-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ရဲ့ SEO ကို Result ကောင်းတွေရယူချင်တယ်ဆိုရင် လုပ်ဆောင်သင့်တဲ့အချက်များ

သင့်ရဲ့ SEO ကို Result ကောင်းတွေရယူချင်တယ်ဆိုရင် လုပ်ဆောင်သင့်တဲ့အချက်များ Google

SEO (သို့) Search Engine Optimization ဟာ Digital Marketing နည်းလမ်းတွေ ယှဉ်ပြိုင်ရာမှာ သင့်ရဲ့ ပြိုင်ဘက်တွေကိုကျော်ဖို့ အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။

သင် target ထားတဲ့ keyword တစ်ခုအတွက် Ranking အရ အမြင့်မှာ ရပ်တည်နေတာက သင့်ကို spotlight မှာ ထားပေးရုံသာမက သင့်ပြိုင်ဘက်တွေရဲ့လုပ်ငန်းတွေကို ရယူနိုင်အောင် ကူညီနိုင်ပါတယ်။ ယနေ့မှာဆိုရင် သင်ဟာ google ရဲ့ ပထမဦးဆုံး page မှာ ပေါ်အောင် ဘာမှမလုပ်ဘဲ Website မှာ တင်လိုက်မယ်ဆိုရင် မဆိုစလောက် traffic လေးပဲ ရပါလိမ့်မယ်။ ဒါကြောင့် သင်ဟာ သင့်ရဲ့ online ရပ်တည်မှု နဲ့ ပတ်သက်ပြီး တကယ်ကိုလိုချင်စိတ်ဖြစ်တယ်ဆိုရင်တော့ SEO Game ကို ကစားရပါလိမ့်မယ်။

သင့်ရဲ့ SEO ကို အကောင်းဆုံး result တွေ ရယူချင်တယ်ဆိုရင်တော့ အဆင့်တစ်ဆင့်ချင်းစီကိုမကျော်ဘဲ လုပ်ဆောင်ဖို့ လိုပါတယ်။ SEO ဆိုတာ Search Engine Optimization ကိုခေါ်တာဖြစ်ပြီး Search Engine(Google) တစ်ခုဟာ သူ့ရဲ့ Search Engine Results Page (SERPs) ထဲမှာ rank တွေ အစဉ်အတိုင်းစဉ်ရမှာ ပိုပြီးမြင့်တဲ့ဆီမှာ ရောက်နေဖို့ ဆိုတဲ့ reverse engineer နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Website Owner တစ်ယောက်ဟာ အလွန်ကောင်းတဲ့ SEO တစ်ခု ပိုင်ဆိုင်ထားမယ်ဆိုရင် Organic Traffic တွေကို ပိုက်ဆံပေးပြီးရတာ ထက်ပိုပြီး Free ရနေမှာဖြစ်ပါတယ်။ ပထမတုန်းက ပြောခဲ့သလိုပဲ Google ရဲ့ ပထမဆုံး Page မှာ Ranking ဖြစ်ဖို့ဟာ သိပ္ပံနဲ့ အနုပညာပါပဲ။ SEO ဆိုတဲ့ Game ကို ကစားဖို့ ဒါလေးတွေကိုတော့ လုပ်ဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ WordPress Site တစ်ခုအတွက် ပြောပြပေးသွားပါ့မယ်။


၁။ သင့်ရဲ့ meta tags တွေ အားလုံးကို fix လုပ်ပါ။ Yoast SEO ကို Install ပါ။ ပြီးတော့ သင့်ရဲ့ blog post အားလုံးကို green light ရှိနေအောင်လုပ်ပါ။ သင့်ရဲ့ keyword ထဲမှာ title and description. ကိုများများထည့်ပါ။ သင်ဘာထည့်ရမလဲ မသိလို့ keyword တွေကို ရှာချင်တယ်ဆိုရင် Google Adword မှာ ပြထားတဲ့ စကားလုံးတွေကို ကြည့်ခြင်းဖြင့် အလွန်တန်ဖိုးရှိပြီး converting မြင့်တဲ့ စကားလုံးတွေကို သင်တွေ့နိုင်ပါတယ်။


