သိပ်မလုပ်ဖို့ အကြံပြုချင်ပါတယ်။ Gallup ကဒါမျိုးရေးတာဟာ အတော်လေး နားလည်မှုလွဲစေတယ်ဆိုပြီး ပြောကြပါတယ်။ မျက်နှာခရမ်အတွက်ရေးတဲ့အခါမှာ၊ “အပင်တွေက အစိုဓါတ်ကို လိုအပ်သလိုပေါ့၊ သင့်ရဲ့အသားအရေကလည်း…” ဆိုပြီးရေးတဲ့အခါ စာဖတ်သူက ဒီညီမျှခြင်းကို မဖြည့်တတ်ပါဘူး။

ကြော်ငြာထဲက စာသားတွေကို လူတွေ စိတ်ဝင်စားရဲ့လား...?

ပန်းချီကျော် Rembrandt ရဲ့လက်ရာကို ပြထားပြီး “Rembrandt လက်ရာတွေက ဂန္ဓဝင်တွေပါ၊ ကျွန်တော်တို့ ကုန်ပစ္စည်းကလည်း”၊ ကြည့်တဲ့သူတွေက Rembrandt လက်ရာတွေ ရောင်းနေတယ်ထင်သွားပါတယ်။ ကျွန်တော်တို့ကုန်ပစ္စည်းက ကမ္ဘာမှာအကောင်းဆုံးဆိုတဲ့ ကြွားဝါပြောဆိုမှုမျိုး ဝေးဝေးကနေ ရှောင်သင့်ပါတယ်။

Gallup ကတော့ ဒါကို “ အကြွားသန်ခြင်း ” လို့ခေါ်ပါတယ်။ ဒါမျိုးက ဘယ်သူ့ကိုမှ မဆွဲဆောင်နိုင်ဘူး။ ကိုယ့်ကြော်ငြာစာသားမှာ ထောက်ခံချက်ပါနေရင်၊ ပိုပြီးယုံကြည်ရအောင် လုပ်သင့်ပါတယ်။ စားသုံးသူ အချင်းချင်းထောက်ခံတဲ့စာတွေက Copywriter ထွင်ထားတဲ့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ထောက်ခံချက်တွေထက် ထိရောက်ပါတယ်။

အတော်ဆုံး Copywriter တွေထဲက တစ်ယောက်ဖြစ်တဲ့ James Webb Young က ပြောပါတယ်။ “ ဘယ်ကြော်ငြာ အမျိုးအစားမဆို တူညီတဲ့ ပြဿနာတစ်ခုရှိတယ်။ ယုံကြည်ရအောင် ဖန်တီးခြင်း ဖြစ်ပါတယ်။” အစွမ်းထက်တဲ့ ထောက်ခံစာအကြောင်းကို ခပ်တုံးတုံး အရောင်းသမားတွေက မသိကြပါဘူး။ ကြော်ငြာသမားတွေကလည်း သုံးခဲတယ်။

တစ်ခါတစ်ရံမှာ ကြော်ငြာတစ်ခုလုံးကို ထောက်ခံစာလိုမျိုး ဖန်တီးလိုက်လဲ ရပါတယ်။ အော်စတင်ကားအတွက် ကျွန်တော့်ရဲ့ပထမဆုံးကြော်ငြာက ဒီလိုဖန်တီးထားတာ ဖြစ်ပါတယ်။ အမည်မသိသံအမတ်တစ်ယောက်က အော်စတင်ကာမောင်းပြီး စုဆောင်းထားတဲ့ငွေနဲ့ သူ့သားကို Groton ကျောင်းကို ပို့ပေးတဲ့ဇတ်လမ်းနဲ့ ပေးစာသဘောမျိုးပါ။

ဂုဏ်ရည်မြင့်မားခြင်းနဲ့ စီးပွာရေး တွက်ခြေကိုက်မှုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ကံဆိုးစွာပဲ၊ တိုင်းမ်းမဂ္ဂဇင်း အယ်ဒီတာက ကျွန်တော့်ကို အမည်မသိသံအမတ်လို့ ထင်သွားပါတယ်။ Groton ကျောင်းအုပ်ကြီးကိုလည်း သွားမေးပါသေးတယ်။ ကျွန်တော့်သားကို တခြားကျောင်း ပြောင်းထားရတာပေါ့ဗျာ။

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

Read times
Rate this item
(1 Vote)