၂။ သင့် Site ရဲ့ CTR တိုးတက်ဖို့ဆိုရင် အောက်မှာပြထားတဲ့ စကားလုံးမျိုးတွေကို သင့် Post ရဲ့ title နဲ့ description မှာ ထည့်ပါ။ Today, Right Now, Fast, Step-by-Step, Simple, Guide. နံပါတ်တွေလည်း ထည့်ပါ။ CTR အမြင့်ဆုံးရှိခြင်းက သင့် page ကို result ရဲ့ ထိပ်ဆုံးကို ရောက်အောင်ပို့ပေးပါလိမ့်မယ်။


၃။ Authority Sites တွေကို link ညွှန်းပါ။ များစွာသော လေ့လာတွေ့ရှိ ချက်တွေအရ Wikipedia or Harvard ကဲ့သို့သော high domain ရှိတဲ့ authority site တွေဟာ သင့်ရဲ့ google ranking ကို တိုးတက် စေပါတယ်။ သင့် post တိုင်းမှာ အနည်းဆုံး Link ၃ ၄ ခု လောက်တော့ ထည့်သင့်ပါတယ်။

မိမိလုပ်ငန်းကို Year-End Review လုပ်ဖို့အတွက် လိုအပ်တဲ့အချက် (၇)ချက်
၎။ Site Speed ကလည်း အရေးကြီးပါတယ်။ Site Speed မြန်လာဖို့ အတွက်

- WP Super Cache ကို install ပါ (အသုံးပြုရလွယ်၊ ထိန်းချုပ်မှုနည်း)။ W3 Total Cache ကို install ပါ။ (ပိုပြီးထိန်းချုပ်နိုင်၊ အသုံးပြုရန်ခက်)
- ပုံတွေရဲ့ size ကို လျှော့ချဖို့အတွက် Ewww Image Optimizer or Shortpixels ကို Install ပါ။ သင်ဟာ အခြားအရာကို အသုံးပြုတယ်ဆိုရင်တော့ သင့် HTML, JS and CSS ဖိုင်တွေကို Gzip နဲ့ ချုံ့ပါ။ Image တွေကိုတော့ မလုပ်ပါနဲ့။
- Amazon Cloudfront လို content distribution network (CDN) ကိုသုံးပါ။ (CDN ဆိုတာ သင့် site ရဲ့ copy file တွေ ရှိတဲ့ တစ်ကမ္ဘာလုံးပေါ်က server တွေရဲ့ network ကြီးတစ်ခုဖြစ်ပါတယ်။ CDN ကို အသုံးပြုခြင်းအားဖြင့် သင့် site ရဲ့ load တွေကို အခြား server တွေကို ဖြန့်ဝေပေးနိုင်ပါတယ်။ ဒီလို ဖြန့်ဝေပေးတဲ့အတွက် သင့် site ရဲ့ loading speed ဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။
- သင့်ရဲ့ ဓာတ်ပုံတွေကို web အတွက် အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ photoshop ကို အသုံးပြုပါ။ SSL certificate တစ်ခုဝယ်ယူပါ။ (https)၎င်းဟာသင့်ကို ပိုပြီး သင့်လျော်မှန်ကန်စေသလို search results မှာလည်း boot လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ SEO artical တစ်ခု ဘယ်လိုဖန်တီးမလဲဆိုတာ လေ့လာပါ။


၅။ သင်ဟာ social signals တွေအများကြီးကို လိုအပ်ပါတယ်။ Google ဟာ social traffic ဘယ်လောက်ရှိလဲဆိုတာနဲ့ သင့် article တွေကို ဘယ်လောက် share လဲ ဆိုတာကို ဂရုစိုက်ပါတယ်။ ဒီအရာတွေကို boot လုပ်ဖို့ အချက်တချို့ဖော်ပြပေးလိုက်ပါတယ်။

Facebook Group တွေ အများကြီးထဲ join ထားပါ။ သင်ဖန်တီးထားတဲ့ Post အသစ်တွေကို gp တွေထဲတင်ပါ။ ၂-၃ လကြာတိုင်းမှာလည်း repost ပြန်လုပ်ပါ။ ဒါဟာ သင့်ရဲ့ traffic ကို like လုပ်ပါ။ comment ပေးပါ။ Share ပေးပါလို့ ပြောနေစရာမလိုဘဲ ရူးချင်စရာကောင်းလောက်အောင် တိုးတက်စေပါတယ်။

သင့်ရဲ့ story တွေကို တခြား blogger တွေ၊ writer တွေကို cover လုပ်စေချင်ရင် သူတို့မြင်ဖို့ တိုးချဲ့ဖို့ လိုပါတယ်။ အကျိုးရှိဆုံးတိုးချဲ့နည်း ကတော့ Facebook, Messanger or Twitter နဲ့ email spam folder တွေကို သုံးပါတယ်။

A/B testing campaing တွေကို ကျွမ်းကျွမ်း ကျင်ကျင်သုံးမယ်ဆိုရင်လည်းကောင်းတဲ့ အကျိုးရလဒ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။ သင့် industry ထဲမှာ mover တွေနဲ့ shaker တွေကိုရှာဖို့ အတွက်လည်း AuthoritySpy ကိုလည်း အသုံးပြုနိုင်ပါတယ်။

Brand တစ်ခု တည်ဆောက်ပါ။ Brand တစ်ခု တည်ဆောက်ခြင်းက သင့်ကို အချိန်တိုင်း Traffic ပိုရဖို့ ကူညီပါ လိမ့်မယ်။


၆။ Results တွေကို ထိန်းချုပ်ဖို့အတွက် Great Content က အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် ရှည်တဲ့စာတွေဟာ တိုတဲ့စာတွေထက် SEO ဟာ လျော့နည်းပါတယ်။ အကောင်းဆုံး blogpost တစ်ခုဟာ စာလုံးရေ ၁၉၀၀ ကျော်ထိပဲ ရှိသင့်ပါတယ်။

စကားလုံးရေ ၃၀၀ ရှိတဲ့ blogpost တွေဟာ အောက်ပါ အချက်တွေကြောင့် မပါပါဘူး။ ဘာကြောင့် လဲဆိုတော့ လူတွေဟာ သင့် site ကို Click မယ်။ ပြီးရင် စာကို ၃၀ 30 sec လောက်ပဲဖတ်ပြီး သင့်ကို အဲ့ click တွေကနေ client ပြောင်းဖို့တောင် အခွင့်အရေးမပေးဘဲ ပြန်ထွက်သွားကြမယ်။

ပိုပြီး အရေးကြီးတာက content ရှည်တွေဟာ သင့် site မှာ ရှိတဲ့ လူရဲ့ dwell time လို့ခေါ်တဲ့ time on site ကို တိုးစေပါတယ်။ blog post တစ်ခုရေးဖို့ ပုံမှန် နည်းဗျူဟာကတော့ တန်ဖိုးရှိတဲ့ အရာတစ်ခုကိုထည့်ပြီး ဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ သင့် content ကို ရှည်စေပါတယ်။

သင်ဟာ သင်ရွေးချယ်ထားတဲ့ အကောင်းဆုံး article ရဲ့ ခေါင်းစဉ်ကို အမြဲတမ်းရေးဖို့ ဦးတည်ရပါမယ်။ အကောင်းဆုံးနည်းလမ်းကတော့ သိပ်သည်းကျစ်လျစ်တဲ့ keyword တစ်ခုကို ရှာဖွေရမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ WordPress Site တစ်ခုမှာ SEO အခြေခံတွေ အတွက် ဘာတွေလုပ်သင့်တယ်။ ဘယ်လိုတွေ ပြင်ဆင်သင့်တယ် ဆိုတာကို သိလောက်ပြီလို့ ထင်ပါတယ်။ Google ရဲ့ SEO ကို ကိုယ့်လက်ထဲမှာသွန်လိုသွန်မှောက်လိုမှောက်နိင်ကြပါစေ။

Source : MobileGuide Journal
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)